ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/09/20)

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားဟာ ကလပ်ရဲ့ နွေ အပြောင်းအရွှေ့လှုပ်ရှားမှုအပေါ် ဝေဖန်မှုတွေကို ပြန်လည်တုံ့ပြန်ခဲ့ပြီး ဗန်ဒီဘိခ် တစ်ယောက်တည်းသာ ခေါ်ယူတဲ့အတွက် မလုံလောက်ဘူးလို့ ပြောနေတာတွေက ကစားသမားသစ်အပေါ် မလေးစားရာ ကျတယ်လို့ ပြောဆိုခဲ့ပါတယ်။

မနှစ်က ယူနိုက်တက် တိုက်စစ် သုံးယောက်ပေါင်း ၆၂ဂိုး ရခဲ့ပေမယ့် ၁၀ဂိုးကျော်သွင်းနိုင်တဲ့ တခြားနေရာက ကစားသမားဆိုလို့ ဘရူနို ဖာနန်ဒက်စ် တစ်ယောက်သာ ရှိခဲ့တာကြောင့် ရာသီသစ်မှာ အခြား ကွင်းလယ်နဲ့ ခံစစ်ကစားသမားတွေလဲ ဂိုးသွင်းကြဖို့ ဆိုးလ်ရှားက တိုက်တွန်း ခဲ့ပါတယ်။

စမောလင်းဟာ မနှစ်က အငှားကစား အောင်မြင်ခဲ့တဲ့နောက် ရိုးမားကို ပြန်သွားချင်ပေမယ့် သူ့အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ယူနိုက်တက်က ယူရိုသန်း၂၀ကို မလျှော့နိုင်ပဲ တင်းခံခဲ့နောက် ရိုးမားဟာ နောက်ဆုံးအနေနဲ့ ယူရို၁၈သန်းပေးဖို့ ပြင်ဆင်ထားပါတယ်။

မားကို့စ် ရိုဂျိုနဲ့ ခရစ်စမောလင်းတို့ဟာ အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုထားသလို ယူနိုက်တက်အသင်းကြီးနဲ့ ခွဲပြီး သီးသန့် လေ့ကျင့်မှုတွေ လုပ်နေကြောင်း ဆိုးလ်ရှားက အတည်ပြုခဲ့ပေမယ့် စမောလင်းအတွက် လက်ခံနိုင်စရာ ကမ်းလှမ်းမှု မရရှိခဲ့ဘူးလို့လည်း အသိပေးခဲ့ပါတယ်။

ယူနိုက်တက်ရဲ့ ပထမဦးစားပေး ဗဟိုခံစစ်အတွဲအနေနဲ့ အဲရစ်ဘိုင်လီနဲ့ မက်ဂွဲရားကို တာဝန်ပေးဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုးလ်ရှားက ပြောဆိုခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦးဟာ မနှစ်က၆ပွဲ အတူပွဲထွက်ခဲ့ပြီး ၂ဂိုးသာ ပေးခဲ့ရတာကြောင့်သူတို့ကို ရေရှည် နေရာပေးဖို့ ဆိုးလ်ရှား စဉ်းစားနေတာက လင်ဒီလော့ဖ် အတွက်တော့ သတင်းဆိုးဖြစ်နိုင်ပါတယ်။

ယူနိုက်တက်ဟာ တိုက်စစ် အင်အားဖြည့်ဖို့ လုပ်သင့်ပေမယ့် ဂျေဒန်ဆန်ချိုအတွက် လက်ရှိ ခေါ်ဈေးက ရူးကြောင်ကြောင် နိုင်လွန်းတယ်လို့ အန်ဒီကိုးလ်က သတိပေးစကား ဆိုလိုက်ပါတယ်။

Zawgyi – မန္ခ်က္စတာ ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားဟာ ကလပ္ရဲ႕ ေႏြ အေျပာင္းအေ႐ႊ႕လႈပ္ရွားမႈအေပၚ ေဝဖန္မႈေတြကို ျပန္လည္တုံ႔ျပန္ခဲ့ၿပီး ဗန္ဒီဘိခ္ တစ္ေယာက္တည္းသာ ေခၚယူတဲ့အတြက္ မလုံေလာက္ဘူးလို႔ ေျပာေနတာေတြက ကစားသမားသစ္အေပၚ မေလးစားရာ က်တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

မႏွစ္က ယူႏိုက္တက္ တိုက္စစ္ သုံးေယာက္ေပါင္း ၆၂ဂိုး ရခဲ့ေပမယ့္ ၁၀ဂိုးေက်ာ္သြင္းႏိုင္တဲ့ တျခားေနရာက ကစားသမားဆိုလို႔ ဘ႐ူႏို ဖာနန္ဒက္စ္ တစ္ေယာက္သာ ရွိခဲ့တာေၾကာင့္ ရာသီသစ္မွာ အျခား ကြင္းလယ္နဲ႔ ခံစစ္ကစားသမားေတြလဲ ဂိုးသြင္းၾကဖို႔ ဆိုးလ္ရွားက တိုက္တြန္း ခဲ့ပါတယ္။

စေမာလင္းဟာ မႏွစ္က အငွားကစား ေအာင္ျမင္ခဲ့တဲ့ေနာက္ ႐ိုးမားကို ျပန္သြားခ်င္ေပမယ့္ သူ႔အေျပာင္းအေ႐ႊ႕နဲ႔ ပတ္သက္လို႔ ယူႏိုက္တက္က ယူ႐ိုသန္း၂၀ကို မေလွ်ာ့ႏိုင္ပဲ တင္းခံခဲ့ေနာက္ ႐ိုးမားဟာ ေနာက္ဆုံးအေနနဲ႔ ယူ႐ို၁၈သန္းေပးဖို႔ ျပင္ဆင္ထားပါတယ္။

မားကို႔စ္ ႐ိုဂ်ိဳနဲ႔ ခရစ္စေမာလင္းတို႔ဟာ အသင္းကေန ထြက္ခြာခြင့္ေပးဖို႔ ေတာင္းဆိုထားသလို ယူႏိုက္တက္အသင္းႀကီးနဲ႔ ခြဲၿပီး သီးသန္႔ ေလ့က်င့္မႈေတြ လုပ္ေနေၾကာင္း ဆိုးလ္ရွားက အတည္ျပဳခဲ့ေပမယ့္ စေမာလင္းအတြက္ လက္ခံႏိုင္စရာ ကမ္းလွမ္းမႈ မရရွိခဲ့ဘူးလို႔လည္း အသိေပးခဲ့ပါတယ္။

ယူႏိုက္တက္ရဲ႕ ပထမဦးစားေပး ဗဟိုခံစစ္အတြဲအေနနဲ႔ အဲရစ္ဘိုင္လီနဲ႔ မက္ဂြဲရားကို တာဝန္ေပးဖို႔ အဆင္သင့္ျဖစ္ေနၿပီလို႔ ဆိုးလ္ရွားက ေျပာဆိုခဲ့ပါတယ္။ ၄င္းတို႔ နွစ္ဦးဟာ မႏွစ္က၆ပြဲ အတူပြဲထြက္ခဲ့ၿပီး ၂ဂိုးသာ ေပးခဲ့ရတာေၾကာင့္သူတို႔ကို ေရရွည္ ေနရာေပးဖို႔ ဆိုးလ္ရွား စဥ္းစားေနတာက လင္ဒီေလာ့ဖ္ အတြက္ေတာ့ သတင္းဆိုးျဖစ္ႏိုင္ပါတယ္။

ယူႏိုက္တက္ဟာ တိုက္စစ္ အင္အားျဖည့္ဖို႔ လုပ္သင့္ေပမယ့္ ေဂ်ဒန္ဆန္ခ်ိဳအတြက္ လက္ရွိ ေခၚေဈးက ႐ူးေၾကာင္ေၾကာင္ နိုင္လြန္းတယ္လို႔ အန္ဒီကိုးလ္က သတိေပးစကား ဆိုလိုက္ပါတယ္။