ရက်ဖို့ဒ်ကို ခေါ်ယူလိုတဲ့ ဥရောပ ကလပ်အသင်း ၄ သင်း ထိ အပြိုင် ရှိနေ

မန်ချက်စတာ ယူနိုက်တက်ဟာ တစ်ပတ်ကို ၃ သိန်းခွဲ လုပ်ခပေးချေနေရတဲ့ ရက်ဖိုဒ့်ကို ယူနိုက်တက်တို့ ရှင်းထုတ်လိုနေပြီး အင်္ဂလန်တိုက်စစ်သမားကို ဥရောပ ကလပ် ၄ သင်းကလည်း ခေါ်ယူလိုနေတယ် လို့ သိရပါတယ်။

ရက်ဖို့ဒ်ကို ယူနိုက်တက် အသင်းဖော်ဟောင်း အီဘရာဟီမိုဗစ် အကြံပေးအဖြစ် အလုပ်လုပ်နေတဲ့ အေစီမီလန် အပြင် ဘာစီလိုနာကလည်း ရက်ဖိုဒ့်ကို စိတ်ဝင်စားနေပါတယ်။

လတ်တလောမှာ ဂျာမနီကလပ် ဒေါ့မွန်အသင်းကတော့ ရက်ဖိုဒ့်ကို ခေါ်ယူလိုရိပ် သိသိသာသာ ပြသထားတဲ့ အသင်းပဲဖြစ်ပါတယ်။

ဒေါ့မွန်ဟာ အင်္ဂလန်သား ကစားသမားတွေကို ခေါ်ယူလေ့ရှိတဲ့ အသင်းဖြစ်ပြီး လက်ရှိမှာလည်း အင်္ဂလန်သားအချို့ ကစားနေတဲ့အသင်းလည်း ဖြစ်ပါတယ်။

အားထားရတဲ့ တောင်ပံတိုက်စစ်သမား တစ်ဦး လက်လွှတ်ဖို့ ရှိတာကြောင့် နာပိုလီ အသင်း နည်းပြ ကွန်တီကလည်း ရက်ရှ်ဖို့ဒ်ကို ခေါ်ယူလိုနေပါတယ်။

ဒီည အာဆင်နယ်နဲ့ ကန်မယ့် အက်ဖ်အေဖလား ပွဲစဉ်အတွက် ရထားနဲ့ ခရီးထွက်ခွာသွားပြီ ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက် လူစာရင်းမှာ တိုက်စစ်မှုး ရက်ရှ်ဖို့ဒ် မပါဝင်သွားဘူး လို့ သိရပါတယ်။

နည်းပြ ရူဘန် အမ်မိုရင်း ရဲ့ အသင်းဟာ ဒီည အမ်းမရိတ်မှာ အာဆင်နယ် အသင်းနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပါတယ်။ အဖျားကနေ ပြန်သက်သာလာပြီ ဖြစ်တဲ့ ရက်ရှ်ဖို့ဒ် ဟာ ပွဲကစားမယ့် လူစာရင်းထဲ ရွေးချယ်နိုင်ပြီ လို့ နည်းပြ အမ်မိုရင်းက ပွဲကြိုမှာ ပြောကြားထားခဲ့ပါသေးတယ်။