၀က်စ်ဘရွန်း Vs ချယ်ဆီး ပွဲ အတွက် ဘီဘီစီမှ လော်ရိုးရဲ့ သုံးသပ်ချက်နဲ့ ခန့်မှန်းရလဒ်

ချယ်ဆီး အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၃ မှာတော့ ဝက်စ်ဘရွန်း အသင်းနဲ့ တွေ့ဆုံနေပြီး ဒီနေ့ စက်တင်ဘာလ ၂၆ ရက် (စနေနေ့) ည ၁၁ နာရီမှာ အဝေးကွင်း သွားရောက် ယှဉ်ပြိုင် ကစားရမှာပါ။ ဒီပွဲနဲ့ ပတ်သတ်ပြီး ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ လော်ရိုးက အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။

လော်ရိုးက – ” ပြီးခဲ့တဲ့အပတ်က လီဗာပူးကို ရှုံးလိုက်တဲ့ပွဲဟာ ချယ်ဆီးအသင်းအတွက်တော့ တကယ့် အရှိတရားကို ဆန်းစစ်မှု တစ်ခု ရခဲ့တယ် ဆိုရမှာပါ။ ဖရန့်လမ်းပတ်ရဲ့ အသင်းက တခါတလေ ရိုးစင်းလွန်းပြီး အကောင်းဆုံး ဖြစ်လာဖို့ တော်တော် ကြိုးစားနေရဆဲ ဆိုတာ မြင်ရပါတယ်။ လမ်းပတ်ဟာ သူတို့ ကစားသမားသစ်တွေနဲ့ အထိုင်ကျ အကောင်းဆုံး ဖြစ်ဖို့ တကယ်လည်း ကြိုးစားနေရပါတယ်။

ဒါ့အပြင် ချယ်ဆီး ဂိုးသမား ကီပါကလည်း လုံလောက် ကောင်းမွန်မှု တကယ်ကို မရှိတာ မြင်ခဲ့ရတယ်။ သူ အမှားတွေ တေ်ာတော်များများကို လုပ်ခဲ့တယ်။ ဒါကြောင့်လည်း ချယ်ဆီးက ချက်ချင်းဆိုသလို အပ်ဒွပ် မန်ဒီကို ဒီအပတ်ထဲမှာ အရ ခေါ်ယူခဲ့တာပါ။

ဟော်သရွန်မှာ ဒီတစ်ပတ် ကန်မယ့် ပွဲမှာတော့ ဂိုးသမား ဘယ်သူပဲ ပွဲထွက်လာလာ ခံစစ်မှာတော့ သီယေဂို ဆေးလ်ဗားက သူ့ရဲ့ ပထမဆုံး ပရီးမီးယားလိဂ် ပွဲ ပါဝင် ကစားလာပါလိမ့်မယ်။ ဒါပေမယ့် ဘယ်လိုဖြစ်ဖြစ် ဝက်စ်ဘရွန်းက ချယ်ဆီးကို သိပ်ဒုက္ခပေးနိုင်စရာ မမြင်ပါဘူး။

ဝက်စ်ဘရွန်းက သူတို့ ပထမ နှစ်ပွဲလုံး ရှုံးထားပြီး ၈ ဂိုးအ ထိ ပေးထားရတယ်။ ဒီတကြိမ်မှာလည်း လွယ်ကူမှာ မဟုတ်ပါဘူး။ သူတို့ ခံစစ် ဘယ်လို ဆိုတာ လက်စတာ၊ အဲဗာတန်နဲ့ ပွဲတွေမှာ မြင်ခဲ့ရပြီးပြီ ဒီတစ်ကြိမ်မှာတော့ ချယ်ဆီးနဲ့ပေါ့။ ဆိုးတာ တစ်ခုက ဒီရာသီ ပထမဆုံး သုံးပွဲက ပြိုင်ဘက်တွေဟာ ပရီးမီးယား လိဂ်မှာ အဆင့် ၈ အတွင်း ဝင်မယ့် အသင်းတွေ ဖြစ်ပါတယ်။

ဘီလစ်ရဲ့ အသင်းအတွက်တော့ ခက်ခဲတဲ့ အစပါ။ ဒါကိုလည်း သိပ်တွေးပြီး ခံစားမနေတာ ကောင်းပါတယ်။ ချယ်ဆီးနဲ့ ပွဲပြီးရင်လည်း သူတို့ အမှတ်ရဦးမှာ မဟုတ်ပါဘူး။ သူတို့ စွမ်းဆောင်ရည် အမှန်ကို ဇယား အောက်ခြေနားက အသင်းတွေနဲ့ ရင်ဆိုင်ရခါမှ သေချာ အကဲဖြတ်နိုင်မှာပါ။ ” လို့ သုံးသပ်ထားပါတယ်။

လော်ရိုး ခန့်မှန်းရလဒ်ကတော့ ဝက်စ်ဘရွန်း 0-2 ချယ်ဆီး ဖြစ်ပါတယ်။

Zawgyi – ခ်ယ္ဆီး အသင္းဟာ ဒီတစ္ပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၃ မွာေတာ့ ၀က္စ္ဘရြန္း အသင္းနဲ႕ ေတြ႔ဆံုေနျပီး ဒီေန႔ စက္တင္ဘာလ ၂၆ ရက္ (စေနေန႔) ည ၁၁ နာရီမွာ အေ၀းကြင္း သြားေရာက္ ယွဥ္ျပိဳင္ ကစားရမွာပါ။ ဒီပြဲနဲ႕ ပတ္သတ္ျပီး ဘီဘီစီမွ ပင္တိုင္ သံုးသပ္သူ ေလာ္ရိုးက အခုလို သံုးသပ္ ခန္႔မွန္းထားပါတယ္။

ေလာ္ရိုးက – ” ျပီးခဲ့တဲ့အပတ္က လီဗာပူးကို ရွံဳးလိုက္တဲ့ပြဲဟာ ခ်ယ္ဆီးအသင္းအတြက္ေတာ့ တကယ့္ အရွိတရားကို ဆန္းစစ္မႈ တစ္ခု ရခဲ့တယ္ ဆိုရမွာပါ။ ဖရန္႔လမ္းပတ္ရဲ႕ အသင္းက တခါတေလ ရိုးစင္းလြန္းျပီး အေကာင္းဆံုး ျဖစ္လာဖို႔ ေတာ္ေတာ္ ၾကိဳးစားေနရဆဲ ဆိုတာ ျမင္ရပါတယ္။ လမ္းပတ္ဟာ သူတို႔ ကစားသမားသစ္ေတြနဲ႕ အထိုင္က် အေကာင္းဆံုး ျဖစ္ဖို႔ တကယ္လည္း ၾကိဳးစားေနရပါတယ္။

ဒါ့အျပင္ ခ်ယ္ဆီး ဂိုးသမား ကီပါကလည္း လံုေလာက္ ေကာင္းမြန္မႈ တကယ္ကို မရွိတာ ျမင္ခဲ့ရတယ္။ သူ အမွားေတြ ေတ္ာေတာ္မ်ားမ်ားကို လုပ္ခဲ့တယ္။ ဒါေၾကာင့္လည္း ခ်ယ္ဆီးက ခ်က္ခ်င္းဆိုသလို အပ္ဒြပ္ မန္ဒီကို ဒီအပတ္ထဲမွာ အရ ေခၚယူခဲ့တာပါ။

ေဟာ္သရြန္မွာ ဒီတစ္ပတ္ ကန္မယ့္ ပြဲမွာေတာ့ ဂိုးသမား ဘယ္သူပဲ ပြဲထြက္လာလာ ခံစစ္မွာေတာ့ သီေယဂို ေဆးလ္ဗားက သူ႔ရဲ႕ ပထမဆံုး ပရီးမီးယားလိဂ္ ပြဲ ပါ၀င္ ကစားလာပါလိမ့္မယ္။ ဒါေပမယ့္ ဘယ္လိုျဖစ္ျဖစ္ ၀က္စ္ဘရြန္းက ခ်ယ္ဆီးကို သိပ္ဒုကၡေပးနုိင္စရာ မျမင္ပါဘူး။

၀က္စ္ဘရြန္းက သူတို႔ ပထမ နွစ္ပြဲလံုး ရွံဳးထားျပီး ၈ ဂိုးအ ထိ ေပးထားရတယ္။ ဒီတၾကိမ္မွာလည္း လြယ္ကူမွာ မဟုတ္ပါဘူး။ သူတို႔ ခံစစ္ ဘယ္လို ဆိုတာ လက္စတာ၊ အဲဗာတန္နဲ႕ ပြဲေတြမွာ ျမင္ခဲ့ရျပီးျပီ ဒီတစ္ၾကိမ္မွာေတာ့ ခ်ယ္ဆီးနဲ႕ေပါ့။ ဆိုးတာ တစ္ခုက ဒီရာသီ ပထမဆံုး သံုးပြဲက ျပိဳင္ဘက္ေတြဟာ ပရီးမီးယား လိဂ္မွာ အဆင့္ ၈ အတြင္း ၀င္မယ့္ အသင္းေတြ ျဖစ္ပါတယ္။

ဘီလစ္ရဲ႕ အသင္းအတြက္ေတာ့ ခက္ခဲတဲ့ အစပါ။ ဒါကိုလည္း သိပ္ေတြးျပီး ခံစားမေနတာ ေကာင္းပါတယ္။ ခ်ယ္ဆီးနဲ႕ ပြဲျပီးရင္လည္း သူတို႔ အမွတ္ရဦးမွာ မဟုတ္ပါဘူး။ သူတို႔ စြမ္းေဆာင္ရည္ အမွန္ကို ဇယား ေအာက္ေျခနားက အသင္းေတြနဲ႕ ရင္ဆုိင္ရခါမွ ေသခ်ာ အကဲျဖတ္နုိင္မွာပါ။ ” လို႕ သံုးသပ္ထားပါတယ္။

ေလာ္ရိုး ခန္႔မွန္းရလဒ္ကေတာ့ ၀က္စ္ဘရြန္း 0-2 ခ်ယ္ဆီး ျဖစ္ပါတယ္။