ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/09/20)

ယူနိုက်တက်အနေနဲ့ အသင်းကြီး ကစားသမားတချို့ကို ရောင်းချရေးမှာ ရုန်းကန်နေရပါတယ်။ တခြားကလပ်တွေက သူတို့ရဲ့ ခေါ်ဈေးကို ပေးဖို့အထိ စိတ်မဝင်စားတာနဲ့အတူ ရိုဂျို၊ ဖီးဂျုံးစ်၊ ပါရဲရားနဲ့ လင်ဂတ်တို့ကို ရောင်းချဖို့က ထင်တာထက် ပိုခက်ခဲနေတာပါ။

ဘရိုက်တန်ဟာ ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာ မန်ချက်စတာယူနိုက်တက်ရဲ့ ပြိုင်ဘက် ဖြစ်လာတော့မှာပါ။ ပွဲကစားမယ့် အချိန်ဇယားကို တိတိကျကျ မသတ်မှတ်ရသေးပေမယ့် လာမယ့် နောက်အပတ် ဘရိုက်တန်ရဲ့ အေမက်စ်ကွင်းမှာ ကစားရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပေါ်တိုနောက်ခံလူ အဲလက်စ်တဲလက်စ်ကို အလိုရှိနေကာ ခေါ်ယူဖို့ အခြေအနေ ကောင်းနေပေမယ့် စာချုပ်တစ်နှစ်ပဲကျန်တဲ့ ဘယ်အစွန်လူအတွက် ပေါ်တိုဘက်က ယူနိုက်တက် အလိုရှိတဲ့အတိုင်း ဈေးလျှော့ပေးမလားက မသေချာသေးတဲ့ အနေအထားဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီနွေမှာ ဗန်ဒီဘိခ်တစ်ယောက်သာ ခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ထပ် ကစားသမားသစ်တွေ ခေါ်ယူဖို့ရှာဖွေနေဆဲဖြစ်ကြောင်း ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ကြိုးစားခဲ့ပေမယ့် ပြောင်းရွှေ့ကြေးအရ သဘောတူညီမှု မရခဲ့တာပါ။

လီဗာပူးဘက်က ချီးကျူးမှုတွေ ရနေပေမယ့် ရပ်ဖိုဒ့်က ကလေးသူငယ်တွေ အစားအသောက်ရဖို့ ကြိုးစားမှုက အားလုံးအတွက်ပါလို့ ထုတ်ပြောခဲ့ပါတယ်။

ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ပဲလေ့စ်ကို ၃-၁နဲ့ ရှုံးခဲ့တဲ့နောက် ယူနိုက်တက်အနေနဲ့ ဒီနွေအပြောင်းအရွှေ့ဈေးကွက်မှာ ဗဟိုခံစစ်ကို ဦးစားပေးပစ်မှတ်အဖြစ် ခေါ်ယူသင့်တယ်လို့ ဘာဘာတော့ဗ်က ထင်နေပြီး ရီယိုဖာဒီနန်နဲ့ ဗီဒစ်တို့လို ကစားသမားတစ်ယောက် လိုအပ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒန်နီရယ်ဂျိမ်းစ်ဟာ ယူနိုက်တက်မှာ ကစားချိန်ရဖို့ ရုန်းကန်ခဲ့ရတာနဲ့အတူ လိဒ်ယူနိုက်တက်ရဲ့ စိတ်ဝင်စားမှုကိုရရှိခဲ့ပြီး ကလပ်ဂျာစီကိုင်ထားတဲ့ ပုံတောင် ရိုက်ခဲ့ပေမယ့် ဒီနွေမှာ အိုးလ်ထရက်ဖို့ဒ်ကနေ အပြီးသတ် ဒါမှမဟုတ် အငှားနဲ့ထွက်ခွာဖို့ မရှိပဲ ဆက်နေသွားမှာဖြစ်ပါတယ်။

ဒင်းဟန်ဒါဆန် ရောက်ရှိလာတဲ့နောက် ဆာဂျီယို ရိုမဲရိုးဟာ ယူနိုက်တက် ဂိုးပေါက်မှာ နေရာရဖို့ ပိုမိုရုန်းကန်ရတော့မှာပါ။ ဟန်ဒါဆန်က လိဂ်ဖလားမှာကစားခွင့်ရပြီး ဒီဂီယာက ပရီးမီးယားလိဂ်မှာ ကစားရတာနဲ့အတူ နေရာရဖို့မရှိတဲ့ ရိုမဲရိုးက အသင်းကနေ ထွက်ခွာချင်နေပြီး ဗလင်စီယာကလဲ သူ့ကိုစိတ်ဝင်စားနေပါတယ်။

ZAWGYI

ယူႏိုက္တက္အေနနဲ႔ အသင္းႀကီး ကစားသမားတခ်ိဳ႕ကို ေရာင္းခ်ေရးမွာ ႐ုန္းကန္ေနရပါတယ္။ တျခားကလပ္ေတြက သူတို႔ရဲ႕ ေခၚေဈးကို ေပးဖို႔အထိ စိတ္မဝင္စားတာနဲ႔အတူ ႐ိုဂ်ိဳ၊ ဖီးဂ်ဳံးစ္၊ ပါရဲရားနဲ႔ လင္ဂတ္တို႔ကို ေရာင္းခ်ဖို႔က ထင္တာထက္ ပိုခက္ခဲေနတာပါ။

ဘ႐ိုက္တန္ဟာ ကာရာေဘာင္းဖလား စတုတၳအဆင့္မွာ မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ၿပိဳင္ဘက္ ျဖစ္လာေတာ့မွာပါ။ ပြဲကစားမယ့္ အခ်ိန္ဇယားကို တိတိက်က် မသတ္မွတ္ရေသးေပမယ့္ လာမယ့္ ေနာက္အပတ္ ဘ႐ိုက္တန္ရဲ႕ ေအမက္စ္ကြင္းမွာ ကစားရမွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ေပၚတိုေနာက္ခံလူ အဲလက္စ္တဲလက္စ္ကို အလိုရွိေနကာ ေခၚယူဖို႔ အေျခအေန ေကာင္းေနေပမယ့္ စာခ်ဳပ္တစ္ႏွစ္ပဲက်န္တဲ့ ဘယ္အစြန္လူအတြက္ ေပၚတိုဘက္က ယူႏုိက္တက္ အလိုရွိတဲ့အတိုင္း ေစ်းေလွ်ာ့ေပးမလားက မေသခ်ာေသးတဲ့ အေနအထားျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဒီေႏြမွာ ဗန္ဒီဘိခ္တစ္ေယာက္သာ ေခၚယူႏိုင္ခဲ့ေပမယ့္ ေနာက္ထပ္ ကစားသမားသစ္ေတြ ေခၚယူဖို႔ရွာေဖြေနဆဲျဖစ္ေၾကာင္း ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။ ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ႀကိဳးစားခဲ့ေပမယ့္ ေျပာင္းေ႐ႊ႕ေၾကးအရ သေဘာတူညီမႈ မရခဲ့တာပါ။

လီဗာပူးဘက္က ခ်ီးက်ဴးမႈေတြ ရေနေပမယ့္ ရပ္ဖိုဒ့္က ကေလးသူငယ္ေတြ အစားအေသာက္ရဖို႔ ၾကိဳးစားမႈက အားလံုးအတြက္ပါလို႔ ထုတ္ေျပာခဲ့ပါတယ္။

ပရီးမီးယားလိဂ္အဖြင့္ပြဲမွာ ပဲေလ့စ္ကို ၃-၁နဲ႔ ရႈံးခဲ့တဲ့ေနာက္ ယူႏိုက္တက္အေနနဲ႔ ဒီေႏြအေျပာင္းအေ႐ႊ႕ေဈးကြက္မွာ ဗဟိုခံစစ္ကို ဦးစားေပးပစ္မွတ္အျဖစ္ ေခၚယူသင့္တယ္လို႔ ဘာဘာေတာ့ဗ္က ထင္ေနၿပီး ရီယိုဖာဒီနန္နဲ႔ ဗီဒစ္တို႔လို ကစားသမားတစ္ေယာက္ လိုအပ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဒန္နီရယ္ဂ်ိမ္းစ္ဟာ ယူႏိုက္တက္မွာ ကစားခ်ိန္ရဖို႔ ႐ုန္းကန္ခဲ့ရတာနဲ႔အတူ လိဒ္ယူႏိုက္တက္ရဲ႕ စိတ္ဝင္စားမႈကိုရရွိခဲ့ၿပီး ကလပ္ဂ်ာစီကိုင္ထားတဲ့ ပုံေတာင္ ႐ိုက္ခဲ့ေပမယ့္ ဒီေႏြမွာ အိုးလ္ထရက္ဖို႔ဒ္ကေန အၿပီးသတ္ ဒါမွမဟုတ္ အငွားနဲ႔ထြက္ခြာဖို႔ မရွိပဲ ဆက္ေနသြားမွာျဖစ္ပါတယ္။

ဒင္းဟန္ဒါဆန္ ေရာက္ရွိလာတဲ့ေနာက္ ဆာဂ်ီယို ႐ိုမဲ႐ိုးဟာ ယူႏိုက္တက္ ဂိုးေပါက္မွာ ေနရာရဖို႔ ပိုမို႐ုန္းကန္ရေတာ့မွာပါ။ ဟန္ဒါဆန္က လိဂ္ဖလားမွာကစားခြင့္ရၿပီး ဒီဂီယာက ပရီးမီးယားလိဂ္မွာ ကစားရတာနဲ႔အတူ ေနရာရဖို႔မရွိတဲ့ ႐ိုမဲ႐ိုးက အသင္းကေန ထြက္ခြာခ်င္ေနၿပီး ဗလင္စီယာကလဲ သူ႔ကိုစိတ္ဝင္စားေနပါတယ္။