မန်ချက်စတာ ယူနိုက်တက်နဲ့ ချယ်ဆီးအသင်း တို့ဟာ တိုက်စစ်သမား ဂနာချိုကို ခေါ်ယူရေးမှာ အလဲအထပ်တွေဖြင့် ညိနှိုင်းစကားပြောကြဖွယ် ရှိတယ်လို့ ဖော်ပြချက်တွေ ရှိနေပါတယ်။
ဂနာချိုကို ခေါ်ယူဖို့ နာပိုလီနဲ့ ချယ်ဆီးတို့ အပြိုင် စိတ်ဝင်စားခဲ့ကြပေမယ့် အီတလီကလပ်က ဒေါ့မွန်အသင်း တောင်ပံသမား အာဒီယာမီဘက်ကို ဦးလှည့်သွားပါပြီ။ ဒါကြောင့် အာဂျင်တီးနား တိုက်စစ်သမားအတွက် ချယ်ဆီးက လွတ်လွတ်လပ်လပ် ကြိုးစားခွင့်ရနေပြီဖြစ်ပါတယ်။
ပြီးခဲ့တဲ့အပတ်မှာ ဂနာချိုအတွက် ချယ်ဆီးဘက်က ဝင်ရောက် စုံစမ်းမှု ပြုလုပ်ခဲ့ကာ ယူနိုက်တက်ဘက်ကတော့ အသက် ၂၀ အရွယ် တိုက်စစ်မှူးအတွက် ပေါင် ၆၅ သန်း ရလိုကြောင်း အကြောင်းပြန်ထားခဲ့တယ်။
ချယ်ဆီးဘက်က ဂနာချိုကို ခေါ်ယူရေးမှာ အန်ကွန်ကူကို အလဲအထပ်ဖြင့် ထည့်သွင်းလိုရိပ်တွေ ပြသလာပါတယ်။ ပြင်သစ်သားဟာ နည်းပြအန်ဇို မာရက်စ်ကာ လက်ထက် ပွဲကစားခွင့် နည်းပါးနေခြင်းကို စိတ်ပျက်နေကာ ဘိုင်ယန်မြူးနစ်ထံ ရောင်းချခံရနိုင်ဖွယ် ရှိနေတာပါ။
အခုချိန်ထိတော့ ဂနာချိုနဲ့ အန်ကွန်ကူတို့ကို အလဲအထပ် လုပ်ဖို့ ကလပ် ၂ သင်းကြား စကားပြောမှု မစတင် သေးပေ မယ့် ဒီအိုင်ဒီယာကို အကောင်အထည်ဖော်ဖို့ ဆွေးနွေးမှုတွေ ရှိတယ်လို့ သတင်းထောက် Florian Plettenberg က ဆိုပါတယ်။
ဂနာချိုရဲ့ အေးဂျင့်ဖြစ်သူတွေဟာ တနင်္လာနေ့ ချယ်ဆီးနဲ့ ဝုဗ်ပွဲစဉ်မှာ အင်္ဂလန်ကို ရောက်လာပြီး အာဂျင်တီးနား တိုက်စစ် သမားအတွက် ညိနှိုင်းမှုတွေ စတင်နေကြောင်း သိထားခဲ့ရတာဖြစ်ပါတယ်။