ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (27/09/20)

သီယာဂိုဆေးဗားဟာ သူ့ရဲ့ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ အသင်းခေါင်းဆောင်အနေနဲ့ အဆိုးဆုံး အမှားတစ်ခုကို လုပ်ခဲ့ပေမယ့် လမ်းပတ် ကတော့ သူ့ကို အပြစ်မတင်ခဲ့ပဲ နောက်လာမယ့်ပွဲတွေမှာ ဒီအဖြစ်ဆိုးကို ချေဖျက်ပြီး ပြန်လာနိုင်ဖို့ ထောက်ခံအားပေးခဲ့ပါတယ်။

ချယ်ဆီး ဟာ လက်စွမ်းကျဆင်းနေတဲ့ ကီပါကို ချန်လှပ်ခဲ့ပြီး ကာဘယ်လာရို ကို ဂိုးဖမ်းစေကာ သီယာဂိုဆေးဗားနဲ့ ပွဲထွက် လာခဲ့ပေမယ့် ဝက်စ်ဘရွန်းအသင်းကို နောက်က လိုက်ကစားခဲ့ရပြီး ပွဲအပြီးမှာ ကံကောင်းစွာနဲ့ သရေတစ်မှတ် ရရှိခဲ့ပါတယ်။ လမ်းပတ်ကတော့ သူ့အသင်းဟာ အမှားတွေကြောင့် အနိုင်ရရှိဖို့ ပိုမိုခက်ခဲခဲ့တယ်လို့ ငြီးတွားခဲ့ပါတယ်။

လမ်းပတ်ဟာ ဝက်စ်ဘရွန်းနဲ့ပွဲအတွက် ကီပါ ကို ချန်လှပ်ခဲ့ပေမယ့် ထင်သလိုဖြစ်မလာခဲ့ပဲ ၄မိနစ်အတွင်း ဂိုးပေးခဲ့ရတာနဲ့အတူ ကီပါက အရန်ခုံကနေ ထိုင်ရီနေလိမ့်မယ်လို့ ချယ်ဆီး ပရိသတ်တွေက ဟာသလုပ်ပြောဆိုခဲ့ကြပါတယ်။

ခံစစ်အင်အားမြှင့်တင်ချင်တဲ့ ဝက်စ်ဟမ်းဟာ လမ်းပတ်ရဲ့ မျက်ကွယ်ပြုခံထားရတဲ့ ရူဒီဂါကို တစ်ရာသီအငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားလာပါတယ်။

ပီအက်စ်ဂျီဟာ ဒီနွေရာသီအတွင်း ချယ်ဆီး ကစားသမားနှစ်ယောက်ကို အငှားခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။ ဒီနွေမှာ ကလပ်ကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဘာကာယိုကိုနဲ့ လမ်းပတ်ရဲ့အသင်းမှာ နေရာမရတဲ့ ရူဒီဂါတို့ကို ပြင်သစ်ချန်ပီယံတွေက အလိုရှိနေတာဖြစ်ပါတယ်။

ကန်တေဟာ နည်းပြဟောင်းကွန်တီနဲ့ ပြန်လည် ပေါင်းစည်းနိုင်မယ့် အင်တာမီလန်ကို ပြောင်းရွှေ့ဖို့အတွက် တံခါးဖွင့် ထားပါတယ်။ ဒီကလန်ရိုက်စ်ကို ခေါ်နိုင်ရင် ထွက်ခွာဖို့ မျှော်လင့်ရတဲ့ ကန်တေအတွက် အင်တာက အသည်းအသန် အလိုရှိနေပေမယ့် ပေါင် ၄၆ သန်းကို ပေးဖို့တော့ အခက်အခဲရှိနေပါတယ်။

ချယ်ဆီး ဟာ ဒီကလန်ရိုက်စ်နဲ့ ၅နှစ်စာချုပ်အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့တယ်လို့ သိရပါတယ်။ ဝက်စ်ဟမ်းထံ ကိုတော့ ယူရို သန်း ၅၀နဲ့ ကမ်းလှမ်းမှုလုပ်ခဲ့ပြီး ပယ်ချမခံခဲ့ရတာကြောင့် ဒီနွေမှာ လမ်းပတ်ရဲ့ ၈ယောက်မြောက် ကစားသမား သစ် ဖြစ်လာဖို့ရှိနေပါတယ်။

Zawgyi – သီယာဂိုေဆးဗားဟာ သူ႔ရဲ႕ပရီးမီးယားလိဂ္ ပြဲဦးထြက္မွာ အသင္းေခါင္းေဆာင္အေနနဲ႔ အဆိုးဆုံး အမွားတစ္ခုကို လုပ္ခဲ့ေပမယ့္ လမ္းပတ္ ကေတာ့ သူ႔ကို အျပစ္မတင္ခဲ့ပဲ ေနာက္လာမယ့္ပြဲေတြမွာ ဒီအျဖစ္ဆိုးကို ေခ်ဖ်က္ၿပီး ျပန္လာႏိုင္ဖို႔ ေထာက္ခံအားေပးခဲ့ပါတယ္။

ခ်ယ္ဆီး ဟာ လက္စြမ္းက်ဆင္းေနတဲ့ ကီပါကို ခ်န္လွပ္ခဲ့ၿပီး ကာဘယ္လာရို ကို ဂိုးဖမ္းေစကာ သီယာဂိုေဆးဗားနဲ႔ ပြဲထြက္ လာခဲ့ေပမယ့္ ၀က္စ္ဘရြန္းအသင္းကို ေနာက္က လိုက္ကစားခဲ့ရၿပီး ပြဲအၿပီးမွာ ကံေကာင္းစြာနဲ႔ သေရတစ္မွတ္ ရရွိခဲ့ပါတယ္။ လမ္းပတ္ကေတာ့ သူ႔အသင္းဟာ အမွားေတြေၾကာင့္ အႏိုင္ရရွိဖို႔ ပိုမိုခက္ခဲခဲ့တယ္လို႔ ၿငီးတြားခဲ့ပါတယ္။

လမ္းပတ္ဟာ ဝက္စ္ဘ႐ြန္းနဲ႔ပြဲအတြက္ ကီပါ ကို ခ်န္လွပ္ခဲ့ေပမယ့္ ထင္သလိုျဖစ္မလာခဲ့ပဲ ၄မိနစ္အတြင္း ဂိုးေပးခဲ့ရတာနဲ႔အတူ ကီပါက အရန္ခုံကေန ထိုင္ရီေနလိမ့္မယ္လို႔ ခ်ယ္ဆီး ပရိသတ္ေတြက ဟာသလုပ္ေျပာဆိုခဲ့ၾကပါတယ္။

ခံစစ္အင္အားျမႇင့္တင္ခ်င္တဲ့ ဝက္စ္ဟမ္းဟာ လမ္းပတ္ရဲ႕ မ်က္ကြယ္ျပဳခံထားရတဲ့ ႐ူဒီဂါကို တစ္ရာသီအငွားနဲ႔ ေခၚယူဖို႔ စိတ္ဝင္စားလာပါတယ္။

ပီအက္စ္ဂ်ီဟာ ဒီေႏြရာသီအတြင္း ခ်ယ္ဆီး ကစားသမားႏွစ္ေယာက္ကို အငွားေခၚယူဖို႔ေစာင့္ၾကည့္ေနပါတယ္။ ဒီေႏြမွာ ကလပ္ကေန ထြက္ခြာဖို႔ ရွိေနတဲ့ ဘာကာယိုကိုနဲ႔ လမ္းပတ္ရဲ႕အသင္းမွာ ေနရာမရတဲ့ ႐ူဒီဂါတို႔ကို ျပင္သစ္ခ်န္ပီယံေတြက အလိုရွိေနတာျဖစ္ပါတယ္။

ကန္ေတဟာ နည္းျပေဟာင္းကြန္တီနဲ႔ ျပန္လည္ ေပါင္းစည္းႏိုင္မယ့္ အင္တာမီလန္ကို ေျပာင္းေ႐ႊ႕ဖို႔အတြက္ တံခါးဖြင့္ ထားပါတယ္။ ဒီကလန္႐ိုက္စ္ကို ေခၚႏိုင္ရင္ ထြက္ခြာဖို႔ ေမွ်ာ္လင့္ရတဲ့ ကန္ေတအတြက္ အင္တာက အသည္းအသန္ အလိုရွိေနေပမယ့္ ေပါင္ ၄၆ သန္းကို ေပးဖို႔ေတာ့ အခက္အခဲရွိေနပါတယ္။

ခ်ယ္ဆီး ဟာ ဒီကလန္႐ိုက္စ္နဲ႔ ၅ႏွစ္စာခ်ဳပ္အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့တယ္လို႔ သိရပါတယ္။ ဝက္စ္ဟမ္းထံ ကိုေတာ့ ယူ႐ို သန္း ၅၀နဲ႔ ကမ္းလွမ္းမႈလုပ္ခဲ့ၿပီး ပယ္ခ်မခံခဲ့ရတာေၾကာင့္ ဒီေႏြမွာ လမ္းပတ္ရဲ႕ ၈ေယာက္ေျမာက္ ကစားသမား သစ္ ျဖစ္လာဖို႔ရွိေနပါတယ္။