ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (26/09/20)

ယူနိုက်တက်ဟာ စနေနေ့ ညနေ အစောပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲမှာ ဘရိုက်တန် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ခဲ့ရာ ၃ဂိုး ၂ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ တစ်ဖက် ၂ ဂိုးစီနဲ့ သရေကျ ပွဲပြီးသွားချိန်မှာမှ ပင်နယ်တီ ရခဲ့တဲ့ အခွင့်ကောင်းကို ဘရူနို ဖာနန်ဒက်စ် ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့တာကြောင့် ယူနိုက်တက်တို့ သက်သာရာ ရသွားခဲ့ပါတယ်။

ဒီပွဲကတော့ ပရီးမီးယားလိဂ်သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပွဲပြီးခရား မှုတ်ပြီမှ ပွဲပြန်စရတဲ့ ပွဲစဉ်ဖြစ်သွားခဲ့ပါတယ်။ ဘရိုက်တန် ယူနိုက်တက် ပွဲကတော့ ဒီအပတ်အတွက် ပြောစရာတွေ အများကြီး ဖြစ်မယ့် ပွဲလည်း ဖြစ်လာပါလိမ့်မယ်။

ဘရူနို ဖာနန်ဒက်စ်ဟာ ယူနိုက်တက် အတွက် ကစားခဲ့တဲ့ အဝေးကွင်း ပွဲစဉ် ၈ ပွဲမှာ ၎င်းရဲ့ ကိုယ်တိုင် သွင်းဂိုးနဲ့ ဂိုးထောက်ပံ့မှုတွေက ၁၀ ဂိုး အထိ ပါဝင်နေခဲ့ပါတယ်။ ဘရိုက်တန်နဲ့ ပွဲမှာလည်း ဖာနန်ဒက်စ်က ကိုယ်တိုင် ပင်နယ်တီ သွင်းဂိုး အပြင် ရက်ဖို့ဒ် သွင်းဂိုး အတွက် ပေးပို့ဖန်တီးပေးခဲ့ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံး သီတင်းပတ်ထဲမှာ ယူနိုက်တက် အနေနဲ့ လိုက်ပ်ဇစ် ခံစစ်မှူး ဒေယော့ အူပါမီကာနို ကို အရ ခေါ်ယူသွားဖို့ ရီယို ဖာဒီနန်ကတော့ တိုက်တွန်းလိုက်ပါတယ်။ မက်ဂွဲရားနဲ့ တွဲဖက် အဖြစ် ကစားနေတဲ့ လင်ဒီလော့ဖ် နေရာ အတွက် အစားထိုးနိုင်မယ့် သူ တစ်ဦး ဖာဒီနန်က ခေါ်ယူစေလိုနေပါတယ်။

ဆန်ချို တစ်ယောက်တည်းနဲ့ ယူနိုက်တက်ကို ဖလားရအောင် ပြောင်းလဲပေးလိမ့်မယ် လို့ မတွေးသင့်ဘူးလို့ အသင်းဟောင်းကို အန်ဒီကိုးလ်က သတိပေးခဲ့ပါတယ်။ စီးတီး၊ လီဗာပူးတို့တောင် ဖလား အောင်မြင်ဖို့ အချိန်နဲ့လူအင်အားများစွာ ယူခဲ့ရသလို ယူနိုက်တက်ကလဲ ဆန်ချိုထက် အများကြီး ပို လိုအပ်တယ်လို့ ကိုးလ်က ပြောခဲ့တာပါ။

အင်္ဂလန်နဲ့ ဂျာမန်သတင်းတွေကတော့ ဆိုးရှားက ဆန်ချို ကို အရ ခေါ်ပေးဖို့ ယူနိုက်တက် ဘုတ်အဖွဲ့ကို တိုက်ရိုက် တောင်းဆိုထားပြီး အသင်း တာဝန်ရှိသူတွေကလည်း မစိုးရိမ်ဖို့ တုန့်ပြန်ကာ အရခေါ်ပေးမယ် ကတိပေးထားကြောင်း ဆိုထားပါတယ်။

ဒေးဗစ် ဒီဂီယာကတော့ ဒင်း ဟန်ဒါဆန် ပြန်ရောက်လာပေမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက် ဂိုးသမား နေရာကို သူပဲ ဆက်လက် ထိန်းထားနိုင်မယ်လို့ ယုံကြည်နေပါတယ်။ ဒင်း ဟန်ဒါဆန်ဟာ ကြားရက် ကာရာဘောင်းပွဲမှာတော့ ဂိုးပေါက်ကို တာဝန်ယူခဲ့ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ စေနေန႔ ညေန အေစာပိုင္း ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲမွာ ဘရိုက္တန္ အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆိုင္ခဲ့ရာ ၃ဂိုး ၂ဂိုးနဲ႕ အနုိင္ရသြားခဲ့ပါတယ္။ တစ္ဖက္ ၂ ဂိုးစီနဲ႕ သေရက် ပြဲျပီးသြားခ်ိန္မွာမွ ပင္နယ္တီ ရခဲ့တဲ့ အခြင့္ေကာင္းကို ဘရူနို ဖာနန္ဒက္စ္ ဂိုးအျဖစ္ ေျပာင္းလဲနုိင္ခဲ့တာေၾကာင့္ ယူနိုက္တက္တို႔ သက္သာရာ ရသြားခဲ့ပါတယ္။

ဒီပြဲကေတာ့ ပရီးမီးယားလိဂ္သမိုင္းမွာ ပထမဆံုးအၾကိမ္အျဖစ္ ပြဲျပီးခရား မႈတ္ျပီမွ ပြဲျပန္စရတဲ့ ပြဲစဥ္ျဖစ္သြားခဲ့ပါတယ္။ ဘရိုက္တန္ ယူနိုက္တက္ ပြဲကေတာ့ ဒီအပတ္အတြက္ ေျပာစရာေတြ အမ်ားၾကီး ျဖစ္မယ့္ ပြဲလည္း ျဖစ္လာပါလိမ့္မယ္။

ဘရူနို ဖာနန္ဒက္စ္ဟာ ယူနိုက္တက္ အတြက္ ကစားခဲ့တဲ့ အေ၀းကြင္း ပြဲစဥ္ ၈ ပြဲမွာ ၄င္းရဲ႕ ကိုယ္တိုင္ သြင္းဂိုးနဲ႕ ဂိုးေထာက္ပံ့မႈေတြက ၁၀ ဂိုး အထိ ပါ၀င္ေနခဲ့ပါတယ္။ ဘရိုက္တန္နဲ႕ ပြဲမွာလည္း ဖာနန္ဒက္စ္က ကိုယ္တိုင္ ပင္နယ္တီ သြင္းဂိုး အျပင္ ရက္ဖို႔ဒ္ သြင္းဂိုး အတြက္ ေပးပို႔ဖန္တီးေပးခဲ့ပါတယ္။

အေျပာင္းအေရႊ႕ ေနာက္ဆံုး သီတင္းပတ္ထဲမွာ ယူနိုက္တက္ အေနနဲ႕ လိုက္ပ္ဇစ္ ခံစစ္မွဴး ေဒေယာ့ အူပါမီကာနို ကို အရ ေခၚယူသြားဖို႔ ရီယို ဖာဒီနန္ကေတာ့ တိုက္တြန္းလိုက္ပါတယ္။ မက္ဂြဲရားနဲ႕ တြဲဖက္ အျဖစ္ ကစားေနတဲ့ လင္ဒီေလာ့ဖ္ ေနရာ အတြက္ အစားထိုးနုိင္မယ့္ သူ တစ္ဦး ဖာဒီနန္က ေခၚယူေစလိုေနပါတယ္။

ဆန္ခ်ိဳ တစ္ေယာက္တည္းနဲ႔ ယူႏိုက္တက္ကို ဖလားရေအာင္ ေျပာင္းလဲေပးလိမ့္မယ္ လို႔ မေတြးသင့္ဘူးလို႔ အသင္းေဟာင္းကို အန္ဒီကိုးလ္က သတိေပးခဲ့ပါတယ္။ စီးတီး၊ လီဗာပူးတို႔ေတာင္ ဖလား ေအာင္ျမင္ဖို႔ အခ်ိန္နဲ႔လူအင္အားမ်ားစြာ ယူခဲ့ရသလို ယူႏိုက္တက္ကလဲ ဆန္ခ်ိဳထက္ အမ်ားႀကီး ပို လိုအပ္တယ္လို႔ ကိုးလ္က ေျပာခဲ့တာပါ။

အဂၤလန္နဲ႕ ဂ်ာမန္သတင္းေတြကေတာ့ ဆိုးရွားက ဆန္ခ်ိဳ ကို အရ ေခၚေပးဖို႔ ယူနိုက္တက္ ဘုတ္အဖြဲ႕ကို တိုက္ရိုက္ ေတာင္းဆိုထားျပီး အသင္း တာ၀န္ရွိသူေတြကလည္း မစိုးရိမ္ဖို႔ တုန္႔ျပန္ကာ အရေခၚေပးမယ္ ကတိေပးထားေၾကာင္း ဆိုထားပါတယ္။

ေဒးဗစ္ ဒီဂီယာကေတာ့ ဒင္း ဟန္ဒါဆန္ ျပန္ေရာက္လာေပမယ့္ မန္ခ်က္စတာ ယူနုိက္တက္ရဲ႕ ပြဲထြက္ ဂိုးသမား ေနရာကို သူပဲ ဆက္လက္ ထိန္းထားနိုင္မယ္လို႔ ယံုၾကည္ေနပါတယ္။ ဒင္း ဟန္ဒါဆန္ဟာ ၾကားရက္ ကာရာေဘာင္းပြဲမွာေတာ့ ဂိုးေပါက္ကို တာ၀န္ယူခဲ့ပါတယ္။