မန်စီးတီး အသင်းခေါင်းဆောင် ဝေါ်ကာက အသင်းကနေ ထွက်ခွာလိုတဲ့ သူ့ဆန္ဒကို ထုတ်ဖော် လာခဲ့ပြီး အင်္ဂလန်သား ခံစစ်မှုးကို ခေါ်ယူဖို့ အေစီမီလန်က ရေပန်းစားနေပါတယ်။ ဝေါ်ကာရဲ့ စီးတီးနဲ့ လက်ရှိ စာချုပ်က ၁၈ လ ကျန်ရှိပါတယ်။
ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို မိုနာကို အသင်းက စိတ်ဝင်စားနေပြီး လစာမြင့်လွန်းတဲ့ အင်္ဂလန်သားအား မျှတတဲ့ လုပ်ခမျိုးနဲ့ ကမ်းလှမ်းမှု တစ်ခု လုပ်ဖို့ ပြင်ဆင်နေပါတယ်။
ရက်ဖို့ဒ်ကို ဒေါ့မွန်၊ အေစီမီလန်နဲ့ ဘာစီလိုနာ တို့ကလည်း စိတ်ဝင်စားနေပါတယ်။
ချယ်ဆီး ကွင်းလယ် ကစားသမား ချူဝူမီကာ ကို ဒေါ့မွန်က မျက်စိကျနေပြီး အသက် ၂၁ နှစ် အရွယ် ကစားသမားကို အငှားနဲ့ ခေါ်ယူနိုင်မလား စုံးစမ်းနေပါတယ်။
ညက မိုကမ်ဘီနဲ့ ပွဲမှာ ချူဝူမီကာ မပါလာတာကြောင့် အပြောင်းအရွှေ့ အတွက် လှုပ်ရှားနေသလား ယူဆနေကြပါတယ်။
ပီအက်စ်ဂျီနဲ့ လီဗာပူးအသင်းတို့ ချိတ်ဆက်ခြင်း ခံနေရတဲ့ တောင်ပံတိုက်စစ်သမား Kvaratskhelia က နာပိုလီကနေ ထွက်ခွာချင်နေကြောင်း နည်းပြ ကွန်တီက အတည်ပြုလာပါတယ်။ ဒါ့အပြင် ကွန်တီကလည်း Kvaratskhelia နေရာ အစားထိုးဖို့ ယူနိုက်တက်မှ ရက်ဖို့ဒ်ကို အလိုရှိနေပါတယ်။
ဂျူဗင်တပ် အသင်းက စိတ်ဝင်စားမှု ခံနေရပေမယ့် ယူနိုက်တက် တိုက်စစ်မှုး ဇက်ဇီးကတော့ မန်ချက်စတာမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်။