ယူနိုက်တက်ဟာ အပြောင်းအရွှေ့ ကာလမပြီးခင် အင်တာမီလန် တောင်ပံကစားသမား အိုင်ဗန် ပါရီဆစ်ကို ခေါ်ယူနိုင်ဖို့ ရေပန်းစားနေပါတယ်။ အသက် ၃၁နှစ် အရွယ် ကစားသမားဟာ မနှစ်က ဘိုင်ယန်မှာ အငှားကစားရင်း ခြေစွမ်းပြခဲ့တဲ့နောက် ဒီရာသီမှာ စိန်ခေါ်မှု အသစ်ရယူဖို့ အလိုရှိနေတာပါ။
ယူနိုက်တက်ဟာ ဆန်ချိုအတွက် နောက်ထပ် ညှိနှိုင်းမှုတွေ ထပ် မလုပ်ချင်တော့တာကြောင့် နောက်ဆုံးအဖြစ် ပေါင် သန်း၉၀ ပေးပြီး ကမ်းလှမ်းဖို့ ပြင်ဆင်ထားကြောင်း သိရပါတယ်။ ပေါင် ၁၀၈သန်း အလိုရှိနေတဲ့ ဒေါ့မွန်အနေနဲ့ ဆက်ပြီးတင်းခံမလား၊ အလျှော့ပေး မလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာပါ။
အဲဗာတန် ကစားသမားသစ် ဂျိမ်းစ်ရိုဒရီဂွက်က သူဟာ အိုးလ်ထရက်ဖို့ဒ်ထံကို ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ကြောင်းဖွင့်ဟလာခဲ့ပါတယ်။ သူဟာ ငယ်စဉ်ကတည်းက ယူနိုက်တက်ကို သဘောကျခဲ့တာဖြစ်ပြီး အေးဂျင့် ဂျော့မန်ဒက်စ်ကလဲ ကလပ်နဲ့ ဆက်ဆံရေးကောင်းရှိတာကြောင့် အဲ့ဒီ့ကိုပြောင်းချင်ခဲ့တာပါလို့ ပြောဆိုခဲ့တာပါ။
လိဒ်ယူနိုက်တက်ဟာ ဒီနွေမှာ ယူနိုက်တက်ဆီကနေ ဒန်နီရယ်ဂျိမ်းစ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေဆဲဖြစ်ပေမယ့် အပြောင်းအရွှေ့ ဖြစ်မြောက် နိုင်မလား ဆိုတာကို စောင့်ကြည့်ရဦးမှာပါ။ လိဒ်က သူတို့အသင်းကို အင်အားဖြည့်ချင်နေတာ ဖြစ်ပေမယ့် ယူနိုက်တက်ကတော့ ကွင်းလယ်လူကို ထွက်ခွာခွင့်ပြုဖို့ ဝန်လေးနေပါတယ်။
စမောလင်းဟာ ယူနိုက်တက်မှာ ဘေးဖယ်ခံထားရပေမယ့်စီးရီးအေကိုပြန်ဖို့လဲ အကောင်အထည်မဖော်နိုင်သေးပါဘူး။ ယူနိုက်တက်ရဲ့ခေါ်ဈေး ပေါင် ၁၈သန်းကို ရိုးမားက မပေးနိုင်တာကြောင့် အနာဂတ် မရေမရာဖြစ်နေတဲ့ စမောလင်းက ယူနိုက်တက် အကြီးအကဲတွေကို စိတ်ပျက်နေပါတယ်။
ကိုဗစ်ကြောင့် ယူနိုက်တက်ဟာ လွန်ခဲ့တဲ့ ၆လအတွင်း ပေါင်၇၅သန်းကျော် ဆုံးရှုံးခဲ့ပြီး နှစ်ကုန်မှာ သန်း၁၀၀လောက် အထိ ဖြစ်သွားဖို့ရှိပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ တံခါးပိတ် ကစားရတဲ့ပွဲတိုင်း သူတို့အတွက် ပေါင် ၅သန်းနီးပါး ဆုံးရှုံးနေရတာဖြစ်ပြီး ရာသီသစ်မှာလဲ ဒီတိုင်းဆက်သွားရင် ပေါင် သန်း၄၀ နီးပါး ထပ်မံ နစ်နာရဦးမှာပါ။
အဲဗာတန်ဟာ ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်အတွက် ဖိအားပေးနိုင်ဖို့ ယူနိုက်တက် ဂိုးသမား ဆာဂျီယို ရိုမဲရိုးကို ခေါ်ယူချင်နေပါတယ်။ ရိုမဲရိုးအတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်သေးပေမယ့် ပစ်ဖို့ဒ်ရဲ့လက်စွမ်းကျဆင်းမှုတွေအရ ဂိုးသမားသစ်တစ်ယောက်တော့ ဂွတ်ဒီဆင်ပက်ခ်ကို ရောက်လာဖို့ ရှိပါတယ်။
Zawgyi – ယူႏိုက္တက္ဟာ အေျပာင္းအေ႐ႊ႕ ကာလမၿပီးခင္ အင္တာမီလန္ ေတာင္ပံကစားသမား အိုင္ဗန္ ပါရီဆစ္ကို ေခၚယူႏိုင္ဖို႔ ေရပန္းစားေနပါတယ္။ အသက္ ၃၁ႏွစ္ အ႐ြယ္ ကစားသမားဟာ မႏွစ္က ဘိုင္ယန္မွာ အငွားကစားရင္း ေျခစြမ္းျပခဲ့တဲ့ေနာက္ ဒီရာသီမွာ စိန္ေခၚမႈ အသစ္ရယူဖို႔ အလိုရွိေနတာပါ။
ယူႏိုက္တက္ဟာ ဆန္ခ်ိဳအတြက္ ေနာက္ထပ္ ညႇိႏႈိင္းမႈေတြ ထပ္ မလုပ္ခ်င္ေတာ့တာေၾကာင့္ ေနာက္ဆုံးအျဖစ္ ေပါင္ သန္း၉၀ ေပးၿပီး ကမ္းလွမ္းဖို႔ ျပင္ဆင္ထားေၾကာင္း သိရပါတယ္။ ေပါင္ ၁၀၈သန္း အလိုရွိေနတဲ့ ေဒါ့မြန္အေနနဲ႔ ဆက္ၿပီးတင္းခံမလား၊ အေလွ်ာ့ေပး မလား ဆိုတာကိုေတာ့ ေစာင့္ၾကည့္ရမွာပါ။
အဲဗာတန္ ကစားသမားသစ္ ဂ်ိမ္းစ္႐ိုဒရီဂြက္က သူဟာ အိုးလ္ထရက္ဖို႔ဒ္ထံကို ေျပာင္းေ႐ႊ႕ဖို႔ နီးစပ္ခဲ့ေၾကာင္းဖြင့္ဟလာခဲ့ပါတယ္။ သူဟာ ငယ္စဥ္ကတည္းက ယူႏိုက္တက္ကို သေဘာက်ခဲ့တာျဖစ္ၿပီး ေအးဂ်င့္ ေဂ်ာ့မန္ဒက္စ္ကလဲ ကလပ္နဲ႔ ဆက္ဆံေရးေကာင္းရွိတာေၾကာင့္ အဲ့ဒီ့ကိုေျပာင္းခ်င္ခဲ့တာပါလို႔ ေျပာဆိုခဲ့တာပါ။
လိဒ္ယူႏိုက္တက္ဟာ ဒီေႏြမွာ ယူႏိုက္တက္ဆီကေန ဒန္နီရယ္ဂ်ိမ္းစ္ကိုေခၚယူဖို႔ စိတ္ဝင္စားေနဆဲျဖစ္ေပမယ့္ အေျပာင္းအေ႐ႊ႕ ျဖစ္ေျမာက္ နိုင္မလား ဆိုတာကို ေစာင့္ၾကည့္ရဦးမွာပါ။ လိဒ္က သူတို႔အသင္းကို အင္အားျဖည့္ခ်င္ေနတာ ျဖစ္ေပမယ့္ ယူႏိုက္တက္ကေတာ့ ကြင္းလယ္လူကို ထြက္ခြာခြင့္ျပဳဖို႔ ဝန္ေလးေနပါတယ္။
စေမာလင္းဟာ ယူႏိုက္တက္မွာ ေဘးဖယ္ခံထားရေပမယ့္စီးရီးေအကိုျပန္ဖို႔လဲ အေကာင္အထည္မေဖာ္ႏိုင္ေသးပါဘူး။ ယူႏိုက္တက္ရဲ႕ေခၚေဈး ေပါင္ ၁၈သန္းကို ႐ိုးမားက မေပးႏိုင္တာေၾကာင့္ အနာဂတ္ မေရမရာျဖစ္ေနတဲ့ စေမာလင္းက ယူႏိုက္တက္ အႀကီးအကဲေတြကို စိတ္ပ်က္ေနပါတယ္။
ကိုဗစ္ေၾကာင့္ ယူႏိုက္တက္ဟာ လြန္ခဲ့တဲ့ ၆လအတြင္း ေပါင္၇၅သန္းေက်ာ္ ဆုံးရႈံးခဲ့ၿပီး ႏွစ္ကုန္မွာ သန္း၁၀၀ေလာက္ အထိ ျဖစ္သြားဖို႔ရွိပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ တံခါးပိတ္ ကစားရတဲ့ပြဲတိုင္း သူတို႔အတြက္ ေပါင္ ၅သန္းနီးပါး ဆုံးရႈံးေနရတာျဖစ္ၿပီး ရာသီသစ္မွာလဲ ဒီတိုင္းဆက္သြားရင္ ေပါင္ သန္း၄၀ နီးပါး ထပ္မံ နစ္နာရဦးမွာပါ။
အဲဗာတန္ဟာ ဂိုးသမား ေဂ်ာ္ဒန္ပစ္ဖို႔ဒ္အတြက္ ဖိအားေပးႏိုင္ဖို႔ ယူႏိုက္တက္ ဂိုးသမား ဆာဂ်ီယို ႐ိုမဲ႐ိုးကို ေခၚယူခ်င္ေနပါတယ္။ ႐ိုမဲ႐ိုးအတြက္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ေသးေပမယ့္ ပစ္ဖို႔ဒ္ရဲ႕လက္စြမ္းက်ဆင္းမႈေတြအရ ဂိုးသမားသစ္တစ္ေယာက္ေတာ့ ဂြတ္ဒီဆင္ပက္ခ္ကို ေရာက္လာဖို႔ ရွိပါတယ္။