လီဗာပူး Vs အာဆင်နယ် ပွဲအတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှ အကောင်းဆုံး တစ်ပွဲ ဖြစ်မယ့် လီဗာပူးနဲ့ အာဆင်နယ် ပွဲ အတွက် ဘီဘီစီမှ ပင်တိုင်သုံးသပ်သူ ဖြစ်တဲ့ လော်ရိုးရဲ့ သုံးသပ်ခန့်မှန်းချက်တွေ ထွက်ပေါ်နေပြီ ဖြစ်ပါတယ်။ ပွဲချိန်ကတော့ လာမယ့် စက်တင်ဘာလ ၂၉ ရက် (အင်္ဂါနေ့) နံနက် ၁း၃၀ နာရီ မှာ ဖြစ်ပါတယ်။

လော်ရိုးက – ” ချယ်ဆီးနဲ့ ပွဲမှာ သီယေဂို အယ်ကန်တာရာ က ဒုတိယပိုင်းမှ လီဗာပူး အတွက် ဝင်ကစားပေမယ့် မောကြီး ပန်းကြီး ကြိုးစား မနေရဘဲ သက်တောင့်သက်သာနဲ့ အစွမ်းပြသွားခဲ့တာ တွေ့ရတယ်။ သူကတော့ တကယ့် ကစားသမားကောင်းပါ။ ဒီပွဲမှာလည်း လီဗာပူးအသင်းက ပိုင်ဆိုင်မှု အသာစီးယူပြီး ကစားမယ် ထင်ပါတယ်။

အာဆင်နယ် အနေနဲ့ ဘောလုံး သိပ်မရတဲ့ အခါ စိုးရိမ်စရာလို့ ထင်ပါတယ်။ ဇူလိုင်လထဲ ဆုံစဉ်က ဂန်းနားတွေ လီဗာပူးလ်ကို နိုင်ခဲ့တာ ဟုတ်ပါတယ်။ ဒါပေမယ့် အဲဒီတုန်းက ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ ချန်ပီယံ ဖြစ်ပြီးတဲ့ အသင်းပါ။ အဲဒီပွဲကလိုမျိုး အာဆင်နယ်က ထပ်လုပ်ပြနိုင်မယ် မျှော်လင့်မှုတွေ ရှိနေပေမယ့် လီဗာပူးက အဲဒီတုန်းက ရာနှုန်းပြည့် ထုတ် မကစားခဲ့ပါဘူး။ ဒီတကြိမ်မှာတော့ ကွဲပြားပါလိမ့်မယ်။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ လီဗာပူး 2-0 အာဆင်နယ် ဖြစ်ပါတယ်။

Zawgyi – ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ မွ အေကာင္းဆံုး တစ္ပြဲ ျဖစ္မယ့္ လီဗာပူးနဲ႕ အာဆင္နယ္ ပြဲ အတြက္ ဘီဘီစီမွ ပင္တိုင္သံုးသပ္သူ ျဖစ္တဲ့ ေလာ္ရိုးရဲ႕ သံုးသပ္ခန္႔မွန္းခ်က္ေတြ ထြက္ေပၚေနျပီ ျဖစ္ပါတယ္။ ပြဲခ်ိန္ကေတာ့ လာမယ့္ စက္တင္ဘာလ ၂၉ ရက္ (အဂၤါေန႔) နံနက္ ၁း၃၀ နာရီ မွာ ျဖစ္ပါတယ္။

ေလာ္ရိုးက – ” ခ်ယ္ဆီးနဲ႕ ပြဲမွာ သီေယဂို အယ္ကန္တာရာ က ဒုတိယပိုင္းမွ လီဗာပူး အတြက္ ၀င္ကစားေပမယ့္ ေမာၾကီး ပန္းၾကီး ၾကိဳးစား မေနရဘဲ သက္ေတာင့္သက္သာနဲ႕ အစြမ္းျပသြားခဲ့တာ ေတြ႔ရတယ္။ သူကေတာ့ တကယ့္ ကစားသမားေကာင္းပါ။ ဒီပြဲမွာလည္း လီဗာပူးအသင္းက ပိုင္ဆိုင္မႈ အသာစီးယူျပီး ကစားမယ္ ထင္ပါတယ္။

အာဆင္နယ္ အေနနဲ႕ ေဘာလံုး သိပ္မရတဲ့ အခါ စိုးရိမ္စရာလို႔ ထင္ပါတယ္။ ဇူလိုင္လထဲ ဆံုစဥ္က ဂန္းနားေတြ လီဗာပူးလ္ကို နုိင္ခဲ့တာ ဟုတ္ပါတယ္။ ဒါေပမယ့္ အဲဒီတုန္းက ယာဂင္ကေလာ့့ပ္ရဲ႕ အသင္းဟာ ခ်န္ပီယံ ျဖစ္ျပီးတဲ့ အသင္းပါ။ အဲဒီပြဲကလိုမ်ိဳး အာဆင္နယ္က ထပ္လုပ္ျပနိုင္မယ္ ေမွ်ာ္လင့္မႈေတြ ရွိေနေပမယ့္ လီဗာပူးက အဲဒီတုန္းက ရာနႈန္းျပည့္ ထုတ္ မကစားခဲ့ပါဘူး။ ဒီတၾကိမ္မွာေတာ့ ကြဲျပားပါလိမ့္မယ္။ ” လို႔ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ လီဗာပူး 2-0 အာဆင္နယ္ ျဖစ္ပါတယ္။