ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (27/09/20)

ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကစားပေါက် တူနေတဲ့ ပေါ့ဘာ ဖာနန်ဒက်စ်တို့ကို တွဲ ကစားစေခြင်းက ဂိုးတွေ ပေးနေရခြင်းနဲ့ သက်ဆိုင်ကြောင်း ဒန်နီ မာဖီက သုံးသပ်သွားခဲ့ပါတယ်။ ၎င်းတို့ နှစ်ယောက်လုံးက ခံစစ်ကို မကူနိုင်တဲ့ ကွင်းလယ်တွေ ဖြစ်နေတာကြောင့် အသင်း ခံစစ်က ပို အခြေအနေ ဆိုးသွားတယ်လို့ မာဖီက ဆိုပါတယ်။

တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဘရိုက်တန်နဲ့ ပွဲမှာ ဘောလုံး လုသင့်တဲ့ အချျိန် မလုခဲ့တာကြောင့် အမျက်ထွက်ခဲ့မိကြောင်း ဆိုးရှားက ဝန်ခံခဲ့ပြီး အင်္ဂလန်သားဟာ အကောင်းဆုံး တုန့်ပြန် ခြေစွမ်းပြနိုင်ခဲ့ကြောင်း ပြန်လည် ချီးကျူးခဲ့ပါတယ်။

စီးရီးအေကလပ် လာဇီယိုအသင်းဟာ မန်ချက်စတာ ယူနိုက်တက် ကွင်းလယ်လူ ပါရဲရားကို ခေါ်ယူနိုင်ဖို့ စတင်ကာ ဆွေးနွေးနေပြီလို့ သိရပါတယ်။

ဘရိုက်တန်နဲ့ ပွဲမှာ မြင်ခဲ့ရတဲ့ ယူနိုက်တက် ခြေစွမ်းဟာ ဆိုးဝါးတာကြောင့် ဖာဒီနန်ကတော့ စိတ်ပျက်နေပြီး ဗဟိုခံစစ် တစ်ဦး ခေါ်ကို ခေါ်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပြန်ပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီးအသင်းမှ ကွင်းလယ်ခံစစ်သမား ကန်တေကို ခေါ်ဖို့ ဆက်လက် စောင့်ကြည့်နေကြောင်း ဒေးလီးမေးလ်က ဖော်ပြလာပါတယ်။ ကန်တေကို အင်တာမီလန်က ခေါ်ဖို့ ချိတ်ဆက်နေပြီး ညှိနှိုင်းမှု အဆင်မပြေပါက ယူနိုက်တက်က ကြားဝင်ဖို့ အချိန်ကောင်း စောင့်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာလည်း အသင်းပြောင်းဖို့ အားစိုက် လုပ်ဆောင်နေပြီး ၎င်းရဲ့ အေးဂျင့်နဲ့ အဖွဲ့က ကလပ်အသင်း တော်တော်များများနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

ဘရိုက်တန်နဲ့ ပွဲမှာ မြင်ခဲ့ရတဲ့ ယူနိုက်တက် ခြေစွမ်းဟာ ဆိုးဝါးတာကြောင့် ဖာဒီနန်ကတော့ စိတ်ပျက်နေပြီး ဗဟိုခံစစ် တစ်ဦး ခေါ်ကို ခေါ်ဖို့ ထပ်မံ တိုက်တွန်းလိုက်ပြန်ပါတယ်။

Zawgyi – ယူနိုက်တက်ရဲ့ ကွင်းလယ်မှာ ကစားပေါက် တူနေတဲ့ ပေါ့ဘာ ဖာနန်ဒက်စ်တို့ကို တွဲ ကစားစေခြင်းက ဂိုးတွေ ပေးနေရခြင်းနဲ့ သက်ဆိုင်ကြောင်း ဒန်နီ မာဖီက သုံးသပ်သွားခဲ့ပါတယ်။ ၄င်းတို့ နှစ်ယောက်လုံးက ခံစစ်ကို မကူနိုင်တဲ့ ကွင်းလယ်တွေ ဖြစ်နေတာကြောင့် အသင်း ခံစစ်က ပို အခြေအနေ ဆိုးသွားတယ်လို့ မာဖီက ဆိုပါတယ်။

တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ဟာ ဘရိုက်တန်နဲ့ ပွဲမှာ ဘောလုံး လုသင့်တဲ့ အချိန် မလုခဲ့တာကြောင့် အမျက်ထွက်ခဲ့မိကြောင်း ဆိုးရှားက ၀န်ခံခဲ့ပြီး အင်္ဂလန်သားဟာ အကောင်းဆုံး တုန့်ပြန် ခြေစွမ်းပြနိုင်ခဲ့ကြောင်း ပြန်လည် ချီးကျူးခဲ့ပါတယ်။




ယူနိုက်တက် ကွင်းလယ်တိုက်စစ်သမား လင်ဂတ်ဟာလည်း အသင်းပြောင်းဖို့ အားစိုက် လုပ်ဆောင်နေပြီး ၄င်းရဲ့ အေးဂျင့်နဲ့ အဖွဲ့က ကလပ်အသင်း တော်တော်များများနဲ့ ဆက်သွယ် ပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။
