ချယ်ဆီး အသင်း ဟာ ရန်းနက်စ် ဂိုးသမား မန်ဒီကို ခေါ်ယူနိုင်ခဲ့တဲ့အကြောင်း ဝဘ်ဆိုက်မှာ တရားဝင်ကြေညာခဲ့ပြီး ဖြစ်ပါတယ်။ ကီပါကတော့ အမှားတွေကြောင့် ဖိအားတွေအောက် ရောက်နေရတဲ့နောက် ပေါင်၂၂သန်းတန် ဂိုးသမားအသစ်ဟာ စနေနေ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာ ပွဲဦးထွက် ရနိုင်ဖွယ် ရှိနေပါတယ်။
ချယ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ပစ်မှတ် ဖြစ်လာခဲ့ပါတယ်။ ဂန်းနားတွေဟာ ပါတေးနဲ့ အာဝါတို့ကို ခေါ်ယူချင်ခဲ့ပေမယ့် အဆင်အပြေခဲ့တဲ့နောက် ချယ်ဆီးက ရောင်းချချင်နေတဲ့ ဂျော်ဂျင်ဟိုဘက်ကို မြှားဦးလှည့်လာတာပါ။
ဘာစီလိုနာနဲ့ ရိုးမားဟာ ချယ်ဆီးရဲ့ အပယ်ခံကစားသမား ရူဒီဂါကို စောင့်ကြည့်နေပါတယ်။ ၂ပွဲဆက် အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ရူဒီဂါဟာ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပဉ္စမဦးစားပေး နောက်ခံလူသာဖြစ်သလို သူ့ရဲ့အနာဂတ်အတွက် စဉ်းစားပြီး တစ်ခုခုဆုံးဖြတ်ဖို့ လိုနေပြီဖြစ်ပါတယ်။
ချယ်ဆီး ဟာ မန်ဒီကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ပုံမှန်လက်စွမ်းအောက် ကျဆင်းနေတဲ့ ကီပါကို အငှားချထားဖို့လည်း အလိုရှိနေပါတယ်။ လမ်းပတ်ဟာ သူ့ကို သည်းခံနိုင်စွမ်းကုန်ဆုံးသွားခဲ့ပြီး ကလပ်ဘက်က ခွင့်ပြုချက်နဲ့ အလိုရှိတဲ့ အသင်းတွေ အခြေအနေကို စောင့်ကြည့်ရမှာပါ။
ကော်လမ်ဟဒ်ဆန် အိုဒွိုင်းကလဲ ချယ်ဆီး ကနေ အငှားနဲ့ထွက်ခွာလိုနေပါတယ်။ ဘန်စလေနဲ့ပွဲမှာပါဝင်ခွင့်ရခဲ့ပေမယ့် မနှစ်က လမ်းပတ် လက်အောက်မှာ ၇ပွဲသာ ကစားခဲ့ရတာကြောင့် ပုံမှန်ကစားခွင့်ပိုရရှိလိုတဲ့သူ့ကို ဘိုင်ယန်က အပြီးသသတ် ခေါ်ယူလိုနေတာဖြစ်ပါတယ်။
ဘင်ချီဝဲရောက်လာတဲ့နောက် ဘယ်နောက်တန်းမှာ ပြိုင်ဆိုင်မှုတွေ တိုးလာတာနဲ့အတူ အီမာဆန်ကို ဂျူဗင်တပ်က ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့တာပါ။ ဒါပေမယ့် ဘန်စလေနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့တဲ့နောက် အီမာဆန်အနေနဲ့ ဘယ်ကိုမှသွားမှာမဟုတ်ပဲ ချယ်ဆီး အတွက်ပဲ အာရုံစိုက်ထားကြောင်း အေးဂျင့်ဖြစ်သူက ပြောဆိုခဲ့ပါတယ်။
ပီအက်စ်ဂျီဟာ ချယ်ဆီး ကွင်းလယ်လူ ဘာကာယိုကိုကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်နေပါတယ်။ မီလန်က သူ့ကိုစိတ်ဝင်စားခဲ့ပေမယ့် သဘောတူညီမှု မရခဲ့တာကြောင့် ပီအက်စ်ဂျီက အငှား ဒါမှမဟုတ် အပြီးသတ် ခေါ်ယူနိုင်မယ့် ဖြစ်နိုင်ခြေနဲ့ ပတ်သက်လို့ ချယ်ဆီးနဲ့ ဆွေးနွေးနေပါတယ်။
လောဖ့်တပ်ချိခ်ဟာ ရာသီသစ်ကို အငှားထွက်က စားရနိုင်ခြေရှိပြီး အက်စ်တွန်ဗီလာ၊ ဆောက်သမ်တန်နဲ့ ဝက်စ်ဟမ်းတို့က သူ့ကို စိတ်ဝင်စားနေပါတယ်။ ချယ်ဆီးရဲ့ နောက်ဆုံး၂ ပွဲ လူစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အသက်၂၆နှစ် အရွယ်ကစားသမားဟာ ကစားချိန်ရရှိဖို့ အသင်းသစ် ရှာဖွေနေတာပါ။
Zawgyi – ခ်ယ္ဆီး အသင္း ဟာ ရန္းနက္စ္ ဂိုးသမား မန္ဒီကို ေခၚယူႏိုင္ခဲ့တဲ့အေၾကာင္း ဝဘ္ဆိုက္မွာ တရားဝင္ေၾကညာခဲ့ျပီး ျဖစ္ပါတယ္။ ကီပါကေတာ့ အမွားေတြေၾကာင့္ ဖိအားေတြေအာက္ ေရာက္ေနရတဲ့ေနာက္ ေပါင္၂၂သန္းတန္ ဂိုးသမားအသစ္ဟာ စေနေန႔ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ပြဲဦးထြက္ ရႏိုင္ဖြယ္ ရွိေနပါတယ္။
ခ်ယ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုဟာ လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္ရဲ႕ အေျပာင္းအေ႐ႊ႕ပစ္မွတ္ ျဖစ္လာခဲ့ပါတယ္။ ဂန္းနားေတြဟာ ပါေတးနဲ႔ အာဝါတို႔ကို ေခၚယူခ်င္ခဲ့ေပမယ့္ အဆင္အေျပခဲ့တဲ့ေနာက္ ခ်ယ္ဆီးက ေရာင္းခ်ခ်င္ေနတဲ့ ေဂ်ာ္ဂ်င္ဟိုဘက္ကို ျမႇားဦးလွည့္လာတာပါ။
ဘာစီလိုနာနဲ႔ ႐ိုးမားဟာ ခ်ယ္ဆီးရဲ႕ အပယ္ခံကစားသမား ႐ူဒီဂါကို ေစာင့္ၾကည့္ေနပါတယ္။ ၂ပြဲဆက္ အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတဲ့ ႐ူဒီဂါဟာ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ပၪၥမဦးစားေပး ေနာက္ခံလူသာျဖစ္သလို သူ႔ရဲ႕အနာဂတ္အတြက္ စဥ္းစားၿပီး တစ္ခုခုဆုံးျဖတ္ဖို႔ လိုေနၿပီျဖစ္ပါတယ္။
ခ်ယ္ဆီး ဟာ မန္ဒီကို ေခၚယူႏိုင္ခဲ့ၿပီးေနာက္ ပုံမွန္လက္စြမ္းေအာက္ က်ဆင္းေနတဲ့ ကီပါကို အငွားခ်ထားဖို႔လည္း အလိုရွိေနပါတယ္။ လမ္းပတ္ဟာ သူ႔ကို သည္းခံႏိုင္စြမ္းကုန္ဆုံးသြားခဲ့ၿပီး ကလပ္ဘက္က ခြင့္ျပဳခ်က္နဲ႕ အလိုရွိတဲ့ အသင္းေတြ အေျခအေနကို ေစာင့္ၾကည့္ရမွာပါ။
ေကာ္လမ္ဟဒ္ဆန္ အိုဒြိဳင္းကလဲ ခ်ယ္ဆီး ကေန အငွားနဲ႔ထြက္ခြာလိုေနပါတယ္။ ဘန္စေလနဲ႔ပြဲမွာပါဝင္ခြင့္ရခဲ့ေပမယ့္ မႏွစ္က လမ္းပတ္ လက္ေအာက္မွာ ၇ပြဲသာ ကစားခဲ့ရတာေၾကာင့္ ပုံမွန္ကစားခြင့္ပိုရရွိလိုတဲ့သူ႔ကို ဘိုင္ယန္က အၿပီးသသတ္ ေခၚယူလိုေနတာျဖစ္ပါတယ္။
ဘင္ခ်ီဝဲေရာက္လာတဲ့ေနာက္ ဘယ္ေနာက္တန္းမွာ ၿပိဳင္ဆိုင္မႈေတြ တိုးလာတာနဲ႔အတူ အီမာဆန္ကို ဂ်ဴဗင္တပ္က ေခၚယူဖို႔ ခ်ိတ္ဆက္ေနခဲ့တာပါ။ ဒါေပမယ့္ ဘန္စေလနဲ႔ပြဲမွာ ပြဲထြက္ခြင့္ရခဲ့တဲ့ေနာက္ အီမာဆန္အေနနဲ႔ ဘယ္ကိုမွသြားမွာမဟုတ္ပဲ ခ်ယ္ဆီး အတြက္ပဲ အာ႐ုံစိုက္ထားေၾကာင္း ေအးဂ်င့္ျဖစ္သူက ေျပာဆိုခဲ့ပါတယ္။
ပီအက္စ္ဂ်ီဟာ ခ်ယ္ဆီး ကြင္းလယ္လူ ဘာကာယိုကိုကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြ လုပ္ေနပါတယ္။ မီလန္က သူ႔ကိုစိတ္ဝင္စားခဲ့ေပမယ့္ သေဘာတူညီမႈ မရခဲ့တာေၾကာင့္ ပီအက္စ္ဂ်ီက အငွား ဒါမွမဟုတ္ အၿပီးသတ္ ေခၚယူႏိုင္မယ့္ ျဖစ္ႏိုင္ေျခနဲ႔ ပတ္သက္လို႔ ခ်ယ္ဆီးနဲ႔ ေဆြးေႏြးေနပါတယ္။
ေလာဖ့္တပ္ခ်ိခ္ဟာ ရာသီသစ္ကို အငွားထြက္က စားရႏိုင္ေျခရွိၿပီး အက္စ္တြန္ဗီလာ၊ ေဆာက္သမ္တန္နဲ႔ ဝက္စ္ဟမ္းတို႔က သူ႔ကို စိတ္ဝင္စားေနပါတယ္။ ခ်ယ္ဆီးရဲ႕ ေနာက္ဆုံး၂ ပြဲ လူစာရင္းမွာ ခ်န္လွပ္ခံခဲ့ရတဲ့ အသက္၂၆ႏွစ္ အ႐ြယ္ကစားသမားဟာ ကစားခ်ိန္ရရွိဖို႔ အသင္းသစ္ ရွာေဖြေနတာပါ။