ဂျော်ဂျင်ဟို အတွက် ကစားသမား အလိုက်ပေး ကမ်းလှမ်းဖို့ ဂျူဗင်တပ် ပြင်ဆင်

နည်းပြ ဆာရီ ကိုင်တွယ်နေတဲ့ ဂျူဗင်တပ်အသင်းဟာ ချယ်ဆီး ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုကို အရ ခေါ်ယူချင်နေတာကြောင့် အသင်း ကွင်းလယ် ကစားသမား ပီဂျာနစ်ကိုပါ ပြောင်းရွှေ့ကြေးထဲ ထည့်သွင်း ကမ်းလှမ်းရန် ကြံရွယ်နေပါတယ်။ ဂျူဗင်တပ်က ပီဂျာနစ်ကိုလည်း အသင်းကနေ ရောင်းထုတ်ချင်နေတာ ဖြစ်ပါတယ်။

ကိုရိုနာ ဗိုင်းရပ်စ် ရိုက်ခတ်မှုကြောင့် အီတလီ အင်အားကြီးကလပ် ဂျူဗင်တပ်လည်း ဘဏ္ဍာရေး အခက်အခဲများ ရှိနေပြီး ငွေသားချည်း သုံးတာထက် ကစားသမား ထည့်သွင်း ကမ်းလှမ်းမှု၊ အလဲအထပ်တွေနဲ့သာ နွေမှာ လှုပ်ရှားဖို့ စီစဉ်နေပါတယ်။

ဂျူဗင်တပ် ပွဲထွက် လူစာရင်းမှာ ပါဝင်ခွင့် ရသူ ဖြစ်ပေမယ့် ပီဂျာနစ်ကို အသက် အရွယ် အရရော ကစားသမား ကိုယ်တိုင်က စိန်ခေါ်မှု အသစ်တွေ ရှာဖွေချင်နေတာကြောင့်ရော ဒီနွေမှာ ရောင်းချရဖွယ် ရှိနေတာပါ။

အသက် ၃၀ အရွယ် ဘော့စနီးယားသားကို ဂျူဗင်တပ်က ချယ်ဆီးနဲ့ ညှိနှိုင်းမှု အဆင်မပြေရင် ပေါ့ဘာအတွက် ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ ညှိနှိုင်းမှုမှာလည်း ထည့်သွင်းသွားမှာလို့ သိရပါတယ်။

ဂျော်ဂျင်ဟိုက ဂျူဗင်တပ် နည်းပြ ဆာရီ စိတ်ကြိုက် ကစားသမား ဖြစ်ပြီး သူကိုယ်တိုင်ပဲ အီတလီသားကို စတန်းဖို့ဘရစ်ချ်မှာ နည်းပြ ဖြစ်လာစဉ်က နာပိုလီအသင်းထံမှနေ ခေါ်ယူလာခဲ့တာ ဖြစ်ပါတယ်။ ဂျော်ဂျင်ဟိုရဲ့ ပွဲဦးထွက်ရာသီက ဆာရီရဲ့ မျက်နှာသာ ပေးမှုနဲ့ ကန်တေ နေရာ ဝင်ယူခဲ့မှုတွေကြောင့် ချယ်ဆီး ပရိသတ်တွေက အမြင် မကြည်လင်ခဲ့ကြပါဘူး။

ဒါပေမယ့် လက်မလျှော့ဘဲ ကြိုးစားခဲ့တဲ့ ရလဒ်ကြောင့် ဂျော်ဂျင်ဟိုက လမ်းပတ်ရဲ့ ချယ်ဆီး အသင်းမှာ နေရာ ရလာပြီး ကွင်းလယ်မှာ ပုံမှန် ပါဝင်ခွင့် ရသူ ဖြစ်လာပါတယ်။ ကစားသမား ကိုယ်တိုင်ကတော့ လန်ဒန်မှာ အခြေကျစ ပြုနေတာကြောင့် အဆောတလျင် အသင်း ပြောင်းဖို့ အစီအစဉ် မရှိသေးကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Zawgyi – နည္းျပ ဆာရီ ကိုင္တြယ္ေနတဲ့ ဂ်ဴဗင္တပ္အသင္းဟာ ခ်ယ္ဆီး ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုကို အရ ေခၚယူခ်င္ေနတာေၾကာင့္ အသင္း ကြင္းလယ္ ကစားသမား ပီဂ်ာနစ္ကိုပါ ေျပာင္းေရႊ႕ေၾကးထဲ ထည့္သြင္း ကမ္းလွမ္းရန္ ၾကံရြယ္ေနပါတယ္။ ဂ်ဴဗင္တပ္က ပီဂ်ာနစ္ကိုလည္း အသင္းကေန ေရာင္းထုတ္ခ်င္ေနတာ ျဖစ္ပါတယ္။

ကိုရိုနာ ဗိုင္းရပ္စ္ ရုိက္ခတ္မႈေၾကာင့္ အီတလီ အင္အားၾကီးကလပ္ ဂ်ဴဗင္တပ္လည္း ဘ႑ာေရး အခက္အခဲမ်ား ရွိေနျပီး ေငြသားခ်ည္း သံုးတာထက္ ကစားသမား ထည့္သြင္း ကမ္းလွမ္းမႈ၊ အလဲအထပ္ေတြနဲ႕သာ ေႏြမွာ လႈပ္ရွားဖို႔ စီစဥ္ေနပါတယ္။

ဂ်ဴဗင္တပ္ ပြဲထြက္ လူစာရင္းမွာ ပါ၀င္ခြင့္ ရသူ ျဖစ္ေပမယ့္ ပီဂ်ာနစ္ကို အသက္ အရြယ္ အရေရာ ကစားသမား ကုိယ္တိုင္က စိန္ေခၚမႈ အသစ္ေတြ ရွာေဖြခ်င္ေနတာေၾကာင့္ေရာ ဒီေႏြမွာ ေရာင္းခ်ရဖြယ္ ရွိေနတာပါ။

အသက္ ၃၀ အရြယ္ ေဘာ့စနီးယားသားကို ဂ်ဴဗင္တပ္က ခ်ယ္ဆီးနဲ႕ ညွိနိႈင္းမႈ အဆင္မေျပရင္ ေပါ့ဘာအတြက္ ယူနိုက္တက္နဲ႕ အေျပာင္းအေရႊ႕ ညွိနိႈင္းမႈမွာလည္း ထည့္သြင္းသြားမွာလို႔ သိရပါတယ္။

ေဂ်ာ္ဂ်င္ဟိုက ဂ်ဴဗင္တပ္ နည္းျပ ဆာရီ စိတ္ၾကိဳက္ ကစားသမား ျဖစ္ျပီး သူကိုယ္တိုင္ပဲ အီတလီသားကို စတန္းဖို႔ဘရစ္ခ်္မွာ နည္းျပ ျဖစ္လာစဥ္က နာပိုလီအသင္းထံမွေန ေခၚယူလာခဲ့တာ ျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပြဲဦးထြက္ရာသီက ဆာရီရဲ႕ မ်က္နွာသာ ေပးမႈနဲ႕ ကန္ေတ ေနရာ ၀င္ယူခဲ့မႈေတြေၾကာင့္ ခ်ယ္ဆီး ပရိသတ္ေတြက အျမင္ မၾကည္လင္ခဲ့ၾကပါဘူး။

ဒါေပမယ့္ လက္မေလွ်ာ့ဘဲ ၾကိဳးစားခဲ့တဲ့ ရလဒ္ေၾကာင့္ ေဂ်ာ္ဂ်င္ဟိုက လမ္းပတ္ရဲ႕ ခ်ယ္ဆီး အသင္းမွာ ေနရာ ရလာျပီး ကြင္းလယ္မွာ ပံုမွန္ ပါ၀င္ခြင့္ ရသူ ျဖစ္လာပါတယ္။ ကစားသမား ကိုယ္တိုင္ကေတာ့ လန္ဒန္မွာ အေျခက်စ ျပဳေနတာေၾကာင့္ အေဆာတလ်င္ အသင္း ေျပာင္းဖို႔ အစီအစဥ္ မရွိေသးေၾကာင္း ျပီးခဲ့တဲ့ သီတင္းပတ္ေတြအတြင္း ထုတ္ေဖာ္ ေျပာဆိုထားပါတယ္။