ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (26/09/20)

လိုင်ယွန် ကွင်းလယ်လူ အာဝါဟာ ဒီနွေမှာ အာဆင်နယ်ထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့တယ်လို့ သိရပါတယ်။ ဂန်းနားတွေဟာ သူ့အတွက် ယူရို ၃၅သန်းနဲ့ သန်း ၄၀ ကြား ကမ်းလှမ်းဖို့ စဉ်းစားထားပေမယ့် လီဂူးဝမ်းကလပ်ကတော့ သန်း ၆၀ အလိုရှိနေခဲ့တာ ဖြစ်ပါတယ်။

အန်ကီတီရာဟာ ဇန်နဝါရီမှာ အာဆင်နယ် အသင်းကြီး ကစားသမားဖြစ်လာခဲ့ပြီးတော့ ဒီရာသီ ဝက်စ်ဟမ်း၊ လက်စတာတို့နဲ့ ပွဲတွေမှာ ဂိုးတွေသွင်းယူခဲ့ပြီး အထင်ကြီးစရာ ပုံစံကောင်းတွေပြသခဲ့တာနဲ့အတူ အင်္ဂလန်ယူ၂၁ ကစားသမားအနေနဲ့ လက်ရွေးစင်အသင်းကြီးမှာ ရွေးချယ်ခံရလိမ့်မယ်လို့ အာတီတာက ယုံကြည်နေပါတယ်။

ယာဂန်ကလော့ပ်ဟာ မြောက်လန်ဒန်ကို အာတီတာရောက်လာပြီးနောက်ပိုင်း အာဆင်နယ်ကိုပထမဆုံးအကြိမ် အနိုင်ယူဖို့ပစ်မှတ်ထားနေသလို ဂန်းနားနည်းပြဟာ ထူးခြားပြောင်မြောက်တဲ့သူ ဖြစ်တယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။ အာတီတာဟာ လီဗာပူးကို ဇူလိုင်လမှာ အနိုင်ရပြီးနောက် ကွန်မြူနတီဒိုင်းမှာလဲ ပင်နယ်တီနဲ့အနိုင်ရအောင် ဦးဆောင်ထားနိုင်ခဲ့သူဖြစ်ပါတယ်။

အက်သလက်တီကိုဟာ လူးကပ်စ် တော်ရဲရားကို ခေါ်ယူချင်ပေမယ့် အာဆင်နယ်က အလိုရှိနေတဲ့ သောမတ်စ်ပါတေး အတွက် ပြောင်းရွှေ့ကြေး ကို လျှော့ချပေးဖို့ ငြင်းဆန်နေဆဲဖြစ်ရာ အင်္ဂလန်ကလပ်ဟာ တော်ရဲရားကို တိုရီနိုထံ ရောင်းချလိုက်ဖို့ ဆုံးဖြတ်ထားပါတယ်။

အာဆင်နယ်က စိတ်ဝင်စားနေတဲ့ လိုင်လီ ကွင်းလယ်လူ ဆိုမာရေးဟာ ပီအက်စ်ဂျီကိုပြန်ဖို့ မစဉ်းစားထားပါဘူး။ အပြောင်းအရွှေ့ကာလ အချိန်တစ်ပတ်ကျော် ကျန်သေးတာနဲ့အတူ လိုင်လီက သူ့ကို ရောင်းချဖို့ တံခါးဖွင့်ထားတာကြောင့် ကွင်းလယ်လူတစ်ယောက် လိုချင်နေတဲ့ အာဆင်နယ်အတွက် ရွေးချယ်စရာ ဖြစ်လာပါတယ်။

အာဆင်နယ်ဟာ ဒယ်လီ အလီကို ပေါင် သန်း ၅၀ နဲ့ ခေါ်ယူသင့်တယ်လို့ ကွင်းလယ်လူဟောင်း ရေးပါလာက တိုက်တွန်းခဲ့ပါတယ်။ ပီအက်စ်ဂျီ၊ မိုနာကိုတို့နဲ့ ချိတ်ဆက်နေပြီး အနာဂတ်မရေမရာဖြစ်နေတဲ့ အလီဟာ အမ်းမရိတ်စ်အတွက် သင့်တော်တဲ့ ခေါ်ယူမှု ဖြစ်လိမ့်မယ်လို့ ပါလာက ယူဆထားပါတယ်။

ဆိုကရေးတစ်ဟာ သူ့အတွက် နာပိုလီက ကမ်းလှမ်းမလား၊ မကမ်းလှမ်းဘူးလားဆိုတာကို စောင့်နေရတာ စိတ်ပျက်လာနေပါတယ်။ ဂရိ နောက်ခံလူ ကို နာပိုလီက အလိုရှိပေမယ့် ကူလီဘာလီနဲ့ မန်စီးတီးကိစ္စ ပြီးပြတ်မှသာ သူ့ကိုကမ်းလှမ်းမှုလုပ်ဖို့ပြင်ဆင်ထားတာပါ။

အာဆင်နယ်နဲ့ အက်သလက်တီကိုကြား အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးမှု မပြီးပြတ်နိုင်သေးပေမယ့် တော်ရဲရားကတော့ စပိန်ကလပ်ကို ပြောင်းဖို့ စိတ်အားထက်သန်နေပါတယ်။ တီကိုက သူ့ကို တစ်ရာသီအငှားနဲ့ခေါ်ယူချင်နေတာဖြစ်ပြီး အပြီးသတ် ဝယ်ယူခွင့် ထည့်မလားဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘဲ ရှိပါတယ်။

Zawgyi – လိုင္ယြန္ ကြင္းလယ္လူ အာဝါဟာ ဒီေႏြမွာ အာဆင္နယ္ထံ ေျပာင္းေ႐ႊ႕ဖို႔ သေဘာတူညီမႈ ရခဲ့တယ္လို႔ သိရပါတယ္။ ဂန္းနားေတြဟာ သူ႔အတြက္ ယူ႐ို ၃၅သန္းနဲ႔ သန္း ၄၀ ၾကား ကမ္းလွမ္းဖို႔ စဥ္းစားထားေပမယ့္ လီဂူးဝမ္းကလပ္ကေတာ့ သန္း ၆၀ အလိုရွိေနခဲ့တာ ျဖစ္ပါတယ္။

အန္ကီတီရာဟာ ဇန္နဝါရီမွာ အာဆင္နယ္ အသင္းႀကီး ကစားသမားျဖစ္လာခဲ့ၿပီးေတာ့ ဒီရာသီ ဝက္စ္ဟမ္း၊ လက္စတာတို႔နဲ႔ ပြဲေတြမွာ ဂိုးေတြသြင္းယူခဲ့ၿပီး အထင္ႀကီးစရာ ပုံစံေကာင္းေတြျပသခဲ့တာနဲ႔အတူ အဂၤလန္ယူ၂၁ ကစားသမားအေနနဲ႔ လက္ေ႐ြးစင္အသင္းႀကီးမွာ ေ႐ြးခ်ယ္ခံရလိမ့္မယ္လို႔ အာတီတာက ယုံၾကည္ေနပါတယ္။

ယာဂန္ကေလာ့ပ္ဟာ ေျမာက္လန္ဒန္ကို အာတီတာေရာက္လာၿပီးေနာက္ပိုင္း အာဆင္နယ္ကိုပထမဆုံးအႀကိမ္ အႏိုင္ယူဖို႔ပစ္မွတ္ထားေနသလို ဂန္းနားနည္းျပဟာ ထူးျခားေျပာင္ေျမာက္တဲ့သူ ျဖစ္တယ္လို႔ ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။ အာတီတာဟာ လီဗာပူးကို ဇူလိုင္လမွာ အႏိုင္ရၿပီးေနာက္ ကြန္ျမဴနတီဒိုင္းမွာလဲ ပင္နယ္တီနဲ႔အႏိုင္ရေအာင္ ဦးေဆာင္ထားႏိုင္ခဲ့သူျဖစ္ပါတယ္။

အက္သလက္တီကိုဟာ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူခ်င္ေပမယ့္ အာဆင္နယ္က အလိုရွိေနတဲ့ ေသာမတ္စ္ပါေတး အတြက္ ေျပာင္းေ႐ႊ႕ေၾကး ကို ေလွ်ာ့ခ်ေပးဖို႔ ျငင္းဆန္ေနဆဲျဖစ္ရာ အဂၤလန္ကလပ္ဟာ ေတာ္ရဲရားကို တိုရီႏိုထံ ေရာင္းခ်လိုက္ဖို႔ ဆုံးျဖတ္ထားပါတယ္။

အာဆင္နယ္က စိတ္ဝင္စားေနတဲ့ လိုင္လီ ကြင္းလယ္လူ ဆိုမာေရးဟာ ပီအက္စ္ဂ်ီကိုျပန္ဖို႔ မစဥ္းစားထားပါဘူး။ အေျပာင္းအေ႐ႊ႕ကာလ အခ်ိန္တစ္ပတ္ေက်ာ္ က်န္ေသးတာနဲ႔အတူ လိုင္လီက သူ႔ကို ေရာင္းခ်ဖို႔ တံခါးဖြင့္ထားတာေၾကာင့္ ကြင္းလယ္လူတစ္ေယာက္ လိုခ်င္ေနတဲ့ အာဆင္နယ္အတြက္ ေ႐ြးခ်ယ္စရာ ျဖစ္လာပါတယ္။

အာဆင္နယ္ဟာ ဒယ္လီ အလီကို ေပါင္ သန္း ၅၀ နဲ႔ ေခၚယူသင့္တယ္လို႔ ကြင္းလယ္လူေဟာင္း ေရးပါလာက တိုက္တြန္းခဲ့ပါတယ္။ ပီအက္စ္ဂ်ီ၊ မိုနာကိုတို႔နဲ႔ ခ်ိတ္ဆက္ေနၿပီး အနာဂတ္မေရမရာျဖစ္ေနတဲ့ အလီဟာ အမ္းမရိတ္စ္အတြက္ သင့္ေတာ္တဲ့ ေခၚယူမႈ ျဖစ္လိမ့္မယ္လို႔ ပါလာက ယူဆထားပါတယ္။

ဆိုကေရးတစ္ဟာ သူ႔အတြက္ နာပိုလီက ကမ္းလွမ္းမလား၊ မကမ္းလွမ္းဘူးလားဆိုတာကို ေစာင့္ေနရတာ စိတ္ပ်က္လာေနပါတယ္။ ဂရိ ေနာက္ခံလူ ကို နာပိုလီက အလိုရွိေပမယ့္ ကူလီဘာလီနဲ႔ မန္စီးတီးကိစၥ ၿပီးျပတ္မွသာ သူ႔ကိုကမ္းလွမ္းမႈလုပ္ဖို႔ျပင္ဆင္ထားတာပါ။

အာဆင္နယ္နဲ႔ အက္သလက္တီကိုၾကား အေျပာင္းအေ႐ႊ႕ကိစၥ ေဆြးေႏြးမႈ မၿပီးျပတ္ႏိုင္ေသးေပမယ့္ ေတာ္ရဲရားကေတာ့ စပိန္ကလပ္ကို ေျပာင္းဖို႔ စိတ္အားထက္သန္ေနပါတယ္။ တီကိုက သူ႔ကို တစ္ရာသီအငွားနဲ႔ေခၚယူခ်င္ေနတာျဖစ္ၿပီး အၿပီးသတ္ ဝယ္ယူခြင့္ ထည့္မလားဆိုတာကိုေတာ့ မဆုံးျဖတ္ရေသးဘဲ ရွိပါတယ္။