ဘိုင်ယန်မြူးနစ် အသင်းသားကို ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ဖို့ အာဆင်နယ် ကမ်းလှမ်းထားပါပြီ

အာဆင်နယ် အသင်းဟာ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ကစားသမား ကင်မစ်ချ်ကို အလွတ်နဲ့ ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပြီး ချိတ်ဆက်မှုလည်း ပြုလုပ်ထားပြီ လို့ သိရပါတယ်။

ရာသီကုန်ရင် စာချုပ် ကုန်တော့မှာ ဖြစ်တဲ့ ကင်မစ်ချ်ကို ဘိုင်ယန်ကလည်း စာချုပ်သစ် ကမ်းလှမ်းမှု ပြုလုပ်ထားတာကို ဒီသီတင်းပတ် အစောပိုင်းက ပြန်လည်ရုပ်သိမ်းသွားခဲ့ပါတယ်။

အသက် ၃ဝ အရွယ် ရှိပြီ ဖြစ်တဲ့ ကွင်းလယ်နဲ့ ညာစွန် ကစားသမား ဟာ ဘိုင်ယန်မှာ ၁ဝ နှစ် ကြာ၊ ပွဲ ၄ဝဝ ကျော် ကစားထားခဲ့သူ ဖြစ်ပါတယ်။

ဘိုင်ယန်နဲ့ စာချုပ် သက်တမ်း မတိုးဖြစ်ရင် ကင်မစ်ချ်ဟာ ရာသီကုန်တာနဲ့ အသင်းသစ်ကို လွတ်လွတ်လပ်လပ် ရွေးချယ်နိုင်မှာပါ။

ကင်မစ်ဟာ ဆရာဟောင်း ဟန်ဆီဖလစ် နည်းပြနေတဲ့ ဘာစီလိုနာ သို့ သွားဖွယ် ရှိတယ် သတင်းထွက်နေပေမယ့် ၎င်းရဲ့ လစာကို ဘာစီလိုနာက ပေးချေဖို့ အခက်တွေ့နိုင်ပါတယ်။

စကိုင်းဂျာမနီ အဆိုအရ ကင်ဟစ်ဟာ ပြည်ပကလပ်တွေထံက ကမ်းလှမ်းမှု နှစ်ခု ရထားပြီး တစ်ခုက ပရီးမီးယားလိဂ်က ဖြစ်တယ် လို့ သိရပါတယ်။

ဂျာမန်သားကို ခေါ်ယူဖို့ အာဆင်နယ် အသင်းက အတော် အလေးအနက် စိတ်ဝင်စားနေပါတယ်။ လာမယ့်နွေမှာ ဂျော်ဂျင်ဟိုနဲ့ သောမတ်စ် ပါတေးတို့ ထွက်ခွာဖွယ် ရှိတာကြောင့် အာတီတာက အသင်း ကွင်းလယ်ကိုလည်း အားဖြည့် ခေါ်ယူမှုတွေ ပြုလုပ်ရဦးမှာ ဖြစ်ပါတယ်။