ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (25/09/20)

ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်း ဖြစ်တဲ့ ဘရိုင်ယန် ရော့ဘ်ဆန်ကတော့ ဆိုးရှား ရွေးချယ်တဲ့ ကွင်းလယ်မှာ ပေါ့ဘာကို ကျော်ပြီး ဗန်ဒီဘိခ်က နေရာ ရလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်း မန်နေဂျာ ဆိုးရှားကတော့ ပွဲရလဒ်ကောင်းဖို့ ဦးတည်ပြီး လူစာရင်းကို ရွေးချယ်တာ ဖြစ်လို့ ပွဲကစားချိန် နည်းတဲ့ အပေါ် မပျော်ရွှင် ဖြစ်နေတဲ့ ကစားသမားတွေကို ပျော်အောင် လုပ်ဖို့က သူ့အလုပ် မဟုတ်ကြောင်း ဆိုလိုက်ပါတယ်။

အာဆင်နယ် ကစားသမားဟောင်းကြီး အီယန်ရိုက်က ဗန်ဒီဘိခ်ဟာ သူ့ကလပ်ဟောင်းထံ ရောက်စေချင်မိတဲ့ ကစားသမား ဖြစ်တယ်လို့ ၀န်ခံလိုက်ပြီး နယ်သာလန်သားဟာ ကွင်းလယ်မှာ သူနဲ့ ကစားပေါက်တူတဲ့ ဖာနန်ဒက်စ်၊ ပေါ့ဘာတို့ ရှိပြီးသား ယူနိုက်တက်ကို မရွေးချယ်သင့်ကြောင်း သုံးသပ် ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ခံစစ်မှာ အဲရစ် ဘိုင်လီ ပြန်ပါဝင် ကစားနိုင်တော့မှာ ဖြစ်လို့ နည်းပြ ဆိုးရှားကတော့ ကျေနပ် အားရနေပြီး လင်ဒီလော့ဖ် နေရာ ၀င်ကစားစေဖို့ ရှိကြောင်း အရိပ်အမြွက် ဆိုခဲ့ပါတယ်။ ဘိုင်လီဟာ လူတန်တောင်းနဲ့ ကစားတဲ့ ကာရာဘောင်းမှာ ပါဝင်ကစားကာ ခြေစွမ်းလည်း ပြခဲ့ပါတယ်။

ဦးစားပေး ပစ်မှတ် ဆန်ချို အတွက် နောက်ဆုံး အကြိမ် အဖြစ် ယူနိုက်တက်က ပေါင် သန်း ၉၀ နဲ့ ကမ်းလှမ်းလိုက်ပြီး ဒေါ့မွန်ဘက်ကတော့ တစုံတရာ တုန့်ပြန်မှု မပေးသေးဘဲ ရှိပါတယ်။

ယူနိုက်တက်နဲ့ ဂျူဗင်တပ်အသင်းတို့ ချိတ်ဆက်ထားတဲ့ ၀ုဗ်အသင်းရဲ့ တိုက်စစ်မှူး ဂျီမီးနက်ဇ်ကတော့ ကမ်းလှမ်းမှုတွေ အတွက် လမ်းဖွင့်ထားပြီး စဉ်းစားသွားမှာ ဖြစ်ကြောင်း ၀န်ခံ ပြောဆိုလာပါတယ်။