ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27/09/20)

မနေ့က ယူနိုက်တက်နဲ့ ဘရိုက်တန်တို့ပွဲမှာ ယူနိုက်တက်က ဂိုးပေါက်ကန်သွင်းမှု ၇ကြိမ် ရှိခဲ့ပြီး ဘရိုက်တန်က ၁၈ကြိမ်တောင် ရှိခဲ့ကာ ၅ကြိမ် ဂိုးဘားတန်းနဲ့ ထိခဲ့ပါတယ်။ ပွဲအပြီးမှာ ယူနိုက်တက်က အနိုင်ရရှိခဲ့ပေမယ့် ဖာနန်ဒက်စ် ကတော့ ကံကောင်းတယ်ဆိုတာကို ငြင်းပယ်ခဲ့ပြီး ‘အဓိကက ဂိုးသွင်းဖို့ဖြစ်ပြီး တိုင်ထိရုံနဲ့မရဘူး’လို့ ပြောဆိုခဲ့ပါတယ်။

ယူနိုက်တက်မှာ ကွင်းလယ်၃ယောက် တွဲကစားဖို့ ဖန်တီးနိုင်စွမ်း ကောင်းပေမယ့် လုံလောက်တဲ့ ခံစစ်စွမ်းရည် မရှိတာကြောင့် လူစာရင်းမှာ ပေါလ်ပေါ့ဘာနဲ့ ဘရူနိုဖာနန်ဒက်စ်တို့ကို ဆက်ပြီး တွဲထားနေရင် ဂိုးတွေ ဆက်ပေးနေရဦးမှာဖြစ်တယ်လို့ ဒန်နီမာဖီက ဝေဖန်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဘရူနိုဖာနန်ဒက်စ်ရဲ့မိနစ်၁၀၀ ပင်နယ်တီကြောင့် ဘရိုက်တန်ကို ၃-၂ နဲ့ comeback နိုင်ပွဲရရှိခဲ့တာဖြစ်သလို ဒီရလဒ်ကြောင့် နည်းပြဆိုးလ်ရှားက ကျေနပ်နေခဲ့ပေမယ့် သူ့အသင်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်လို့တော့ ကျေနပ်စရာ မရှိဘူးလို့ ဝန်ခံခဲ့ပါတယ်။

ယူနိုက်တက်ဟာ အာဂျင်တိုင်းသား လူငယ်ကြယ်ပွင့် အဲလက်စ် လူနာ အတွက် ပြိုင်ဆိုင်မှုမှာ ပါဝင်လာခဲ့ပြီး သူ့ကိုခေါ်ယူနိုင်ဖို့ အေစီမီလန်နဲ့ အပြိုင်ကြိုးစားဖို့ အဆင်သင့်ဖြစ်နေပေမယ့် စာချုပ်ချုပ်နိုင်ခဲ့ရင်တောင်၂၀၂၂မှသာ အိုးလ်ထရက်ဖို့ဒ်ထံ ခေါ်ဆောင်မှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဆန်ချိုကိုပစ်မှတ်ထားခဲ့ပေမယ့် ဒေါ့မွန်နဲ့ ညှိနှိုင်းမှု အဆင်မပြေခဲ့တာကြောင့် ပလန် ဘီ အနေနဲ့ ဘာစီလိုနာနဲ့ ဒမ်ဘီလီကို သတ်မှတ်ထားတာဖြစ်ပြီး ကစားသမားရဲ့ ကိုယ်စားလှယ်တွေထံ ဆက်သွယ်မှုလုပ်ခဲ့တယ်လို့သိရပါတယ်။

ယူနိုက်တက် စီအီးအို အဒ်ဝုဒ်ဝဒ်က ဒီနွေမှာ ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အပြည့်အဝ ယုံကြည်မှုရှိနေပါတယ်။ ကလပ်က ဒေါ့မွန်နဲ့ ခေါ်ဈေး ပေါင် ၁၀၈ သန်း ကို မပေးချင်ပေမယ့် ပေါင်သန်း၉၀လောက်နဲ့ အပြောင်းအရွှေ့ကာလ နောက်ဆုံးအပတ်မှာ ခေါ်ယူနိုင်ဖို့ ယုံကြည်နေပါတယ်။

အင်တာမီလန်ဟာဒီနွေမှာ နောက်ခံလူ စကရီနီရာကို စပါးထံ ရောင်းချဖို့နီးစပ်နေပြီဖြစ်တာကြောင့်သူ့ရဲ့ အစားထိုးအနေနဲ့ ယူနိုက်တက် အပယ်ခံ ခရစ်စမောလင်းကို ခေါ်ယူဖို့စောင့်ကြည့်နေပါတယ်။

ယူနိုက်တက်ဟာ အဲလက်စ်တဲလက်စ်ကို ခေါ်ယူဖို့အတွက် ပေါ်တိုနဲ့ အချိန်မီသဘောတူညီမှု ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေ ပါတယ်။ ကလပ်က သူ့အတွက် မြင့်မားတဲ့ ပမာဏကိုမပေးချင်တာကြောင့် အပြောင်းအရွှေ့ မဖြစ်မြောက်ခဲ့ပေမယ့် တစ်ပတ်အတွင်း ညှိနှိုင်းမှု အဆင်ပြေဖို့ ယုံကြည်ချက်ရှိနေတာပါ။

Zawgyi – မေန႔က ယူႏိုက္တက္နဲ႔ ဘ႐ိုက္တန္တို႔ပြဲမွာ ယူႏိုက္တက္က ဂိုးေပါက္ကန္သြင္းမႈ ၇ႀကိမ္ ရွိခဲ့ၿပီး ဘ႐ိုက္တန္က ၁၈ႀကိမ္ေတာင္ ရွိခဲ့ကာ ၅ႀကိမ္ ဂိုးဘားတန္းနဲ႔ ထိခဲ့ပါတယ္။ ပြဲအၿပီးမွာ ယူႏိုက္တက္က အႏိုင္ရရွိခဲ့ေပမယ့္ ဖာနန္ဒက္စ္ ကေတာ့ ကံေကာင္းတယ္ဆိုတာကို ျငင္းပယ္ခဲ့ၿပီး ‘အဓိကက ဂိုးသြင္းဖို႔ျဖစ္ၿပီး တိုင္ထိ႐ုံနဲ႔မရဘူး’လို႔ ေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္မွာ ကြင္းလယ္၃ေယာက္ တြဲကစားဖို႔ ဖန္တီးႏိုင္စြမ္း ေကာင္းေပမယ့္ လုံေလာက္တဲ့ ခံစစ္စြမ္းရည္ မရွိတာေၾကာင့္ လူစာရင္းမွာ ေပါလ္ေပါ့ဘာနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္တို႔ကို ဆက္ၿပီး တြဲထားေနရင္ ဂိုးေတြ ဆက္ေပးေနရဦးမွာျဖစ္တယ္လို႔ ဒန္နီမာဖီက ေဝဖန္ခဲ့ပါတယ္။

ယူႏိုက္တက္ဟာ ဘ႐ူႏိုဖာနန္ဒက္စ္ရဲ႕မိနစ္၁၀၀ ပင္နယ္တီေၾကာင့္ ဘ႐ိုက္တန္ကို ၃-၂ နဲ႔ comeback ႏိုင္ပြဲရရွိခဲ့တာျဖစ္သလို ဒီရလဒ္ေၾကာင့္ နည္းျပဆိုးလ္ရွားက ေက်နပ္ေနခဲ့ေပမယ့္ သူ႔အသင္းရဲ႕ စြမ္းေဆာင္ရည္နဲ႔ ပတ္သက္လို႔ေတာ့ ေက်နပ္စရာ မရွိဘူးလို႔ ဝန္ခံခဲ့ပါတယ္။

ယူႏိုက္တက္ဟာ အာဂ်င္တိုင္းသား လူငယ္ၾကယ္ပြင့္ အဲလက္စ္ လူနာ အတြက္ ၿပိဳင္ဆိုင္မႈမွာ ပါဝင္လာခဲ့ၿပီး သူ႔ကိုေခၚယူႏိုင္ဖို႔ ေအစီမီလန္နဲ႔ အၿပိဳင္ႀကိဳးစားဖို႔ အဆင္သင့္ျဖစ္ေနေပမယ့္ စာခ်ဳပ္ခ်ဳပ္ႏိုင္ခဲ့ရင္ေတာင္၂၀၂၂မွသာ အိုးလ္ထရက္ဖို႔ဒ္ထံ ေခၚေဆာင္မွာ ျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ဆန္ခ်ိဳကိုပစ္မွတ္ထားခဲ့ေပမယ့္ ေဒါ့မြန္နဲ႔ ညႇိႏႈိင္းမႈ အဆင္မေျပခဲ့တာေၾကာင့္ ပလန္ ဘီ အေနနဲ႔ ဘာစီလိုနာနဲ႔ ဒမ္ဘီလီကို သတ္မွတ္ထားတာျဖစ္ၿပီး ကစားသမားရဲ႕ ကိုယ္စားလွယ္ေတြထံ ဆက္သြယ္မႈလုပ္ခဲ့တယ္လို႔သိရပါတယ္။

ယူႏိုက္တက္ စီအီးအို အဒ္ဝုဒ္ဝဒ္က ဒီေႏြမွာ ဆန္ခ်ိဳကို ေခၚယူႏိုင္ဖို႔ အျပည့္အဝ ယုံၾကည္မႈရွိေနပါတယ္။ ကလပ္က ေဒါ့မြန္နဲ႔ ေခၚေဈး ေပါင္ ၁၀၈ သန္း ကို မေပးခ်င္ေပမယ့္ ေပါင္သန္း၉၀ေလာက္နဲ႔ အေျပာင္းအေ႐ႊ႕ကာလ ေနာက္ဆုံးအပတ္မွာ ေခၚယူႏိုင္ဖို႔ ယုံၾကည္ေနပါတယ္။

အင္တာမီလန္ဟာဒီေႏြမွာ ေနာက္ခံလူ စကရီနီရာကို စပါးထံ ေရာင္းခ်ဖို႔နီးစပ္ေနၿပီျဖစ္တာေၾကာင့္သူ႔ရဲ႕ အစားထိုးအေနနဲ႔ ယူႏိုက္တက္ အပယ္ခံ ခရစ္စေမာလင္းကို ေခၚယူဖို႔ေစာင့္ၾကည့္ေနပါတယ္။

ယူႏိုက္တက္ဟာ အဲလက္စ္တဲလက္စ္ကို ေခၚယူဖို႔အတြက္ ေပၚတိုနဲ႔ အခ်ိန္မီသေဘာတူညီမႈ ရယူႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေန ပါတယ္။ ကလပ္က သူ႔အတြက္ ျမင့္မားတဲ့ ပမာဏကိုမေပးခ်င္တာေၾကာင့္ အေျပာင္းအေ႐ႊ႕ မျဖစ္ေျမာက္ခဲ့ေပမယ့္ တစ္ပတ္အတြင္း ညႇိႏႈိင္းမႈ အဆင္ေျပဖို႔ ယုံၾကည္ခ်က္ရွိေနတာပါ။