ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (27/09/20)

တနင်္လာည အန်ဖီးမှာ လီဗာပူးနဲ့တွေ့ဆုံတဲ့အခါ အကောင်းဆုံးအသင်းနဲ့ ရင်ဆိုင်ရမယ့်အရေးအတွက် ပြင်ဆင်ထားဖို့ အာတီတာက ကစားသမားတွေကို သတိပေးခဲ့ပါတယ်။ ဂန်းနားတွေဟာ ၂၀၁၂ကတည်းက လီဗာပူးကို မနိုင်ခဲ့ပေမယ့် နောက်ဆုံး ၂ပွဲမှာ အနိုင်ရခဲ့တာနဲ့အတူ လာမယ့်ပွဲမှာ လီဗာပူးကအကောင်းဆုံး ပြင်ဆင်လာလိမ့်မယ်လို့ အာတီတာက ပြောဆိုခဲ့တာပါ။

ဒီတစ်ပတ် အစောပိုင်းမှာအာဆင်နယ်က အာဝါအတွက် ကမ်းလှမ်းမှုလုပ်ခဲ့ပေမယ့် ပမာဏက နည်းလွန်းတယ်လို့ လိုင်ယွန်က အကြောင်းပြန် ခဲ့တာကြောင့် အာဆင်နယ်အနေနဲ့ ထပ်တိုး ကမ်းလှမ်းမှုအဖြစ် အပိုဆုကြေး ပေါင်၉သန်း + ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၃၆.၅သန်း ပေးမှာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၂လ အတွင်း အာဆင်နယ်ဟာ အာတီတာလက်အောက် လီဗာပူးကို အသာစီးရယူထားခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ ကွန်မြူနတီဒိုင်း မှာ အနိုင်ရရှိခဲ့သလို ဒီတစ်ပတ် သူတို့နှစ်သင်း ပြန်လည်တွေ့ဆုံတဲ့အခါ လီဗာပူးက လက်စားချေဖို့ အသင့်ဖြစ်နေကြောင်း ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

မနှစ်က အာဆင်နယ်နဲ့ လီဗာပူးရဲ့ အမှတ်ကွာဟချက်ကို လျှော့ချနိုင်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ မစ်ကယ် အာတီတာက ဝန်ခံခဲ့ပေမယ့် ဒီတစ်ပတ် ကလော့ပ်ရဲ့ အသင်းနဲ့ ထပ်မံတွေ့ဆုံတဲ့အခါ သူ့ရဲ့ ရာနှုန်းပြည့်နိုင်ပွဲ မှတ်တမ်းကို ဆက် ထိန်းသိမ်းနိုင်ဖို့ မျှော်လင့်နေပါတယ်။

အာဆင်နယ်ကစားသမားတွေအနေနဲ့ ဇယားထိပ်မှာ ယှဉ်ပြိုင်ချင်ရင် နေ့တိုင်း လီဗာပူးရဲ့ လုပ်အားနှုန်းနဲ့ အာရုံစူးစိုက်မှုကို မီအောင် ကြိုးစားရမယ်လို့ အာတီတာက ပြောဆိုခဲ့ပါတယ်။ မိမိတို့အသင်းအနေနဲ့ တည်ငြိမ်မှုနဲ့ စွမ်းဆောင်ရည်ကို ထိန်းသိမ်းပြီး မနှစ်ကထက် ပိုကောင်းအောင် လုပ်မှာဖြစ်ကြောင်းလဲ ၎င်းက ဆိုပါတယ်။

လူးကပ် တော်ရဲရားက ထိပ်တန်းကစားသမားဖြစ်ပေမယ့် သူ့အတွက် အာဆင်နယ်ရဲ့ ခေါ်ဈေးက အပြောင်းအရွှေ့လုပ်ဖို့ အရမ်းမြင့်လွန်းတာကြောင့် မိမိတို့ဘက်က မတတ်နိုင်ပဲ လက်လွှတ်လိုက်ပြီဖြစ်ကြောင်း တိုရီနို ဥက္ကဌ ဒါဗီဒီ ဗက်နာတီက ပြောဆိုခဲ့ပါတယ်။

လာဇီယိုဟာ အာဆင်နယ်နောက်ခံလူ မူစတာဖီကိုခေါ်ယူဖို့ စာချုပ် သဘောတူညီမှုရရှိခဲ့ပါတယ်။ လူသစ်ဝယ်လို့ အသုံးစရိတ် လိုအပ်နေတဲ့ အာဆင်နယ်က သူ့ရဲ့ထွက်ခွာမှုကို လက်ခံဖို့ ပြင်ဆင်ထားတာဖြစ်သလို မူစတာဖီရဲ့ ဖခင်နဲ့ အေးဂျင့်ဖြစ်သူက အပြောင်းအရွှေ့ကို စီစဉ်ခဲ့တာပါ။

အာတီတာလက်အောက် တိုးတက်လာတဲ့အာဆင်နယ်ဟာ ဒီရာသီအစမှာလဲ ရာနှုန်းပြည့်နိုင်ပွဲ ရရှိခဲ့တာနဲ့အတူ ကာရေဂါက အာတီတာရဲ့အရည်အသွေးကို ချီးကျူးခဲ့ပြီး သူတို့ဟာ မနှစ်က အဆင့်၈ရရှိခဲ့ပေမယ့် ဒီရာသီကုန်မှာတော့ အဆင့်လေး အတွင်း ဝင်နိုင်ခြေရှိတယ်လို့ ခန့်မှန်းပြောဆိုခဲ့ပါတယ်။

Zawgyi – တနလၤာည အန္ဖီးမွာ လီဗာပူးနဲ႔ေတြ႕ဆုံတဲ့အခါ အေကာင္းဆုံးအသင္းနဲ႔ ရင္ဆိုင္ရမယ့္အေရးအတြက္ ျပင္ဆင္ထားဖို႔ အာတီတာက ကစားသမားေတြကို သတိေပးခဲ့ပါတယ္။ ဂန္းနားေတြဟာ ၂၀၁၂ကတည္းက လီဗာပူးကို မႏိုင္ခဲ့ေပမယ့္ ေနာက္ဆုံး ၂ပြဲမွာ အႏိုင္ရခဲ့တာနဲ႔အတူ လာမယ့္ပြဲမွာ လီဗာပူးကအေကာင္းဆုံး ျပင္ဆင္လာလိမ့္မယ္လို႔ အာတီတာက ေျပာဆိုခဲ့တာပါ။

ဒီတစ္ပတ္ အေစာပိုင္းမွာအာဆင္နယ္က အာဝါအတြက္ ကမ္းလွမ္းမႈလုပ္ခဲ့ေပမယ့္ ပမာဏက နည္းလြန္းတယ္လို႔ လိုင္ယြန္က အေၾကာင္းျပန္ ခဲ့တာေၾကာင့္ အာဆင္နယ္အေနနဲ႔ ထပ္တိုး ကမ္းလွမ္းမႈအျဖစ္ အပိုဆုေၾကး ေပါင္၉သန္း + ကနဦး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၆.၅သန္း ေပးမွာ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ ၁၂လ အတြင္း အာဆင္နယ္ဟာ အာတီတာလက္ေအာက္ လီဗာပူးကို အသာစီးရယူထားခဲ့ၿပီး ပရီးမီးယားလိဂ္နဲ႔ ကြန္ျမဴနတီဒိုင္း မွာ အႏိုင္ရရွိခဲ့သလို ဒီတစ္ပတ္ သူတို႔ႏွစ္သင္း ျပန္လည္ေတြ႕ဆုံတဲ့အခါ လီဗာပူးက လက္စားေခ်ဖို႔ အသင့္ျဖစ္ေနေၾကာင္း ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။

မႏွစ္က အာဆင္နယ္နဲ႔ လီဗာပူးရဲ႕ အမွတ္ကြာဟခ်က္ကို ေလွ်ာ့ခ်ႏိုင္ဖို႔ မျဖစ္ႏိုင္ေလာက္ဘူးလို႔ မစ္ကယ္ အာတီတာက ဝန္ခံခဲ့ေပမယ့္ ဒီတစ္ပတ္ ကေလာ့ပ္ရဲ႕ အသင္းနဲ႔ ထပ္မံေတြ႕ဆုံတဲ့အခါ သူ႔ရဲ႕ ရာႏႈန္းျပည့္ႏိုင္ပြဲ မွတ္တမ္းကို ဆက္ ထိန္းသိမ္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။

အာဆင္နယ္ကစားသမားေတြအေနနဲ႔ ဇယားထိပ္မွာ ယွဥ္ၿပိဳင္ခ်င္ရင္ ေန႔တိုင္း လီဗာပူးရဲ႕ လုပ္အားႏႈန္းနဲ႔ အာ႐ုံစူးစိုက္မႈကို မီေအာင္ ႀကိဳးစားရမယ္လို႔ အာတီတာက ေျပာဆိုခဲ့ပါတယ္။ မိမိတို႔အသင္းအေနနဲ႔ တည္ၿငိမ္မႈနဲ႔ စြမ္းေဆာင္ရည္ကို ထိန္းသိမ္းၿပီး မႏွစ္ကထက္ ပိုေကာင္းေအာင္ လုပ္မွာျဖစ္ေၾကာင္းလဲ ၎က ဆိုပါတယ္။

လူးကပ္ ေတာ္ရဲရားက ထိပ္တန္းကစားသမားျဖစ္ေပမယ့္ သူ႔အတြက္ အာဆင္နယ္ရဲ႕ ေခၚေဈးက အေျပာင္းအေ႐ႊ႕လုပ္ဖို႔ အရမ္းျမင့္လြန္းတာေၾကာင့္ မိမိတို႔ဘက္က မတတ္ႏိုင္ပဲ လက္လႊတ္လိုက္ၿပီျဖစ္ေၾကာင္း တိုရီႏို ဥကၠဌ ဒါဗီဒီ ဗက္နာတီက ေျပာဆိုခဲ့ပါတယ္။

လာဇီယိုဟာ အာဆင္နယ္ေနာက္ခံလူ မူစတာဖီကိုေခၚယူဖို႔ စာခ်ဳပ္ သေဘာတူညီမႈရရွိခဲ့ပါတယ္။ လူသစ္ဝယ္လို႔ အသုံးစရိတ္ လိုအပ္ေနတဲ့ အာဆင္နယ္က သူ႔ရဲ႕ထြက္ခြာမႈကို လက္ခံဖို႔ ျပင္ဆင္ထားတာျဖစ္သလို မူစတာဖီရဲ႕ ဖခင္နဲ႔ ေအးဂ်င့္ျဖစ္သူက အေျပာင္းအေ႐ႊ႕ကို စီစဥ္ခဲ့တာပါ။

အာတီတာ လက္ေအာက္ တိုးတက္လာတဲ့အာဆင္နယ္ဟာ ဒီရာသီအစမွာလဲ ရာႏႈန္းျပည့္ႏိုင္ပြဲ ရရွိခဲ့တာနဲ႔အတူ ကာေရဂါက အာတီတာရဲ႕အရည္အေသြးကို ခ်ီးက်ဴးခဲ့ၿပီး သူတို႔ဟာ မႏွစ္က အဆင့္၈ရရွိခဲ့ေပမယ့္ ဒီရာသီကုန္မွာေတာ့ အဆင့္ေလး အတြင္း ဝင္ႏိုင္ေျခရွိတယ္လို႔ ခန႔္မွန္းေျပာဆိုခဲ့ပါတယ္။