၀က်စ်ဘရွန်း Vs ချယ်ဆီး ပွဲအတွက် မိုက်ကယ်အိုဝင် သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ကိုင်ဟာဗက်ဇ်ရဲ့ ဟက်ထရစ်နဲ့ ကြားရက် ကာရာဘောင်းဖလားပွဲမှာ နိုင်ပွဲကြီးရထားတဲ့ ချယ်ဆီးအသင်းက ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ တန်းတက်လာတဲ့ ဝက်စ်ဘရွန်း အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။

ပွဲချိန်ကတော့ စက်တင်ဘာလ ၂၆ ရက် (စနေနေ့) ည ၁၁ နာရီမှာပါ။ ဒီပွဲအတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

” ဝက်စ်ဘရွန်းအတွက်ကတော့ လက်စတာနဲ့ အဲဗာတန်ကို ဂိုးပြတ်တွေ အရေးနိမ့်ပြီး အနားရမယ့်ပုံ မပေါ်ပါဘူး။ ဒီအပတ်မှာ ချယ်ဆီးက သူတို့ကွင်းထံ လာရောက် ယှဉ်ပြိုင်မှာဖြစ်တယ်။ ချယ်ဆီး ကစားသမားဟောင်းကြီး အိုင်ဗန်နိနစ်က ပထမ ၂ ပွဲမှာ ၈ ဂိုးပေးထားရတဲ့ ဝက်စ်ဘရွန်းခံစစ်ကို ကူညီပေးဖို့ ကြိုးစားရပါလိမ့်မယ်။

တနင်္ဂနွေနေ့က စတမ်းဖိုဒ့်ဘရစ်မှာ လီဗာပူးနဲ့ ယှဉ်ပြိုင်ကစားတဲ့ ပွဲအတွင်း ချယ်ဆီးအသင်းရဲ့ အားမာန်မပါတဲ့ ကစားပုံကြောင့် ၂-၀ ဖြင့် အရေးနိမ့်ခဲ့တာနဲ့ ပက်သက်လို့ မန်နေဂျာလမ်းပတ်က စိတ်ပျက်နေပါလိမ့်မယ်။

သူ့ရဲ့ လက်မှတ်ထိုး ခေါ်ယူမှု အသစ်တွေကို အချိန်ပေးဖို့ လိုအပ်မှာဖြစ်ပေမယ့် ဝက်စ်ဘရွန်းကို ရင်ဆိုင်ကစားရာမှာတော့ သူ့အသင်းထံကနေ ပိုတိုးတက်တဲ့ စွမ်းဆောင်ရည်တွေ တောင်းခံမှာဖြစ်ကာ သက်သောင့်သက်သာ အနေအထားဖြင့် ၃-၀ နဲ့ အနိုင်ရသွားမယ်လို့ ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ် ခန့်မှန်းထားပါတယ်။

Zawgyi – ကိုင္ဟာဗက္ဇ္ရဲ႕ ဟက္ထရစ္နဲ႕ ၾကားရက္ ကာရာေဘာင္းဖလားပြဲမွာ နိုင္ပြဲၾကီးရထားတဲ့ ခ်ယ္ဆီးအသင္းက ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ မွာေတာ့ တန္းတက္လာတဲ့ ၀က္စ္ဘရြန္း အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ရမွာပါ။

ပြဲခ်ိန္ကေတာ့ စက္တင္ဘာလ ၂၆ ရက္ (စေနေန႔) ည ၁၁ နာရီမွာပါ။ ဒီပြဲအတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

” ဝက္စ္ဘရြန္းအတြက္ကေတာ့ လက္စတာနဲ႔ အဲဗာတန္ကို ဂိုးျပတ္ေတြ အေရးနိမ့္ျပီး အနားရမယ့္ပံု မေပၚပါဘူး။ ဒီအပတ္မွာ ခ်ယ္ဆီးက သူတို႔ကြင္းထံ လာေရာက္ ယွဥ္ျပိဳင္မွာျဖစ္တယ္။ ခ်ယ္ဆီး ကစားသမားေဟာင္းၾကီး အိုင္ဗန္နိနစ္က ပထမ ၂ ပြဲမွာ ၈ ဂိုးေပးထားရတဲ့ ဝက္စ္ဘရြန္းခံစစ္ကို ကူညီေပးဖို႔ ၾကိဳးစားရပါလိမ့္မယ္။

တနဂၤေႏြေန႔က စတမ္းဖိုဒ့္ဘရစ္မွာ လီဗာပူးနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ ပြဲအတြင္း ခ်ယ္ဆီးအသင္းရဲ႕ အားမာန္မပါတဲ့ ကစားပံုေၾကာင့္ ၂-၀ ျဖင့္ အေရးနိမ့္ခဲ့တာနဲ႔ ပက္သက္လို႔ မန္ေနဂ်ာလမ္းပတ္က စိတ္ပ်က္ေနပါလိမ့္မယ္။

သူ႔ရဲ႕ လက္မွတ္ထိုး ေခၚယူမႈ အသစ္ေတြကို အခ်ိန္ေပးဖို႔ လိုအပ္မွာျဖစ္ေပမယ့္ ဝက္စ္ဘရြန္းကို ရင္ဆိုင္ကစားရာမွာေတာ့ သူ႔အသင္းထံကေန ပိုတိုးတက္တဲ့ စြမ္းေဆာင္ရည္ေတြ ေတာင္းခံမွာျဖစ္ကာ သက္ေသာင့္သက္သာ အေနအထားျဖင့္ ၃-၀ နဲ႔ အႏုိင္ရသြားမယ္လို႔ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ ခန္႔မွန္းထားပါတယ္။