မန်ချက်စတာ ယူနိက်တက်ဟာ လက်ချီ အသင်းမှ ပက်ထရစ် ဒေါ်ဂူ ကို ခေါ်ဖို သဘောတူညီမှု ရသွားပြီ ဖြစ်ကြောင်း အီတလီသတင်းတွေက ဖော်ပြလာပါတယ်။
စွယ်စုံရ တောင်ပံနောက်ခံလူ ဟာ ယူနိုက်တက်မှာ နည်းပြ အမ်မိုရင်းလက်ထက် ပထမဆုံး ခေါ်ယူမှုလည်း ဖြစ်လာဖို့ ရှိနေပါတယ်။
စကိုင်းစပေါ့ အီတလီ အဆို အရ ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး ယူရို သန်း ၃ဝ (ပေါင် ၂၅.၂ သန်း) + ထပ်ေ်ဆာင်းကြေး ယူရို ၇.၅ သန်း (ပေါင် ၆.၂ သန်း) ပေးချေမှာ ဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂ဝ အရွယ် ဒိန်းမတ်သားဟာ လက်ချီ အသင်းမှာ ဒုတိယ ရာသီ ကစားနေတာ ဖြစ်ပြီး ၎င်းဟာ ၂၀၂၂ မှာ ဒိန်းမတ်ကလပ် FC Nordsjaelland ကနေ ယူရို ၂ သိန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
ဒေါ်ဂူဟာ တောင်ပံမှာ ဘယ်ရော ညာပါ ကစားနိုင်သူ ဖြစ်ပြီး wing-backs အပေါ် အများကြီး မူတည်နေတဲ့ နည်းပြ အမ်မိုရင်းရဲ့ 3-4-3 စနစ်မှာ အရေးပါလာမှာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဈေးကွက် မပိတ်ခင် ဂါနာချို ကို ရောင်းချရေး ဆက်လက် ကြိုးစားနေသလို ချယ်ဆီးထံကနေ အန်ကွန်ကူ ကို အလဲအထပ်နဲ့ ခေါ်ယူနိုင်ဖို့လည်း ဆွေးနွေးနေပါတယ်။