ေနာက္ဆံုးရ ယူနိုက္တက္နဲ႕ လီဗာပူး သတင္းတိုမ်ား

ကမၻာလုပ္ခအမ်ားဆံုး ေပးေခ်တဲ့ ကလပ္အသင္းေတြထဲမွာ ယူႏုိက္တက္က ဘာစီလိုနာေနာက္ ဒုတိယေနရာမွာ ရွိေနပါတယ္။ ယူႏုိက္တက္ရဲ႕ တစ္ႏွစ္လုပ္ခ ေပးေခ်မႈက ေပါင္ ၃၃၂ သန္းျဖစ္ျပီး မန္စီးတီး၊ လီဗာပူးတို႔ရဲ႕ အထက္မွာ ရပ္တည္ေနပါတယ္။

လီဗာပူးအသင္းဟာ တစ္ႏွစ္ကို ေပါင္ ၃၁၀ သန္းနဲ႔ ကစားသမား လုပ္ခေပးေခ်မႈ အျမင့္ဆံုးရဲ႕ နံပါတ္ ၅ ေနရာကို ေရာက္လာခဲ့ပါျပီ။ ဒါဟာ စပိန္ကလပ္ ရီးရဲလ္မက္ဒရစ္ထက္ ၂ သန္းပဲ ေလ်ာ့နည္းတာ ျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာ ယူနိုက္တက္ ဂိုးသမား ဒီဂီယာကို ေခၚဖို႔ ထပ္မံ အလိုရွိလာျပန္တယ္။ အိုးထရက္ဖို႔ဒ္မွာ အခက္အခဲေတြ ရွိေနေသးတဲ့ စပိန္သားကို ရီးရဲလ္က ေပါင္ သန္း ၇၀ ေလာက္နဲ႕ ကမ္းလွမ္းဖို႔ အသင့္ ျပင္ေနပါတယ္။

လိဂ္၀မ္းကလပ္ ဘာတန္အသင္းမွာ အငွားကစားေနတဲ့ ယူနုိက္တက္ ဂိုးသမား ေဒးဗစ္ မက္ ဒြန္နဲလ္က ျပိဳင္ဘက္ ပီတာဘိုေရာ့အသင္း တိုက္စစ္မွဴးကို ကိုက္ခဲ့တာေၾကာင့္ ၆ ပြဲ ပယ္ခံခဲ့ရတဲ့ အျပင္ ေပါင္ ၂၅၀၀ ဒဏ္ရိုက္ခံရမွာ ျဖစ္ပါတယ္။

လီဗာပူး ဂိုးသမား အယ္လီဆန္ဘက္ကာဟာ ဘုန္းေမာက္ပြဲတင္ မကပဲ အက္သလက္တီကိုနဲ႔ ပြဲကိုပါ ေသခ်ာေပါက္ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။ ဒါ့အျပင္ သူဟာ ဘရာဇီး လက္ေရြးစင္ကေနလည္း ႏုတ္ထြက္ထားရတာျဖစ္ပါတယ္။

ဂိုးသမားအတ္ဒရီယန္ဟာ ပရီးမီးယားလိဂ္မွာ ၁၀ ပြဲ ဂိုးဖမ္းခဲ့ျပီး ၁၀ ပြဲလံုး အႏုိင္ရရွိခဲ့ပါတယ္။ သူဟာ ဒီကေန႔ညမွာေတာ့ ပထမဂိုးသမား အယ္လီဆန္အစား လီဗာပူးဂိုးေပါက္ကို ကာကြယ္ရဖြယ္ ရွိေနတာပါ။

Unicode – ကမ္ဘာလုပ်ခအများဆုံး ပေးချေတဲ့ ကလပ်အသင်းတွေထဲမှာ ယူနိုက်တက်က ဘာစီလိုနာနောက် ဒုတိယနေရာမှာ ရှိနေပါတယ်။ ယူနိုက်တက်ရဲ့ တစ်နှစ်လုပ်ခ ပေးချေမှုက ပေါင် ၃၃၂ သန်းဖြစ်ပြီး မန်စီးတီး၊ လီဗာပူးတို့ရဲ့ အထက်မှာ ရပ်တည်နေပါတယ်။

လီဗာပူးအသင်းဟာ တစ်နှစ်ကို ပေါင် ၃၁၀ သန်းနဲ့ ကစားသမား လုပ်ခပေးချေမှု အမြင့်ဆုံးရဲ့ နံပါတ် ၅ နေရာကို ရောက်လာခဲ့ပါပြီ။ ဒါဟာ စပိန်ကလပ် ရီးရဲလ်မက်ဒရစ်ထက် ၂ သန်းပဲ လျော့နည်းတာ ဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ ယူနိုက်တက် ဂိုးသမား ဒီဂီယာကို ခေါ်ဖို့ ထပ်မံ အလိုရှိလာပြန်တယ်။ အိုးထရက်ဖို့ဒ်မှာ အခက်အခဲတွေ ရှိနေသေးတဲ့ စပိန်သားကို ရီးရဲလ်က ပေါင် သန်း ၇၀ လောက်နဲ့ ကမ်းလှမ်းဖို့ အသင့် ပြင်နေပါတယ်။

လိဂ်ဝမ်းကလပ် ဘာတန်အသင်းမှာ အငှားကစားနေတဲ့ ယူနိုက်တက် ဂိုးသမား ဒေးဗစ် မက် ဒွန်နဲလ်က ပြိုင်ဘက် ပီတာဘိုရော့အသင်း တိုက်စစ်မှူးကို ကိုက်ခဲ့တာကြောင့် ၆ ပွဲ ပယ်ခံခဲ့ရတဲ့ အပြင် ပေါင် ၂၅၀၀ ဒဏ်ရိုက်ခံရမှာ ဖြစ်ပါတယ်။

လီဗာပူး ဂိုးသမား အယ်လီဆန်ဘက်ကာဟာ ဘုန်းမောက်ပွဲတင် မကပဲ အက်သလက်တီကိုနဲ့ ပွဲကိုပါ သေချာပေါက် လွဲချော်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သူဟာ ဘရာဇီး လက်ရွေးစင်ကနေလည်း နုတ်ထွက်ထားရတာဖြစ်ပါတယ်။

ဂိုးသမားအတ်ဒရီယန်ဟာ ပရီးမီးယားလိဂ်မှာ ၁၀ ပွဲ ဂိုးဖမ်းခဲ့ပြီး ၁၀ ပွဲလုံး အနိုင်ရရှိခဲ့ပါတယ်။ သူဟာ ဒီကနေ့ညမှာတော့ ပထမဂိုးသမား အယ်လီဆန်အစား လီဗာပူးဂိုးပေါက်ကို ကာကွယ်ရဖွယ် ရှိနေတာပါ။