ယူနိုက်တက် ကွင်းလယ်လူကို ခေါ်ယူဖို့ ချိတ်ဆက်မှု စတင်နေတဲ့ လာဇီယို

စီးရီးအေကလပ် လာဇီယိုအသင်းဟာ ယူနိုက်တက် ကွင်းလယ်လူ ပါရဲရားကို ခေါ်ယူနိုင်ဖို့ စတင်ကာ ဆွေးနွေးနေပြီလို့ သိရပါတယ်။

အပြောင်းအရွှေ့ သတင်းထောက် Fabrizio Romano က ” လာဇီယိုက ပါရဲရားကို ခေါ်ယူနိုင်ရေးနဲ့ ပက်သက်လို့ ယူနိုက်တက်အသင်းကို စကားစပြောမှုတွေ လုပ်ဆောင်ခဲ့ပါပြီ။ လာဇီယိုဘက်က ပါရဲရားကို သူ့တို့အတွက် ရွေးချယ်စရာ ပစ်မှတ်တစ်ခုလို့ မြင်ထားတယ်။ ယူနိုက်တက်နဲ့ ညိနှိုင်းမှုတွေက စတင်ခဲ့ပါပြီ။ ” လို့ ဆိုခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာလည်း အသင်းပြောင်းဖို့ အားစိုက် လုပ်ဆောင်နေပြီး ၎င်းရဲ့ အေးဂျင့်နဲ့ အဖွဲ့က ကလပ်အသင်း တော်တော်များများနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

ယူနိုက်တက်က စမောလင်း၊ ရိုဂျို၊ ဖီးဂျုံး၊ ပါရဲရားနဲ့ လင်ဂတ်တို့ကို ရောင်းထုတ်ဖို့ အသင်းကြီးအချို့နဲ့ ဆက်သွယ် စကားပြောမှုဗတွ လုပ်နေရပေမယ့် တောင်းဆိုဈေး မြင့်မားတာကြောင့် သူတို့ကို ရောင်းချရေးမှာ ရုန်းကန်နေရပါတယ်။ ဒီနွေမှာ ကွင်းလယ်လူ ဗန်ဒါဘိခ် တစ်ဦးတည်းကိုပဲ ခေါ်ယူထားတဲ့ ယူနိုက်တက်က ကစားသမား အဝယ်ကောအရောင်းမှာပါ ရုန်းကန်နေရပါတယ်။

ပါရဲရား မတိုင်ခင် စမောလင်းကို ရောင်းချဖို့ရာမှာလည်း ယူနိုက်တက်ဘက်က တောင်းဆိုတဲ့ကြေး မြင့်မားတာကြောင့် ရောင်းထုတ်ဖို့ မအောင်မြင်ခဲ့ဘူး။ စပါးမန်နေဂျာ မော်ရင်ညိုက လင်ဂတ်ကို ပေါင် သန်း ၃၀ ဖြင့် ခေါ်ယူမယ်ဆိုတာကလည်း ကောလဟာလအဆင့်မှာပဲ ရှိနေသေးပြီး တရားဝင်ချိတ်ဆက်မှု လုံးဝ မရှိပါဘူးလို့ စကိုင်းစပေါ့က ဖော်ပြထားပါတယ်။

ZAWGYI

စီးရီးေအကလပ္ လာဇီယိုအသင္းဟာ ယူႏုိက္တက္ ကြင္းလယ္လူ ပါရဲရားကို ေခၚယူႏုိင္ဖို႔ စတင္ကာ ေဆြးေႏြးေနျပီလို႔ သိရပါတယ္။

အေျပာင္းအေရႊ႔ သတင္းေထာက္ Fabrizio Romano က ” လာဇီယုိက ပါရဲရားကို ေခၚယူႏုိင္ေရးနဲ႔ ပက္သက္လို႔ ယူႏုိက္တက္အသင္းကို စကားစေျပာမႈေတြ လုပ္ေဆာင္ခဲ့ပါျပီ။ လာဇီယိုဘက္က ပါရဲရားကို သူ႔တို႔အတြက္ ေရြးခ်ယ္စရာ ပစ္မွတ္တစ္ခုလို႔ ျမင္ထားတယ္။ ယူႏုိက္တက္နဲ႔ ညိႏိႈင္းမႈေတြက စတင္ခဲ့ပါျပီ။ ” လို႔ ဆိုခဲ့တာ ျဖစ္ပါတယ္။

ယူနိုက္တက္ ကြင္းလယ္တိုက္စစ္သမား လင္ဂတ္ဟာလည္း အသင္းေျပာင္းဖို႔ အားစိုက္ လုပ္ေဆာင္ေနျပီး ၄င္းရဲ႕ ေအးဂ်င့္နဲ႕ အဖြဲ႕က ကလပ္အသင္း ေတာ္ေတာ္မ်ားမ်ားနဲ႕ ဆက္သြယ္ ေျပာဆိုမႈေတြ ျပဳလုပ္ေနပါတယ္။

ယူႏိုက္တက္က စေမာလင္း၊ ရိုဂ်ိဳ၊ ဖီးဂ်ံဳး၊ ပါရဲရားနဲ႔ လင္ဂတ္တို႔ကို ေရာင္းထုတ္ဖို႔ အသင္းၾကီးအခ်ိဳ႔နဲ႔ ဆက္သြယ္ စကားေျပာမႈဗတြ လုပ္ေနရေပမယ့္ ေတာင္းဆိုေစ်း ျမင့္မားတာေၾကာင့္ သူတို႔ကို ေရာင္းခ်ေရးမွာ ႐ုန္းကန္ေနရပါတယ္။ ဒီေႏြမွာ ကြင္းလယ္လူ ဗန္ဒါဘိခ္ တစ္ဦးတည္းကိုပဲ ေခၚယူထားတဲ့ ယူႏိုက္တက္က ကစားသမား အဝယ္ေကာအေရာင္းမွာပါ ရုန္းကန္ေနရပါတယ္။

ပါရဲရား မတိုင္ခင္ စေမာလင္းကို ေရာင္းခ်ဖို႔ရာမွာလည္း ယူႏုိက္တက္ဘက္က ေတာင္းဆိုတဲ့ေၾကး ျမင့္မားတာေၾကာင့္ ေရာင္းထုတ္ဖို႔ မေအာင္ျမင္ခဲ့ဘူး။ စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳက လင္ဂတ္ကို ေပါင္ သန္း ၃၀ ျဖင့္ ေခၚယူမယ္ဆိုတာကလည္း ေကာလဟာလအဆင့္မွာပဲ ရွိေနေသးျပီး တရားဝင္ခ်ိတ္ဆက္မႈ လံုးဝ မရွိပါဘူးလို႔ စကိုင္းစေပါ့က ေဖာ္ျပထားပါတယ္။