ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (26/09/20)
ချယ်ဆီး အသင်း ဟာ ဝက်စ်ဟမ်းကွင်းလယ်လူ ဒီကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်အားထက်သန်နေဆဲ ဖြစ်ပါတယ်။ ရိုက်စ်ကလဲ စတန်းဖို့ဒ် ဘရစ်ခ်ျကို ပြန်လာချင်နေပြီး ချယ်ဆီးဟာ ပေါင်သန်း၇၀ ဝန်းကျင်နဲ့ နောက်ဆုံး ကမ်းလှမ်းမှု လုပ်ဖို့ပြင်ဆင်နေတာပါ။
ကစားသမားအသစ် မန်ဒီဟာ ချယ်ဆီး မှာ ပထမဦးစားပေး ဂိုးသမားနေရာကို ရရှိဖို့ဆိုရင် ကြိုးစားဖို့ လိုအပ်လိမ့်မယ်လို့ လမ်းပတ်က ဆိုပါတယ်။ လမ်းပတ်က ကီပါ၊ ကာဘယ်လီရိုနဲ့ မန်ဒီတို့ကြား ပြိုင်ဆိုင်စေချင်တာဖြစ်ပြီး ယနေ့ညပွဲမှာ ဘယ်သူပွဲထွက်မလဲဆိုတာ မပြောနိုင်သေးဘူးလို့ ဝန်ခံခဲ့ပါတယ်။
ချယ်ဆီးအနေနဲ့ ဒီနွေမှာ ဒီကလန်ရိုက်စ်ကို ခေါ်ယူနိုင်ခဲ့ရင် ဂျော်ဂျင်ဟိုကို အာဆင်နယ်ထံ ပြောင်းရွှေ့ခွင့် ပေးဖို့ စဉ်းစားနေပါတယ်။ ဂျော်ဂျင်ဟိုဟာ ဒီရာသီ လိဂ်၂ပွဲလုံးမှာ အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင် ကစားခဲ့ပေမယ့် ကွင်းလယ်ပိုင်း အားဖြည့်ချင်တဲ့ အာဆင်နယ် ကတော့ သူ့ကို ခေါ်ယူချင်နေတာပါ။
အင်တာမီလန်ဟာ ချယ်ဆီး ကွင်းလယ်လူ ကန်တေကို ခေါ်ယူလိုနေတာဖြစ်ပြီး သူ့ရဲ့ ပေါင်၄၆သန်း တန်ကြေးကိုပေးဖို့ ကစားသမားအချို့ကို ရောင်းထုတ်ရမှာပါ။ ချယ်ဆီးဟာ အင်တာရဲ့ အဲရစ်ဆင်နဲ့ ဘရိုဇိုဗစ်တို့ပါဝင်တဲ့ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပြီး သူတို့က ကန်တေထက် ဂျော်ဂျင်ဟိုကို ပိုမို ရောင်းချလိုနေပါတယ်။
ချယ်ဆီး ဟာ ရူဒီဂါကို အငှားခေါ်ယူဖို့ ပီအက်စ်ဂျီရဲ့ ချဉ်းကပ်မှုကို လက်ခံရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီက ဗဟိုနောက်ခံလူကို အပြီးသတ် ဝယ်ယူခွင့်နဲ့ အတူ ကနဦးအငှားခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့် ချယ်ဆီးကတော့ တခြားကလပ်တွေကလဲ စိတ်ဝင်စားနေတဲ့ ရူဒီဂါကို အပြီးရောင်းချဖို့ စဉ်းစားနေပါတယ်။
ချယ်ဆီးနည်းပြ လမ်းပတ်ဟာ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်ကို ချိတ်ဆက်နေတဲ့ သတင်းတွေနဲ့ ပတ်သက်လို့ ဖြေဆိုဖို့ ငြင်းပယ်ခဲ့ပါတယ်။ ရိုက်စ်ဟာ ချယ်ဆီး ရဲ့ ထိပ်တန်းပစ်မှတ်ဖြစ်ခဲ့ပေမယ့် လမ်းပတ်ကတော့ သူ့အနေနဲ့ တခြားကလပ်ရဲ့ကစားသမားအကြောင်း မှတ်ချက်မပေးနိုင်ဘူးလို့ ပြောခဲ့တာပါ။
ပီတာချက်ဟာ ကစားသမားသစ် မန်ဒီ၊ အမှားများစွာလုပ်ခဲ့တဲ့ ကီပါတို့နဲ့အတူ ဂိုးနည်းပြအဖြစ် အလုပ်လုပ်သွားမှာဖြစ်ကြောင်း လမ်းပတ်က ပြောခဲ့ပါတယ်။ ဂိုးသမားဟောင်းကြီးဟာ သူ့ရဲ့ အတွေ့အကြုံ ကြွယ်ဝမှုတွေနဲ့ ချယ်ဆီးရဲ့ ဂိုးပြဿနာကို ဖြေရှင်းပေးမယ်လို့ လမ်းပတ်က ယုံကြည်နေပါတယ်။
စီးရီးအေ ကလပ် ရိုးမားဟာ အနာဂတ် မရေရာတဲ့ ချယ်ဆီးဂိုးသမားကို စိတ်ဝင်စားနေကြောင်း သတင်းတွေထွက်ခဲ့ပေမယ့် သူ့ကို ခေါ်ယူနိုင်ဖို့ မကြိုးစားခဲ့ပါဘူးလို့ ပြန်လည်ငြင်းပယ်ခဲ့တဲ့နောက် ကီပါရဲ့ အနာဂတ် ဘယ်လိုဖြစ်လာမလဲဆိုတာ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။