ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (24/09/20)

ပေါ်တို ခံစစ်မှူး တဲလက်စ်ကို ခေါ်ယူရေးမှာ ယူနိုက်တက်က နောက်နှစ်နွေမှာ စာချုပ်ကုန်ဆုံးမယ့် ကစားသမားကို ပေါင် ၁၇ သန်း မပေးလိုဘဲ ဈေးညှိနှိုင်းနေတာကြောင့် အခုထိ သဘောတူညီမှု မရသေးဘဲ ရှိပါတယ်။ ကစားသမား ကတော့ အသင်းပြောင်းရွှေ့လိုကြောင်း ပေါ်တိုကို အသိပေးထားပြီးပြီလို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ် ဘရူနို ဖာနန်ဒက်စ်က ပင်နယ်တီနဲ့ ပတ်သတ်တဲ့ မေးခွန်းတွေ အများကြီး မဖြေလိုကြောင်း ဆိုခဲ့ပြီး တခြားသူတွေ ပင်နယ်တီသွင်းရင် ဘာမှ မဖြစ်ပေမယ့် ဘရူနို ဆိုရင် ပင်နယ်တီပဲ ဂိုးသွင်းတယ်လို့ အပြောခံရမှုတွေ ရှိကြောင်း ပြောဆိုခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ရဲ့ ခံစစ်လိုင်းမှာ အသင်းဖော်တွေကို အော်ဟစ် သတိပေး လမ်းညွှန်နိုင်မယ့် သူ တစ်ဦး လိုအပ်နေပြီး လက်ရှိ အသင်းခေါင်းဆောင် မက်ဂွဲရားကတော့ ပေါင် သန်း ၈၀ ပေး ခေါ်ယူထားလို့သာ ကပ္ပတိန် လက်ပတ်ကို ဝတ်ဆင်ခွင့်ရနေတယ် ယူဆကြောင်း ပေါလ် ပါကာက သုံးသပ် ပြောဆိုလိုက်ပါတယ်။

တိုက်စစ်မှူး မာရှယ်ရဲ့ ခြေစွမ်း မတည်ငြိမ်မှုကို အန်ဒီကိုးလ်ကတော့ စိတ်ပျက်နေပြီး ဒီတစ်ပတ်မှ ခြေစွမ်းကောင်းရင် နောက်တစ်ပတ်မှာ မာရှယ်က အရင် တိုက်စစ်မှူး မဟုတ်ဘဲ သူ့ရဲ့ အမွှာညီများ လူမှား ဝင်ကစားနေသလား ထင်မှားရအောင် ဆိုးဝါးတယ်လို့ ဝေဖန်ခဲ့ပါတယ်။

ဗဟိုခံစစ် အတွက် ယူနိုက်တက် ချိတ်ဆက်ထားခဲ့တဲ့ လိုက်ပ်ဇစ် ခံစစ်မှူး အူပါမီကာနို ကတော့ အသင်းပြောင်းဖို့ ထွက်နေတဲ့ ကောလဟာလ သတင်းတွေကို ပယ်ချလိုက်ပြီး လက်ရှိကလပ်မှာပဲ အာရုံစိုက်ထားတယ် ပြောဆိုလိုက်တာကြောင့် ယူနိုက်တက်ရဲ့ မျှော်လင့်ချက် ပျက်ပြယ်သွားပြီ ဆိုနိုင်ပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာ အသင်းပြောင်းဖို့ အားစိုက် လုပ်ဆောင်နေပြီး ၎င်းရဲ့ အေးဂျင့်နဲ့ အဖွဲ့က ကလပ်အသင်း တော်တော်များများနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

Zawgyi – ေပၚတို ခံစစ္မွဴး တဲလက္စ္ကို ေခၚယူေရးမွာ ယူနိုက္တက္က ေနာက္နွစ္ေႏြမွာ စာခ်ဳပ္ကုန္ဆံုးမယ့္ ကစားသမားကို ေပါင္ ၁၇ သန္း မေပးလိုဘဲ ေစ်းညွိႏိႈင္းေနတာေၾကာင့္ အခုထိ သေဘာတူညီမႈ မရေသးဘဲ ရွိပါတယ္။ ကစားသမား ကေတာ့ အသင္းေျပာင္းေရႊ႕လိုေၾကာင္း ေပၚတိုကို အသိေပးထားျပီးျပီလို႔ သိရပါတယ္။

ယူနိုက္တက္ ကြင္းလယ္ ဘရူနို ဖာနန္ဒက္စ္က ပင္နယ္တီနဲ႕ ပတ္သတ္တဲ့ ေမးခြန္းေတြ အမ်ားၾကီး မေျဖလိုေၾကာင္း ဆိုခဲ့ျပီး တျခားသူေတြ ပင္နယ္တီသြင္းရင္ ဘာမွ မျဖစ္ေပမယ့္ ဘရူနို ဆိုရင္ ပင္နယ္တီပဲ ဂိုးသြင္းတယ္လို႔ အေျပာခံရမႈေတြ ရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ခံစစ္္လိုင္းမွာ အသင္းေဖာ္ေတြကို ေအာ္ဟစ္ သတိေပး လမ္းညႊန္နိုင္မယ့္ သူ တစ္ဦး လိုအပ္ေနျပီး လက္ရွိ အသင္းေခါင္းေဆာင္ မက္ဂြဲရားကေတာ့ ေပါင္ သန္း ၈၀ ေပး ေခၚယူထားလို႔သာ ကပၸတိန္ လက္ပတ္ကို ၀တ္ဆင္ခြင့္ရေနတယ္ ယူဆေၾကာင္း ေပါလ္ ပါကာက သံုးသပ္ ေျပာဆိုလိုက္ပါတယ္။

တိုက္စစ္မွဴး မာရွယ္ရဲ႕ ေျခစြမ္း မတည္ျငိမ္မႈကို အန္ဒီကိုးလ္ကေတာ့ စိတ္ပ်က္ေနျပီး ဒီတစ္ပတ္မွ ေျခစြမ္းေကာင္းရင္ ေနာက္တစ္ပတ္မွာ မာရွယ္က အရင္ တိုက္စစ္မွဴး မဟုတ္ဘဲ သူ႔ရဲ႕ အမႊာညီမ်ား လူမွား ၀င္ကစားေနသလား ထင္မွားရေအာင္ ဆိုး၀ါးတယ္လို႔ ေ၀ဖန္ခဲ့ပါတယ္။

ဗဟိုခံစစ္ အတြက္ ယူနုိက္တက္ ခ်ိတ္ဆက္ထားခဲ့တဲ့ လိုက္ပ္ဇစ္ ခံစစ္မွဴး အူပါမီကာနို ကေတာ့ အသင္းေျပာင္းဖို႔ ထြက္ေနတဲ့ ေကာလဟာလ သတင္းေတြကို ပယ္ခ်လိုက္ျပီး လက္ရွိကလပ္မွာပဲ အာရံုစိုက္ထားတယ္ ေျပာဆိုလိုက္တာေၾကာင့္ ယူနိုက္တက္ရဲ႕ ေမွ်ာ္လင့္ခ်က္ ပ်က္ျပယ္သြားျပီ ဆိုနိုင္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ဟာ အသင္းေျပာင္းဖို႔ အားစိုက္ လုပ္ေဆာင္ေနျပီး ၄င္းရဲ႕ ေအးဂ်င့္နဲ႕ အဖြဲ႕က ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားနဲ႕ ဆက္သြယ္ ေျပာဆိုမႈေတြ ျပဳလုပ္ေနပါတယ္။