ပီအက်စ်ဂျီ ကွင်းလယ်ကြယ်ပွင့် ဒရက်ဇယ်လာ အတွက် စုံစမ်းမေးမြန်းခဲ့တဲ့ အာဆင်နယ်

ပီအက်စ်ဂျီ ကွင်းလယ်ကစားသမား ဂျူလီယန် ဒရက်ဇယ်လာက ရှားရှားပါးပါး အနေနဲ့ အရန် ကစားသမားကောင်း အဖြစ် ခြေငြိမ်စွာ ရှိနေတဲ့ ကစားသမား တစ်ဦး ဖြစ်ပါတယ်။ ပုံမှန် ပွဲကစားချိန်နည်းနေပေမယ့် ပွဲချိန် ပို ကစားရဖို့ အသင်းသစ် ရှာဖွေနေတဲ့ ကစားသမား တစ်ယောက်တော့ မဟုတ်ပါဘူး။

ဂျာမန်သားဟာ ၂၀၁၇ မှာ ဝုဗ်ဘတ်ကနေ ပြောင်းရွှေ့ကြေး ယူရို ၃၅ သန်းနဲက ပီအက်စ်ဂျျီ အသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပြီး နည်းပြတွေ အကြိုက် ပွဲထွက် ကစားသမားတော့ ဖြစ်မလာခဲ့ပါဘူး။

ဒီရာသီမှာ ဒရယ်ဇယ်လာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်း တော်တော်များများ ရှိနေပြီး ဟယ်သာဘယ်လင်၊ အေစီမီလန်တို့ ပါဝင်ပါတယ်။ ဒါပေမယ့် အသက် ၂၆ နှစ် အရွယ် ကွင်းလယ်သမားက လီဂူးဝမ်းမှာပဲ ဆက်ရှိနေခဲ့တာပါ။ ဒရယ်ဇယ်လာ ကို အင်တာမီလန်ကလည်း အိုင်ကာဒီနဲ့ အလဲအထပ်အတွက် ကမ်းလှမ်းခဲ့ဖူးပေမယ့် မအောင်မြင်ခဲ့ပါဘူး။

လာမယ့်နွေအပြောင်းအရွှေ့ မှာတော့ ဒရယ်ဇယ်လာရဲ့ အနေအထားက ပိုလှုပ်ခတ်လာနိုင်ပြီး အသင်းပြောင်းဖြစ်ဖွယ် ရှိနိုင်ပါတယ်။ ဒရယ်ဇယ်လာကို ခေါ်ယူဖို့ လတ်တလော စုံစမ်း မေးမြန်းလာတာက အာဆင်နယ်နဲ့ အခြား အမည် မဖော်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်း ဖြစ်တယ်လို့ ပြင်သစ် သတင်းများမှာ ဖော်ပြလာပါတယ်။

၎င်းကို ခေါ်ယူလိုတဲ့ အသင်းတွေ အတွက် အတားအဆီး တစ်ခုကလည်း မြင့်မားတဲ့ လစာ ဖြစ်ပါတယ်။ ဒရယ်ဇယ်လာ က တစ်လ မှန်းခြေ လုပ်ခ ယူရို ၆ သိန်း လောက်ရှိတယ်လို့ သိရပါတယ်။ အရွယ်ကောင်း ရောက်နေတဲ့ ဂျာမန်သား အနေနဲ့ အသင်းပြောင်း မပြောင်း ဒီနွေမှာတော့ ဆုံးဖြတ်ဖွယ် ရှိနေပါတယ်။

Zawgyi – ပီအက္စ္ဂ်ီ ကြင္းလယ္ကစားသမား ဂ်ဴလီယန္ ဒရက္ဇယ္လာက ရွားရွားပါးပါး အေနနဲ႕ အရန္ ကစားသမားေကာင္း အျဖစ္ ေျချငိမ္စြာ ရွိေနတဲ့ ကစားသမား တစ္ဦး ျဖစ္ပါတယ္။ ပံုမွန္ ပြဲကစားခ်ိန္နည္းေနေပမယ့္ ပြဲခ်ိန္ ပို ကစားရဖို႔ အသင္းသစ္ ရွာေဖြေနတဲ့ ကစားသမား တစ္ေယာက္ေတာ့ မဟုတ္ပါဘူး။

ဂ်ာမန္သားဟာ ၂၀၁၇ မွာ ၀ုဗ္ဘတ္ကေန ေျပာင္းေရႊ႕ေၾကး ယူရို ၃၅ သန္းနဲက ပီအက္စ္ဂ်ီ် အသင္းထံ ေရာက္ရွိလာခဲ့တာ ျဖစ္ျပီး နည္းျပေတြ အၾကိဳက္ ပြဲထြက္ ကစားသမားေတာ့ ျဖစ္မလာခဲ့ပါဘူး။

ဒီရာသီမွာ ဒရယ္ဇယ္လာကို ေခၚယူဖို႔ စိတ္၀င္စားေနတဲ့ ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ား ရွိေနျပီး ဟယ္သာဘယ္လင္၊ ေအစီမီလန္တို႔ ပါ၀င္ပါတယ္။ ဒါေပမယ့္ အသက္ ၂၆ နွစ္ အရြယ္ ကြင္းလယ္သမားက လီဂူး၀မ္းမွာပဲ ဆက္ရွိေနခဲ့တာပါ။ ဒရယ္ဇယ္လာ ကို အင္တာမီလန္ကလည္း အိုင္ကာဒီနဲ႕ အလဲအထပ္အတြက္ ကမ္းလွမ္းခဲ့ဖူးေပမယ့္ မေအာင္ျမင္ခဲ့ပါဘူး။

လာမယ့္ေႏြအေျပာင္းအေရႊ႕ မွာေတာ့ ဒရယ္ဇယ္လာရဲ႕ အေနအထားက ပိုလႈပ္ခတ္လာနုိင္ျပီး အသင္းေျပာင္းျဖစ္ဖြယ္ ရွိနိုင္ပါတယ္။ ဒရယ္ဇယ္လာကို ေခၚယူဖို႔ လတ္တေလာ စံုစမ္း ေမးျမန္းလာတာက အာဆင္နယ္နဲ႕ အျခား အမည္ မေဖာ္တဲ့ ပရီးမီးယားလိဂ္ ကလပ္အသင္း တစ္သင္း ျဖစ္တယ္လို႔ ျပင္သစ္ သတင္းမ်ားမွာ ေဖာ္ျပလာပါတယ္။

၄င္းကို ေခၚယူလိုတဲ့ အသင္းေတြ အတြက္ အတားအဆီး တစ္ခုကလည္း ျမင့္မားတဲ့ လစာ ျဖစ္ပါတယ္။ ဒရယ္ဇယ္လာ က တစ္လ မွန္းေျခ လုပ္ခ ယူရို ၆ သိန္း ေလာက္ရွိတယ္လို႔ သိရပါတယ္။ အရြယ္ေကာင္း ေရာက္ေနတဲ့ ဂ်ာမန္သား အေနနဲ႕ အသင္းေျပာင္း မေျပာင္း ဒီေႏြမွာေတာ့ ဆံုးျဖတ္ဖြယ္ ရွိေနပါတယ္။