ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (24/09/20)

အာဆင်နယ်ဟာ ကာရာဘောင်းဖလား တတိယအဆင့်မှာ ဖျူ့ (OG)နဲ့ အန်ကတ်တီရာရဲ့ သွင်းဂိုးတွေကြောင့် လက်စတာကို ၂-၀ နဲ့ အနိုင် ရရှိခဲ့ပြီး နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့ပါတယ်။ နောက်တစ်ပတ် စတုတ္ထအဆင့်မှာတော့ လီဗာပူးနဲ့ လင်ကွန်းပွဲက အနိုင်ရတဲ့အသင်းနဲ့ တွေ့ဆုံရမှာဖြစ်ပြီး လီဗာပူးနဲ့ ရင်ဆိုင်ရနိုင်ခြေ များနေပါတယ်။

အာဆင်နယ်ဟာ တောင်ပံကစားသမား ရေးစ် နယ်ဆန်ကို ဒီနွေမှာ အငှားထွက်ကစားခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့သိရပါတယ်။ နယ်ဆန်ဟာ လီဗာပူးနဲ့ ကွန်မြူနတီဒိုင်းပွဲမှာ နောက်ကျလူစားဝင် ကစားခဲ့ရတဲ့နောက် အာဆင်နယ်ရဲ့ လိဂ်အဖွင့်၂ပွဲလုံးမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။

အာတီတာဟာ အိုဇေးကို ၁၇ပွဲဆက် အဖြစ် လက်စတာနဲ့ ကာရာဘောင်းပွဲမှာ ချန်လှပ်ထားခဲ့ပါတယ်။ အာဆင်နယ်ဟာ လူစားလဲမှု ၇ကြိမ် လုပ်ခဲ့ပေမယ့် အိုဇေးနဲ့ ဂွမ်ဒူဇီကတော့ ပါဝင်လာခဲ့ခြင်းသလို သူတို့ မပါဘဲ အသင်းက တိုးတက်လာနေတာဖြစ်ကြောင်း အာတီတာက ပြောဆိုခဲ့ပါတယ်။

အက်သလက်တီကိုဟာ ဟက်တာ ဟာရီရာကို ရောင်းချပြီးတာနဲ့ အာဆင်နယ် ကွင်းလယ်လူ တော်ရဲရားကို ခေါ်ယူတော့မှာ ဖြစ်ပါတယ်။ ကွင်းလယ်မှာ ဆောလ်နီဂွက်နဲ့ သောမတ်စ်ပါတေးတို့ကို စိန်ခေါ်ဖို့အတွက် အသက်၂၄နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ဆီမြွန်နီက အလိုရှိနေတာပါ။

အာဆင်နယ်ဟာ လာမယ့်အပတ်တွေအတွင်း ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုအတွက် ကမ်းလှမ်းမှုအသစ် လုပ်ဖို့ ရည်ရွယ်ထားတယ်လို့ သိပါတယ်။ နည်းပြကိုးမန်းက သူ့ကို ဆက် ထိန်းထားချင်ပေမယ့် သူတို့ ငွေလိုနေတာကို သိထားတဲ့ ဂန်းနားတွေက သင့်တော်တဲ့ကမ်းလှမ်းမှုနဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်နေတာပါ။

လာဇီယိုဟာ မူစတာဖီကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အာဆင်နယ်ကတော့ ကစားသမားအတွက် တရားဝင်ကမ်းလှမ်းမှုကို စောင့်မျှော်နေဆဲ ဖြစ်ပါတယ်။ နောက်ခံလူအတွက် အာဆင်နယ်က ပေါင်၁၅သန်း အလိုရှိနေတာကြောင့် ဝယ်ယူမယ့်ကလပ်တွေကတော့ တန်ကြေးကို ဒီထက် လျှော့ချနိုင်ဖို့ မျှော်လင့်နေတာပါ။

အာဆင်နယ်အတွက် အာဝါထက် သောမတ်စ်ပါတေးကို ခေါ်ယူနိုင်ဖို့ အခွင့်အရေးက ပိုသာနေတယ်လို့သိရပါတယ်။ ကွင်းလယ် ခံစစ်အနေနဲ့ အားသာချက်ရှိတာကြောင့် ပါတေးကို အာဆင်နယ်က ပိုမို အလိုရှိနေတာဖြစ်ပြီး ၎င်းရဲ့ပြောင်းရွှေ့ကြေးက ပေါင် ၅၄သန်း ကုန်ကျနိုင်ပါတယ်။

အာဆင်နယ်ဟာ ဒီနွေမှာ ကော်တင်ညို၊ အူပါမီကာနို တို့အပြင် ဇာဟာကို ခေါ်ယူဖို့လဲ ချိတ်ဆက်မှုရှိနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ဂန်းနား တွေက သူ့ကို လက်ရှောင်ခဲ့ပြီး နီကိုးလပ် ပီပီကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် အာဆင်နယ် ပရိသတ်တွေကတော့ ဇာဟာကို ဆဲဟက်ပက်ခ်ကနေ အမ်းမရိတ်စ်ထံ ပြောင်းရွှေ့စေချင်ကြဆဲ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္ဟာ ကာရာေဘာင္းဖလား တတိယအဆင့္မွာ ဖ်ဴ႕ (OG)နဲ႔ အန္ကတ္တီရာရဲ႕ သြင္းဂိုးေတြေၾကာင့္ လက္စတာကို ၂-၀ နဲ႔ အႏိုင္ ရရွိခဲ့ၿပီး ေနာက္တစ္ဆင့္သို႕ တက္ေရာက္ခဲ့ပါတယ္။ ေနာက္တစ္ပတ္ စတုတၳအဆင့္မွာေတာ့ လီဗာပူးနဲ႔ လင္ကြန္းပြဲက အႏိုင္ရတဲ့အသင္းနဲ႔ ေတြ႕ဆုံရမွာျဖစ္ၿပီး လီဗာပူးနဲ႔ ရင္ဆိုင္ရႏိုင္ေျခ မ်ားေနပါတယ္။

အာဆင္နယ္ဟာ ေတာင္ပံကစားသမား ေရးစ္ နယ္ဆန္ကို ဒီေႏြမွာ အငွားထြက္ကစားခြင့္ေပးဖို႔ ဆႏၵရွိေနတယ္လို႔သိရပါတယ္။ နယ္ဆန္ဟာ လီဗာပူးနဲ႔ ကြန္ျမဴနတီဒိုင္းပြဲမွာ ေနာက္က်လူစားဝင္ ကစားခဲ့ရတဲ့ေနာက္ အာဆင္နယ္ရဲ႕ လိဂ္အဖြင့္၂ပြဲလုံးမွာ ပါဝင္ခြင့္မရခဲ့ပါဘူး။

အာတီတာဟာ အိုေဇးကို ၁၇ပြဲဆက္ အျဖစ္ လက္စတာနဲ႔ ကာရာေဘာင္းပြဲမွာ ခ်န္လွပ္ထားခဲ့ပါတယ္။ အာဆင္နယ္ဟာ လူစားလဲမႈ ၇ႀကိမ္ လုပ္ခဲ့ေပမယ့္ အိုေဇးနဲ႔ ဂြမ္ဒူဇီကေတာ့ ပါဝင္လာခဲ့ျခင္းသလို သူတို႔ မပါဘဲ အသင္းက တိုးတက္လာေနတာျဖစ္ေၾကာင္း အာတီတာက ေျပာဆိုခဲ့ပါတယ္။

အက္သလက္တီကိုဟာ ဟက္တာ ဟာရီရာကို ေရာင္းခ်ၿပီးတာနဲ႔ အာဆင္နယ္ ကြင္းလယ္လူ ေတာ္ရဲရားကို ေခၚယူေတာ့မွာ ျဖစ္ပါတယ္။ ကြင္းလယ္မွာ ေဆာလ္နီဂြက္နဲ႔ ေသာမတ္စ္ပါေတးတို႔ကို စိန္ေခၚဖို႔အတြက္ အသက္၂၄ႏွစ္အ႐ြယ္ ကစားသမားကို ေခၚယူဖို႔ ဆီႁမြန္နီက အလိုရွိေနတာပါ။

အာဆင္နယ္ဟာ လာမယ့္အပတ္ေတြအတြင္း ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ညိဳအတြက္ ကမ္းလွမ္းမႈအသစ္ လုပ္ဖို႔ ရည္႐ြယ္ထားတယ္လို႔ သိပါတယ္။ နည္းျပကိုးမန္းက သူ႔ကို ဆက္ ထိန္းထားခ်င္ေပမယ့္ သူတို႔ ေငြလိုေနတာကို သိထားတဲ့ ဂန္းနားေတြက သင့္ေတာ္တဲ့ကမ္းလွမ္းမႈနဲ႔ ေခၚယူႏိုင္ဖို႔ ယုံၾကည္ေနတာပါ။

လာဇီယိုဟာ မူစတာဖီကို ေခၚယူဖို႔ စိတ္ဝင္စားေနေပမယ့္ အာဆင္နယ္ကေတာ့ ကစားသမားအတြက္ တရားဝင္ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနဆဲ ျဖစ္ပါတယ္။ ေနာက္ခံလူအတြက္ အာဆင္နယ္က ေပါင္၁၅သန္း အလိုရွိေနတာေၾကာင့္ ဝယ္ယူမယ့္ကလပ္ေတြကေတာ့ တန္ေၾကးကို ဒီထက္ ေလွ်ာ့ခ်ႏိုင္ဖို႔ ေမွ်ာ္လင့္ေနတာပါ။

အာဆင္နယ္အတြက္ အာဝါထက္ ေသာမတ္စ္ပါေတးကို ေခၚယူႏိုင္ဖို႔ အခြင့္အေရးက ပိုသာေနတယ္လို႔သိရပါတယ္။ ကြင္းလယ္ ခံစစ္အေနနဲ႔ အားသာခ်က္ရွိတာေၾကာင့္ ပါေတးကို အာဆင္နယ္က ပိုမို အလိုရွိေနတာျဖစ္ၿပီး ၎ရဲ႕ေျပာင္းေ႐ႊ႕ေၾကးက ေပါင္ ၅၄သန္း ကုန္က်ႏိုင္ပါတယ္။

အာဆင္နယ္ဟာ ဒီေႏြမွာ ေကာ္တင္ညိဳ၊ အူပါမီကာႏို တို႔အျပင္ ဇာဟာကို ေခၚယူဖို႔လဲ ခ်ိတ္ဆက္မႈရွိေနပါတယ္။ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂန္းနား ေတြက သူ႔ကို လက္ေရွာင္ခဲ့ၿပီး နီကိုးလပ္ ပီပီကို ေခၚယူခဲ့တာျဖစ္ေပမယ့္ အာဆင္နယ္ ပရိသတ္ေတြကေတာ့ ဇာဟာကို ဆဲဟက္ပက္ခ္ကေန အမ္းမရိတ္စ္ထံ ေျပာင္းေ႐ႊ႕ေစခ်င္ၾကဆဲ ျဖစ္ပါတယ္။