ဟာဗက် hat-trick သွင်းခြင်းနဲ့ ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (24/09/20)

ချဲလ်ဆီးရဲ့ ခံစစ်ဟာ အဓိက စိုးရိမ်စရာ ဖြစ်နေတာကြောင့် လမ်းပတ်ဟာ သီယာဂို ဆေးဗားနဲ့ ဘင်ချီဝဲတို့အပြင် ဒီကလန်ရိုက်စ်ကိုပါ ခေါ်ယူချင်နေပါတယ်။ ဒါကြောင့် ဝက်စ်ဟမ်း တောင်းဆိုထားတဲ့ ပေါင်၇၃သန်းကို ပေးနိုင်ဖို့အတွက် ကန်တေကို ရောင်းချဖို့ အဆင်သင့်ဖြစ်နေပါတယ်။

ဘာကာယိုကိုဟာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ချိတ်ဆက်နေတာနဲ့အတူ အေစီမီလန်က သူ့ ကို ခေါ်ယူဖို့စိတ်အားထက်သန်တာပါ။ ဒါပေမယ့် အငှားအပါအဝင် အပြီးသတ်ခေါ်ယူနိုင်မယ့် စာချုပ်က ယူရိုသန်း၃၀ ကုန်ကျမှာဖြစ်တာကြောင့် မီလန်က မပေးလိုပဲ ချဲလ်ဆီးရဲ့တောင်းဆိုမှုကို လျှော့ချစေလိုနေပါတယ်။

ရူဒီဂါဟာ ဘန်စလေနဲ့ပွဲမှာထပ်မံချန်လှပ်ထားခံခဲ့ရတာနဲ့အတူ ချဲလ်ဆီးကနေ ထွက်ခွာတော့မယ့် သတင်းတွေက ပိုမိုခိုင်မာလာခဲ့ပေမယ့် နည်းပြ လမ်းပတ်ကတော့ အသင်းမှာ ဗဟိုနောက်ခံလူ များပြားလွန်းတာကိုသာ ဆင်ခြေပေးခဲ့ပြီး အပြောင်းအရွှေ့ကိစ္စတွေကို ငြင်းပယ်ခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ချဲလ်ဆီးတောင်ပံကစားသမား အိုဒွိုင်းကို အလိုင်းယန့်ဇ် အေရီနာထံ ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ လမ်းပတ်ကတော့ စာချုပ်သက်တမ်း ၄နှစ်ကျန်ရှိနေသေးတဲ့ တိုက်စစ်ကစားသမားကို ရောင်းချဖို့ထက် အငှားချဖို့သာ ဆန္ဒရှိနေနိုင်ပါတယ်။

ဘန်စလေကို ၆ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာ ကိုင်ဟားဗတ်ဟာ ဟက်ထရစ်ဂိုး သွင်းယူခဲ့တာနဲ့အတူ ဒါဟာ အနာဂတ်မှာ ရလာမယ့် ဂိုးများစွာရဲ့ အစဖြစ်တယ်လို့ လမ်းပတ်က ယုံကြည်နေပြီး သူ့အနေနဲ့ ဟက်ထရစ်မရခင် ဟားဗတ်ကို လူစားလဲလုနီးပါး ဖြစ်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

ဘင်ချီဝဲကိုခေါ်ယူခဲ့တဲ့ ချဲလ်ဆီးဟာ အီမာဆန်ကို ရောင်းထုတ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဂျူဗင်တပ်က သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေတာနဲ့အတူ ချဲလ်ဆီးကတော့ ယူရို၂၅သန်းရရင် သူ့ကိုထွက်ခွာခွင့်ပေးမှာဖြစ်ကြောင်း အသိပေးခဲ့ပါတယ်။

မနက်ကပွဲမှာ hat-trick သွင်းယူနိုင်ခဲ့တဲ့ ဟာဗက်က သူ့ရဲ့ ချယ်ဆီးကစားသမားဘဝ ပထမဆုံးသွင်းဂိုးတွေအတွက် ပျော်ရွှင်မိပါတယ်လို့ ပွဲအပြီးမှာ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။

ဘင်ချီဝဲက သူဟာ ချဲလ်ဆီးမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာနိုင်တယ်လို့ လမ်းပတ်က ပြောဆိုခဲ့တာကြောင့် ချဲလ်ဆီးကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဝန်ခံခဲ့ပြီး သူနဲ့ ဟာကင်ဇီယက်ခ်ျတို့ဟာ အရာအားလုံး အောင်မြင်ဖို့ ရည်မှန်းထားကြောင်း ပြောဆိုခဲ့ပါတယ်။

ZAWGYI

ခ်ဲလ္ဆီးရဲ႕ ခံစစ္ဟာ အဓိက စိုးရိမ္စရာ ျဖစ္ေနတာေၾကာင့္ လမ္းပတ္ဟာ သီယာဂို ေဆးဗားနဲ႔ ဘင္ခ်ီဝဲတို႔အျပင္ ဒီကလန္႐ိုက္စ္ကိုပါ ေခၚယူခ်င္ေနပါတယ္။ ဒါေၾကာင့္ ဝက္စ္ဟမ္း ေတာင္းဆိုထားတဲ့ ေပါင္၇၃သန္းကို ေပးႏိုင္ဖို႔အတြက္ ကန္ေတကို ေရာင္းခ်ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

ဘာကာယိုကိုဟာ ခ်ဲလ္ဆီးကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ေနတာနဲ႔အတူ ေအစီမီလန္က သူ႔ ကို ေခၚယူဖို႔စိတ္အားထက္သန္တာပါ။ ဒါေပမယ့္ အငွားအပါအဝင္ အၿပီးသတ္ေခၚယူႏိုင္မယ့္ စာခ်ဳပ္က ယူ႐ိုသန္း၃၀ ကုန္က်မွာျဖစ္တာေၾကာင့္ မီလန္က မေပးလိုပဲ ခ်ဲလ္ဆီးရဲ႕ေတာင္းဆိုမႈကို ေလွ်ာ့ခ်ေစလိုေနပါတယ္။

႐ူဒီဂါဟာ ဘန္စေလနဲ႔ပြဲမွာထပ္မံခ်န္လွပ္ထားခံခဲ့ရတာနဲ႔အတူ ခ်ဲလ္ဆီးကေန ထြက္ခြာေတာ့မယ့္ သတင္းေတြက ပိုမိုခိုင္မာလာခဲ့ေပမယ့္ နည္းျပ လမ္းပတ္ကေတာ့ အသင္းမွာ ဗဟိုေနာက္ခံလူ မ်ားျပားလြန္းတာကိုသာ ဆင္ေျခေပးခဲ့ၿပီး အေျပာင္းအေ႐ႊ႕ကိစၥေတြကို ျငင္းပယ္ခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္အသင္းဟာ ခ်ဲလ္ဆီးေတာင္ပံကစားသမား အိုဒြိဳင္းကို အလိုင္းယန႔္ဇ္ ေအရီနာထံ ေခၚယူႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။ လမ္းပတ္ကေတာ့ စာခ်ဳပ္သက္တမ္း ၄ႏွစ္က်န္ရွိေနေသးတဲ့ တိုက္စစ္ကစားသမားကို ေရာင္းခ်ဖို႔ထက္ အငွားခ်ဖို႔သာ ဆႏၵရွိေနႏိုင္ပါတယ္။

ဘန္စေလကို ၆ဂိုးျပတ္ႏိုင္ခဲ့တဲ့ပြဲမွာ ကိုင္ဟားဗတ္ဟာ ဟက္ထရစ္ဂိုး သြင္းယူခဲ့တာနဲ႔အတူ ဒါဟာ အနာဂတ္မွာ ရလာမယ့္ ဂိုးမ်ားစြာရဲ႕ အစျဖစ္တယ္လို႔ လမ္းပတ္က ယုံၾကည္ေနၿပီး သူ႔အေနနဲ႔ ဟက္ထရစ္မရခင္ ဟားဗတ္ကို လူစားလဲလုနီးပါး ျဖစ္ခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။

ဘင္ခ်ီဝဲကိုေခၚယူခဲ့တဲ့ ခ်ဲလ္ဆီးဟာ အီမာဆန္ကို ေရာင္းထုတ္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။ ဂ်ဴဗင္တပ္က သူ႔ကို ေခၚယူဖို႔စိတ္ဝင္စားေနတာနဲ႔အတူ ခ်ဲလ္ဆီးကေတာ့ ယူ႐ို၂၅သန္းရရင္ သူ႔ကိုထြက္ခြာခြင့္ေပးမွာျဖစ္ေၾကာင္း အသိေပးခဲ့ပါတယ္။

မနက္ကပြဲမွာ hat-trick သြင္းယူႏုိင္ခဲ့တဲ့ ဟာဗက္က သူ႔ရဲ႕ ခ်ယ္ဆီးကစားသမားဘဝ ပထမဆံုးသြင္းဂိုးေတြအတြက္ ေပ်ာ္ရႊင္မိပါတယ္လို႔ ပြဲအျပီးမွာ ထုတ္ေဖာ္ ေျပာဆိုခဲ့ပါတယ္။

ဘင္ခ်ီဝဲက သူဟာ ခ်ဲလ္ဆီးမွာ ကမာၻ႔အေကာင္းဆုံး ကစားသမား ျဖစ္လာႏိုင္တယ္လို႔ လမ္းပတ္က ေျပာဆိုခဲ့တာေၾကာင့္ ခ်ဲလ္ဆီးကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ေၾကာင္း ဝန္ခံခဲ့ၿပီး သူနဲ႔ ဟာကင္ဇီယက္ခ္်တို႔ဟာ အရာအားလုံး ေအာင္ျမင္ဖို႔ ရည္မွန္းထားေၾကာင္း ေျပာဆိုခဲ့ပါတယ္။