ရှက်ဖီးယူနိုက်တက်ဟာ ဂန်းနားတိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်အတွက် အပြောင်းအရွှေ့ ဆွေးနွေးမှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။ ယခင်က ရှက်ဖီးရဲ့ အပိုဆုကြေး + ပေါင် ၃ သန်းနဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တဲ့ အာဆင်နယ်က သူ့အတွက် ပေါင် ၁၀ သန်းအောက် လိုချင်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ အာဝါအတွက် အသုံးစရိတ်ရရှိဖို့ လာကာဇက်တီကို ရောင်းချနိုင်တယ်လို့ သိရပါတယ်။ စာချုပ် ၂နှစ်ကျန်နေသေးတဲ့ လာကာဇက်တီက အသင်းမှာဆက်နေချင်ကြောင်း ပြောခဲ့ပေမယ့် ဂန်းနားတွေကတော့ ငွေရမယ့်အပေါက်မှန်သမျှကို ဖွင့်ချချင်နေတာပါ။
အက်သလက်တီကို မက်ဒရစ်ဟာ သောမတ်စ်ပါတေးကို မပေးချင်ပေမယ့် အာဆင်နယ်ဆီက တော်ရဲရားကို ခေါ်ယူဖို့တော့ စိတ်ဝင်စားနေပါတယ်။ အာဆင်နယ်က ကွင်းလယ်လူအတွက် ပေါင်၂၂သန်း ရယူဖို့ မျှော်လင့်နေပြီး အက်သလက်တီကိုကတော့ ပါတေးအတွက် ပေါင် ၄၅ သန်း သတ်မှတ်ထားတာပါ။
အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းက သူဟာ စာချုပ်သစ် သဘောတူညီမှုမရခင် ဒီနွေမှာ ကလပ်ကို စွန့်ခွာဖို့စဉ်းစားခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဘာကာ၊ အင်တာတို့က သူ့ကိုစိတ်ဝင်စားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူဟာ အာတီတာနဲ့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။
အာဆင်နယ်နဲ့ လီဗာပူးတို့ဟာ ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာ တွေ့ဆုံရဖို့ မဲကျခဲ့ပြီးနောက် ၄ရက်အတွင်း ၂ကြိမ် ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ သူတို့ဟာ တနင်္လာနေ့ ပရီးမီးယားလိဂ်မှာ ကစားပြီးရင် ကြာသပတေးနေ့လောက်မှာ ကာရာဘောင်းပွဲ ကစားရဦးမှာပါ။
နောက်တစ်ပတ်မှာ ၂ကြိမ်တိုင် တွေ့ဆုံရမှာဖြစ်သလို လီဗာပူးက ၂ပွဲလုံး အိမ်ကွင်းမှာ ကစားရမှာဖြစ်လို့ နည်းပြ ယာဂန်ကလော့ပ်က ဝမ်းသာနေပါတယ်။ ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းမှာ အာဆင်နယ်က အနိုင်ရခဲ့ဖူးတာမို့ ဒီပွဲတွေက လွယ်ကူမှာ မဟုတ်ဘူးဆိုတာကိုလဲ ကလော့ပ်က ဝန်ခံခဲ့တာပါ။
လိုင်ယွန်ဥက္ကဌ ဂျင်းမစ်ချယ် အော်လက်စ်က အာဆင်နယ်ဟာ ကွင်းလယ်လူ အာဝါကို ခေါ်ယူနိုင်တဲ့ ငွေကြေးအင်အားမရှိဘူးလို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်က ကွင်းလယ်ခံစစ်နေရာအတွက် ကြိုးစားနေဆဲဖြစ်ကာ ချယ်ဆီးမှ ဂျော်ဂျင်ဟိုကိုလည်း ခေါ်ယူလိုနေပါတယ်။
ဆိုကရေးတစ်ဟာ ဒီနွေမှာ အာဆင်နယ်ထံကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖို့ သဘောတူညီမှု ရခဲ့ပါတယ်။ နာပိုလီက သူ့ကိုခေါ်ယူနိုင်ဖို့ ရေပန်းစားနေတာဖြစ်ပြီး တစ်နှစ် ယူရို ၄သန်းနဲ့ ၃နှစ်စာချုပ် ချုပ်ဆိုဖို့ သဘောတူညီခဲ့တာပါ။ ဒါပေမယ့် ကူလီဘာလီကို အရင်ရောင်းချပြီးမှ ဒီကိစ္စကို အပြီးသတ်မှာဖြစ်ပါတယ်။
ZAWGYI
ရွက္ဖီးယူႏိုက္တက္ဟာ ဂန္းနားတိုက္စစ္မႉး ဖိုလာရင္ ဘာလိုဂန္အတြက္ အေျပာင္းအေ႐ႊ႕ ေဆြးေႏြးမႈေတြ ျပန္လည္လုပ္ေဆာင္ေနပါတယ္။ ယခင္က ရွက္ဖီးရဲ႕ အပိုဆုေၾကး + ေပါင္ ၃ သန္းနဲ႔ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တဲ့ အာဆင္နယ္က သူ႔အတြက္ ေပါင္ ၁၀ သန္းေအာက္ လိုခ်င္ေနတာျဖစ္ပါတယ္။
အာဆင္နယ္ဟာ အာဝါအတြက္ အသုံးစရိတ္ရရွိဖို႔ လာကာဇက္တီကို ေရာင္းခ်ႏိုင္တယ္လို႔ သိရပါတယ္။ စာခ်ဳပ္ ၂ႏွစ္က်န္ေနေသးတဲ့ လာကာဇက္တီက အသင္းမွာဆက္ေနခ်င္ေၾကာင္း ေျပာခဲ့ေပမယ့္ ဂန္းနားေတြကေတာ့ ေငြရမယ့္အေပါက္မွန္သမွ်ကို ဖြင့္ခ်ခ်င္ေနတာပါ။
အက္သလက္တီကို မက္ဒရစ္ဟာ ေသာမတ္စ္ပါေတးကို မေပးခ်င္ေပမယ့္ အာဆင္နယ္ဆီက ေတာ္ရဲရားကို ေခၚယူဖို႔ေတာ့ စိတ္ဝင္စားေနပါတယ္။ အာဆင္နယ္က ကြင္းလယ္လူအတြက္ ေပါင္၂၂သန္း ရယူဖို႔ ေမွ်ာ္လင့္ေနၿပီး အက္သလက္တီကိုကေတာ့ ပါေတးအတြက္ ေပါင္ ၄၅ သန္း သတ္မွတ္ထားတာပါ။
အာဆင္နယ္ အသင္းေခါင္းေဆာင္ အူဘာမီးယန္းက သူဟာ စာခ်ဳပ္သစ္ သေဘာတူညီမႈမရခင္ ဒီေႏြမွာ ကလပ္ကို စြန႔္ခြာဖို႔စဥ္းစားခဲ့ေၾကာင္း ဝန္ခံခဲ့ပါတယ္။ ဘာကာ၊ အင္တာတို႔က သူ႔ကိုစိတ္ဝင္စားခဲ့ေပမယ့္ ေနာက္ဆုံးမွာေတာ့ သူဟာ အာတီတာနဲ႔ ေရွ႕ဆက္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။
အာဆင္နယ္နဲ႔ လီဗာပူးတို႔ဟာ ကာရာေဘာင္းဖလား စတုတၳအဆင့္မွာ ေတြ႕ဆုံရဖို႔ မဲက်ခဲ့ၿပီးေနာက္ ၄ရက္အတြင္း ၂ႀကိမ္ ရင္ဆိုင္ရေတာ့မွာျဖစ္ပါတယ္။ သူတို႔ဟာ တနလၤာေန႔ ပရီးမီးယားလိဂ္မွာ ကစားၿပီးရင္ ၾကာသပေတးေန႔ေလာက္မွာ ကာရာေဘာင္းပြဲ ကစားရဦးမွာပါ။
ေနာက္တစ္ပတ္မွာ ၂ႀကိမ္တိုင္ ေတြ႕ဆုံရမွာျဖစ္သလို လီဗာပူးက ၂ပြဲလုံး အိမ္ကြင္းမွာ ကစားရမွာျဖစ္လို႔ နည္းျပ ယာဂန္ကေလာ့ပ္က ဝမ္းသာေနပါတယ္။ ၿပီးခဲ့တဲ့ ကြန္ျမဴနတီဒိုင္းမွာ အာဆင္နယ္က အႏိုင္ရခဲ့ဖူးတာမို႔ ဒီပြဲေတြက လြယ္ကူမွာ မဟုတ္ဘူးဆိုတာကိုလဲ ကေလာ့ပ္က ဝန္ခံခဲ့တာပါ။
လိုင္ယြန္ဥကၠဌ ဂ်င္းမစ္ခ်ယ္ ေအာ္လက္စ္က အာဆင္နယ္ဟာ ကြင္းလယ္လူ အာဝါကို ေခၚယူႏိုင္တဲ့ ေငြေၾကးအင္အားမရွိဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ အာဆင္နယ္က ကြင္းလယ္ခံစစ္ေနရာအတြက္ ၾကိဳးစားေနဆဲျဖစ္ကာ ခ်ယ္ဆီးမွ ေဂ်ာ္ဂ်င္ဟိုကိုလည္း ေခၚယူလိုေနပါတယ္။
ဆိုကေရးတစ္ဟာ ဒီေႏြမွာ အာဆင္နယ္ထံကေန အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ထြက္ခြာဖို႔ သေဘာတူညီမႈ ရခဲ့ပါတယ္။ နာပိုလီက သူ႔ကိုေခၚယူႏိုင္ဖို႔ ေရပန္းစားေနတာျဖစ္ၿပီး တစ္ႏွစ္ ယူ႐ို ၄သန္းနဲ႔ ၃ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔ သေဘာတူညီခဲ့တာပါ။ ဒါေပမယ့္ ကူလီဘာလီကို အရင္ေရာင္းခ်ၿပီးမွ ဒီကိစၥကို အၿပီးသတ္မွာျဖစ္ပါတယ္။