ပြီးခဲ့တဲ့အပတ်က အာဆင်နယ်နဲ့ ကစားခဲ့တဲ့ ဝက်စ်ဟမ်းအသင်းမှ နည်းပြ ဒေးဗစ် မိုယက်စ်နဲ့ ကစားသမား အချို့ ကိုဗစ် ကူးစက် ခံနေရသော်လည်း အာဆင်နယ်ရဲ့ ဒီတစ်ပတ် ဆေးစစ်မှှုမှာတော့ အသင်းသားတွေ ရောဂါကင်းရှင်းကြကြောင်း သတင်းကောင်း ကြားရပါတယ်။
ဒီရာသီမှာ ဝီလီယံ ဆလီဘာကို ပွဲထွက်ခွင့်မပေးတာနဲ့ပတ်သက်လို့ ပရိသတ်တွေက မေးခွန်းထုတ်ခဲ့ကြတာကြောင့် ဒဏ်ရာရလို့ မနှစ်က ရာသီမှာ ၃လ နားခဲ့ရတဲ့ ဆယ်ကျော်သက်ကစားသမားဟာ ကလပ်မှာ အသားကျအောင် ကြိုးစားနေရဆဲဖြစ်လို့ ချန်ထားခဲ့ရတာပါလို့ အာတီတာက ဖြေရှင်းခဲ့ပါတယ်။
အာတီတာဟာ သူအလိုရှိတဲ့ ကစားသမားတွေ ဝယ်ယူနိုင်ဖို့အတွက် နောက် ၂ပတ်အတွင်း မူစတာဖီကို ရောင်းချဖို့ရှိနေပါတယ်။ ဆလီဘာနဲ့ မက်ဂါးလက်စ် ရောက်လာတဲ့နောက် နေရာမရတော့တဲ့ အတွေ့အကြုံရင့် ဗဟိုနောက်ခံလူကို လာဇီယို ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။
ဝီလီယံ ဆလီဘာဟာ ဇူလိုင်ကတည်းက လန်ဒန်ကော်နေမှာ လေ့ကျင့်ရေးဆင်းနေခဲ့တာဖြစ်ပေမယ့် အာဆင်နယ်နဲ့ ပရီးမီးယားလိဂ် အဖွင့် ၂ပွဲလုံးမှာ ချန်လှပ်ထားခံခဲ့ရတဲ့နောက် ယနေ့ည လက်စတာနဲ့ ကာရာဘောင်းပွဲမှာ ပွဲဦးထွက် ကစားနိုင်ခြေရှိတယ်လို့အာတီတာက ပြောဆိုခဲ့ပါတယ်။
အာဆင်နယ်ဟာ လက်စတာနဲ့ပွဲအတွက် ကစားသမား ၈ ယောက်လောက် မပါဝင်နိုင် ဖြစ်နေတာကြောင့် အဓိက ကစားသမားတွေကို အနားမပေးဘဲ ဆက်အသုံးပြုရဖို့ ရှိနေပါတယ်။ ဒဏ်ရာရနေတဲ့သူတွေကတော့ စမစ်ရိုဝီ၊ ဆိုကရေးတစ်၊ တီရာနေး၊ ဆောရက်စ်၊ ပက်ဘလိုမာရီ၊ မာတီနယ်လီ၊ ကလန်ချန်ဘားစ်နဲ့ မူစတာဖီတို့ ဖြစ်ပါတယ်။
သီယာဂို အယ်ကန်တာရာ လီဗာပူးထံ မရောက်ခင် သူ့ကို အာဆင်နယ်၊ ယူနိုက်တက်နဲ့ ချယ်ဆီးတို့က စိတ်ဝင်စားခဲ့ကြတာဖြစ်ပြီး ဂန်းနားတွေဟာ ကွင်းလယ်လူ အတွက် ဘိုင်ယန်ထံ စုံစမ်းမှုတောင် လုပ်ခဲ့ပေမယ့် သီယာဂိုက လီဗာပူးကို ရွေးခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ရက်ဘူးဆဲဘက် တိုက်စစ်မှူး ပတ်ဆန် ဒါကာကို သဘောကျနေပေမယ့် အသက်၂၁နှစ်အရွယ်ကစားသမားကတော့ဒီနွေမှာ အသင်းပြောင်းဖို့ စိတ်မဝင်စားနေပါဘူး။ လီဗာပူးနဲ့ ၂ဂိုးစီသရေကျခဲ့တဲ့ ရာသီကြိုပွဲမှာ အစောပိုင်း၂ဂိုးသွင်းယူခဲ့တဲ့ ဇမ်ဘီးယန်း တိုက်စစ်မှူးက မျက်စိကျစရာဖြစ်စေခဲ့တာပါ။
အာဆင်နယ်ရဲ့ အသက် ၁၉နှစ်အရွယ် ကစားသမား မက်ဂင်းနက်စ်ဟာ လိဂ်ဝမ်းကလပ် အစ်ဝစ်ခ်ျ တောင်း ကလပ်ကို အငှား ပြောင်းရွှေ့ သွားခဲ့ပါတယ်။ ဒီရာသီ အာဆင်နယ် ယူ၂၁ အသင်းမှာ တောက်ပခဲ့တဲ့ လူငယ်ကြယ်ပွင့်ဟာ အန်ကတ်တီရာနဲ့ ဘူကာယိုဆာကာတို့လို မကြာခင် အသင်းကြီးကို ရောက်ရှိဖို့ မျှော်လင့်နေတာပါ။
ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင် သွေးပူလေ့ကျင့်ခန်းမှာ ရခဲ့တဲ့ တီရာနေးရဲ့ ပေါင်ခြံဒဏ်ရာက မပြင်းထန်ဘူးလို့ အာတီတာက အတည်ပြုခဲ့ပါတယ်။ တီရာနေးဟာ ဒီတစ်ပတ် နှောင်းပိုင်းမှာ အသင်းဖော်တွေနဲ့အတူ ထရိန်နင် အပြည့် ပြန်ဆင်းနိုင်ဖို့ မျှော်လင့်ရတာလဲ ဖြစ်ပါတယ်။
ZAWGYI
ျပီးခဲ့တဲ့အပတ္က အာဆင္နယ္နဲ႕ ကစားခဲ့တဲ့ ၀က္စ္ဟမ္းအသင္းမွ နည္းျပ ေဒးဗစ္ မိုယက္စ္နဲ႕ ကစားသမား အခ်ိဳ႕ ကိုဗစ္ ကူးစက္ ခံေနရေသာ္လည္း အာဆင္နယ္ရဲ႕ ဒီတစ္ပတ္ ေဆးစစ္မွႈမွာေတာ့ အသင္းသားေတြ ေရာဂါကင္းရွင္းၾကေၾကာင္း သတင္းေကာင္း ၾကားရပါတယ္။
ဒီရာသီမွာ ဝီလီယံ ဆလီဘာကို ပြဲထြက္ခြင့္မေပးတာနဲ႔ပတ္သက္လို႔ ပရိသတ္ေတြက ေမးခြန္းထုတ္ခဲ့ၾကတာေၾကာင့္ ဒဏ္ရာရလို႔ မႏွစ္က ရာသီမွာ ၃လ နားခဲ့ရတဲ့ ဆယ္ေက်ာ္သက္ကစားသမားဟာ ကလပ္မွာ အသားက်ေအာင္ ၾကိဳးစားေနရဆဲျဖစ္လို႔ ခ်န္ထားခဲ့ရတာပါလို႔ အာတီတာက ေျဖရွင္းခဲ့ပါတယ္။
အာတီတာဟာ သူအလိုရွိတဲ့ ကစားသမားေတြ ဝယ္ယူႏိုင္ဖို႔အတြက္ ေနာက္ ၂ပတ္အတြင္း မူစတာဖီကို ေရာင္းခ်ဖို႔ရွိေနပါတယ္။ ဆလီဘာနဲ႔ မက္ဂါးလက္စ္ ေရာက္လာတဲ့ေနာက္ ေနရာမရေတာ့တဲ့ အေတြ႕အႀကဳံရင့္ ဗဟိုေနာက္ခံလူကို လာဇီယို ေခၚယူဖို႔ စိတ္ဝင္စားေနတာပါ။
ဝီလီယံ ဆလီဘာဟာ ဇူလိုင္ကတည္းက လန္ဒန္ေကာ္ေနမွာ ေလ့က်င့္ေရးဆင္းေနခဲ့တာျဖစ္ေပမယ့္ အာဆင္နယ္နဲ႔ ပရီးမီးယားလိဂ္ အဖြင့္ ၂ပြဲလုံးမွာ ခ်န္လွပ္ထားခံခဲ့ရတဲ့ေနာက္ ယေန႔ည လက္စတာနဲ႔ ကာရာေဘာင္းပြဲမွာ ပြဲဦးထြက္ ကစားႏိုင္ေျခရွိတယ္လို႔အာတီတာက ေျပာဆိုခဲ့ပါတယ္။
အာဆင္နယ္ဟာ လက္စတာနဲ႔ပြဲအတြက္ ကစားသမား ၈ ေယာက္ေလာက္ မပါဝင္ႏိုင္ ျဖစ္ေနတာေၾကာင့္ အဓိက ကစားသမားေတြကို အနားမေပးဘဲ ဆက္အသုံးျပဳရဖို႔ ရွိေနပါတယ္။ ဒဏ္ရာရေနတဲ့သူေတြကေတာ့ စမစ္႐ိုဝီ၊ ဆိုကေရးတစ္၊ တီရာေနး၊ ေဆာရက္စ္၊ ပက္ဘလိုမာရီ၊ မာတီနယ္လီ၊ ကလန္ခ်န္ဘားစ္နဲ႔ မူစတာဖီတို႔ ျဖစ္ပါတယ္။
သီယာဂို အယ္ကန္တာရာ လီဗာပူးထံ မေရာက္ခင္ သူ႔ကို အာဆင္နယ္၊ ယူႏိုက္တက္နဲ႔ ခ်ယ္ဆီးတို႔က စိတ္ဝင္စားခဲ့ၾကတာျဖစ္ၿပီး ဂန္းနားေတြဟာ ကြင္းလယ္လူ အတြက္ ဘိုင္ယန္ထံ စုံစမ္းမႈေတာင္ လုပ္ခဲ့ေပမယ့္ သီယာဂိုက လီဗာပူးကို ေ႐ြးခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ရက္ဘူးဆဲဘက္ တိုက္စစ္မႉး ပတ္ဆန္ ဒါကာကို သေဘာက်ေနေပမယ့္ အသက္၂၁ႏွစ္အ႐ြယ္ကစားသမားကေတာ့ဒီေႏြမွာ အသင္းေျပာင္းဖို႔ စိတ္မဝင္စားေနပါဘူး။ လီဗာပူးနဲ႔ ၂ဂိုးစီသေရက်ခဲ့တဲ့ ရာသီႀကိဳပြဲမွာ အေစာပိုင္း၂ဂိုးသြင္းယူခဲ့တဲ့ ဇမ္ဘီးယန္း တိုက္စစ္မႉးက မ်က္စိက်စရာျဖစ္ေစခဲ့တာပါ။
အာဆင္နယ္ရဲ႕ အသက္ ၁၉ႏွစ္အ႐ြယ္ ကစားသမား မက္ဂင္းနက္စ္ဟာ လိဂ္ဝမ္းကလပ္ အစ္ဝစ္ခ္် ေတာင္း ကလပ္ကို အငွား ေျပာင္းေ႐ႊ႕ သြားခဲ့ပါတယ္။ ဒီရာသီ အာဆင္နယ္ ယူ၂၁ အသင္းမွာ ေတာက္ပခဲ့တဲ့ လူငယ္ၾကယ္ပြင့္ဟာ အန္ကတ္တီရာနဲ႔ ဘူကာယိုဆာကာတို႔လို မၾကာခင္ အသင္းႀကီးကို ေရာက္ရွိဖို႔ ေမွ်ာ္လင့္ေနတာပါ။
ဝက္စ္ဟမ္းနဲ႔ ပြဲမတိုင္ခင္ ေသြးပူေလ့က်င့္ခန္းမွာ ရခဲ့တဲ့ တီရာေနးရဲ႕ ေပါင္ၿခံဒဏ္ရာက မျပင္းထန္ဘူးလို႔ အာတီတာက အတည္ျပဳခဲ့ပါတယ္။ တီရာေနးဟာ ဒီတစ္ပတ္ ေႏွာင္းပိုင္းမွာ အသင္းေဖာ္ေတြနဲ႔အတူ ထရိန္နင္ အျပည့္ ျပန္ဆင္းႏိုင္ဖို႔ ေမွ်ာ္လင့္ရတာလဲ ျဖစ္ပါတယ္။