အာတီတာ သိပ်လိုချင်နေတဲ့ ကစားသမားအတွက် အာဆင်နယ်က သေးနုတ်တဲ့ကလပ် ဖြစ်နေတယ်လို့ ပေါစခိုးလ် ဆို

မီခေးလ် အာတီတာ သိပ်လိုချင်နေတဲ့ ဦးစားပေး ပစ်မှတ် ကစားသမား အိုင်ဆက်က အာဆင်နယ်ထက် ပိုကောင်း ပိုကြီးတဲ့ ကလပ်အသင်းတွေ ရွေးချယ်စရာ ရှိနေတယ်လို့ ပေါစခိုးလ်က သတိပေးလိုက်ပါတယ်။

အာဆင်နယ်ဟာ နယူးကာဆယ် တိုက်စစ်မှုး အိုင်ဆက်ကို ကာလရှည် ပစ်မှတ်ထား ချိတ်ဆက်နေတာ ဖြစ်ပါတယ်။ ဆွီဒင်သားရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုးတင် ၁၇ ဂိုး ရှိနေပြီး အာဆင်နယ်ကို နောက်တစ်လယ်ဗယ် ခေါ်သွားနိုင်တဲ့ ကစားသမားမျိုး ဖြစ်နေတာပါ။

သရဲနီဟောင်း ပေါစခိုးလ်က ” အိုင်ဆက်ကို အားလုံးက သဘောကျကြတာပဲ။ ကျွန်တော်တော့ သူ အာဆင်နယ်ကို သွားစရာ အကြောင်း မမြင်ဘူး။

ရီးရဲလ်မက်ဒရစ် အကြောင်းကို ထည့်တွေးရမယ်။ လီဗာပူးကလည်း တိုက်စစ်မှုး တစ်ယောက် လိုတယ်။ အိုင်ဆက် အတွက် အာဆင်နယ်က ရွေးချယ်စရာ တစ်သင်း ပါပေမယ့် သူတို့က list ထဲမှာ အောက်နားကပဲ ပါလိမ့်မယ်။

ကျွန်တော် မကောင်းပြောနေတာ မဟုတ်ပါဘူး။ နယူးကာဆယ်ကလည်း အသင်းကောင်း တစ်သင်းပါပဲ ဒါပေမယ့် သူတို့ ပရီးမီးယားလိဂ်တော့ ရမှာ မဟုတ်ဘူး။ ဒီတော့ သူကလည်း သူ့ ကစားသမားဘဝ နောက်တစ်ဆင့် အတွက် စဉ်းစားမယ်လေ။

အာဆင်နယ်ကို သွားရင်တော့ နယူးကာဆယ်နဲ့ ဘာမှ ကွာမှာ မဟုတ်ဘူး။ အခြေအနေ တူတူပဲ ဖြစ်မှာပဲ။ လီဗာပူးမှာမှ အများကြီး ပိုသာတဲ့ အခွင့်အရေး ရှိဦးမယ်။ မန်စီးတီးနဲ့ ရီးရဲလ်မက်ဒရစ် တို့လည်း လီဗာပူးလိုပဲပေါ့။

အိုင်ဆက် ရည်မှန်းချက်က အာဆင်နယ်ထက် မြင့်မှာပါ။ မန်ချက်စတာ ယူနိုက်တက် ဆိုလည်း သူ့နေရာ ကစားသမားမျိုး ရှာနေတာပဲ၊ ဒါပေမယ့် ရမှာ မဟုတ်ဘူးလေ။ ” လို့ သုံးသပ် ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။