ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/09/20)

မော်ရင်ညိုဟာ ယူရိုပါလိဂ်ပွဲမှာ ဂိုးတိုင် အနည်းငယ်နိမ့်နေတာကို ပြောဆိုခဲ့တဲ့နောက် ဂိုးဘားတန်းပဲ ထိနေတဲ့ ဘရိုက်တန်နဲ့ ပွဲအပြီးမှာ ယူနိုက်တက် နည်းပြဆိုးလ်ရှားက ‘ဂိုးတိုင်အမြင့်ကို တိုင်းမယ့် ဟိုဆေး ဒီမှာမရှိတာ တော်သေးတယ်’ လို့ ဟာသလုပ်ပြောဆိုခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ မော်ရင်ညိုက ယူနိုက်တက်အတွက် ဂိုးတိုင် အမြင့်ထက် ပင်နယ်တီဧရိယာကသာ ဆိုးရှားအတွက် ပို အရေးကြီးတာပါလို့ ပြန် တုံ့ပြန်ခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ တိုက်ပွဲဝင် စိတ်ဓာတ်ကို ပြသခဲ့တဲ့ အသင်းဖော် ဖရက်ကို ဘရူနိုဖာနန်ဒက်စ်က ချီးကျူးခဲ့ပါတယ်။ ယူနိုက်တက်အတွက် နောက်ဆုံးမျှော်လင့်ချက် ပင်နယ်တီကို ဖာနန်ဒက်စ် ကန်မယ့်အချိန်မှာ ဘေးက နှောင့်ယှက်ဖို့ ပြင်နေတဲ့ ပြိုင်ဘက်ကစားသမားတွေကို ဖရက်က ထိန်းသိမ်းထားခဲ့တာကြောင့် ဖာနန်ဒက်စ်အနေနဲ့ ပင်နယ်တီ အပေါ် အာရုံစိုက်နိုင်ခဲ့တာပါ။

ယူနိုက်တက်ဟာ ဘရိုက်တန်ကို နောက်ကလိုက်ကစားပြီးမှ ၃-၂နဲ့ အနိုင်ရခဲ့တဲ့နောက် အသင်းအနေနဲ့ ဒီနွေအပြောင်းအရွှေ့ မပိတ်ခင် ခံစစ်အင်အားဖြည့်တင်းဖို့အတွက် ဗဟို နောက်ခံလူတစ်ယောက် သေချာပေါက် ခေါ်ယူဖို့ လိုအပ်နေပြီလို့ ရီယိုဖာဒီနန်က သတိပေးပြောဆိုခဲ့ပါတယ်။

ယူနိုက်တက် ကွင်းလယ်လူ ပါရဲရားဟာ လာဇီယိုထံ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှု လုပ်နေပါတယ်။ နောက်နွေရာသီမှာ အပြီးသတ် ဝယ်ယူခွင့် ပါဝင်တဲ့ ကနဦး အငှား ခေါ်ယူဖို့ ဆွေးနွေးနေတာဖြစ်ပြီး ယူနိုက်တက်ကလဲ ဒီရောင်းချမှုမှာ ၁၀ရာခိုင်နှုန်း အလိုရှိနေပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီး ကွင်းလယ်လူ ကန်တေအတွက် စုံစမ်းမှု လုပ်လာခဲ့ပြီး အောက်တိုဘာ၅ရက်မတိုင်ခင် ခေါ်ယူနိုင်ဖို့ အလိုရှိနေပါတယ်။ အိုးလ်ထရက်ဖို့ဒ်မှာ ကန်တေကို တစ်ပတ် လုပ်ခ ပေါင်၃သိန်း ပေးရမှာဖြစ်ပေမယ့် ချယ်ဆီးက ဒီကလန်ရိုက်စ်ကို ခေါ်ဖို့ ငွေလိုအပ်နေတာနဲ့အတူ သူ့ကို ထွက်ခွာခွင့်ပေးဖို့ ဖြစ်နိုင်ပါတယ်။

သရဲနီတွေဟာ ဆန်ချိုအတွက် ကာလရှည်ကြာ ကြိုးစားခဲ့ပေမယ့် ဒေါ့မွန်နဲ့ အပြောင်းအရွှေ့ သဘောတူညီမှု မရနိုင်သေးပါဘူး။ ယူနိုက်တက်ဘက်ကတော့ ဒီနွေမှာ သေချာပေါက် ခေါ်ယူနိုင်ဖို့ ယုံကြည်နေပေမယ့် ဒေါ့မွန်ကတော့ ပေါင် ၁၀၉ သန်း ထက် မလျှော့နိုင်ဘူးလို့ တင်းခံထားတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အဲလက်စ် တဲလက်စ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှုရရှိခဲ့ပြီး ပေါ်တိုနဲ့ ပြောင်းရွှေ့ကြေးကို ဆက်လက် ဆွေးနွေးညှိနှိုင်းနေပါတယ်။ သရဲနီတွေဟာ ဘရာဇီး နောက်ခံလူအတွက် ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲက ချိတ်ဆက်နေခဲ့တာဖြစ်ပြီး သူ့စာချုပ်က နောက်နွေရာသီမှာ ကုန်တော့မှာဖြစ်လို့ ပေါင်၂၅သန်းလောက်နဲ့ ရနိုင်ပါတယ်။

အပြောင်းအရွှေ့ ကာလ နောက်ဆုံးအပတ်ကို ရောက်လာတာနဲ့အတူ ဆန်ချိုကို အပြီးသတ်ခေါ်ယူနိုင်ဖို့ ဆိုးလ်ရှားက မျှော်လင့်နေပါတယ်။ ယူနိုက်တက်က တရားဝင် ကမ်းလှမ်းမှု မလုပ်ရသေးသေမယ့် အခုချိန်မှာ ဒေါ့မွန်ကို ဖိအားပေးမယ့် နောက်ဆုံးကမ်းလှမ်းမှုလုပ်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

Zawgyi – ေမာ္ရင္ညိဳဟာ ယူ႐ိုပါလိဂ္ပြဲမွာ ဂိုးတိုင္ အနည္းငယ္နိမ့္ေနတာကို ေျပာဆိုခဲ့တဲ့ေနာက္ ဂိုးဘားတန္းပဲ ထိေနတဲ့ ဘ႐ိုက္တန္နဲ႔ ပြဲအၿပီးမွာ ယူႏိုက္တက္ နည္းျပဆိုးလ္ရွားက ‘ဂိုးတိုင္အျမင့္ကို တိုင္းမယ့္ ဟိုေဆး ဒီမွာမရွိတာ ေတာ္ေသးတယ္’ လို႔ ဟာသလုပ္ေျပာဆိုခဲ့ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ေမာ္ရင္ညိဳက ယူႏိုက္တက္အတြက္ ဂိုးတိုင္ အျမင့္ထက္ ပင္နယ္တီဧရိယာကသာ ဆိုးရွားအတြက္ ပို အေရးႀကီးတာပါလို႔ ျပန္ တုံ႔ျပန္ခဲ့ပါတယ္။

ဘ႐ိုက္တန္နဲ႔ပြဲမွာ တိုက္ပြဲဝင္ စိတ္ဓာတ္ကို ျပသခဲ့တဲ့ အသင္းေဖာ္ ဖရက္ကို ဘ႐ူႏိုဖာနန္ဒက္စ္က ခ်ီးက်ဴးခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ ပင္နယ္တီကို ဖာနန္ဒက္စ္ ကန္မယ့္အခ်ိန္မွာ ေဘးက ေႏွာင့္ယွက္ဖို႔ ျပင္ေနတဲ့ ၿပိဳင္ဘက္ကစားသမားေတြကို ဖရက္က ထိန္းသိမ္းထားခဲ့တာေၾကာင့္ ဖာနန္ဒက္စ္အေနနဲ႔ ပင္နယ္တီ အေပၚ အာ႐ုံစိုက္ႏိုင္ခဲ့တာပါ။

ယူႏိုက္တက္ဟာ ဘ႐ိုက္တန္ကို ေနာက္ကလိုက္ကစားၿပီးမွ ၃-၂နဲ႔ အႏိုင္ရခဲ့တဲ့ေနာက္ အသင္းအေနနဲ႔ ဒီေႏြအေျပာင္းအေ႐ႊ႕ မပိတ္ခင္ ခံစစ္အင္အားျဖည့္တင္းဖို႔အတြက္ ဗဟို ေနာက္ခံလူတစ္ေယာက္ ေသခ်ာေပါက္ ေခၚယူဖို႔ လိုအပ္ေနၿပီလို႔ ရီယိုဖာဒီနန္က သတိေပးေျပာဆိုခဲ့ပါတယ္။

ယူႏိုက္တက္ ကြင္းလယ္လူ ပါရဲရားဟာ လာဇီယိုထံ ေျပာင္းေ႐ႊ႕ဖို႔ ေဆြးေႏြးမႈ လုပ္ေနပါတယ္။ ေနာက္ေႏြရာသီမွာ အၿပီးသတ္ ဝယ္ယူခြင့္ ပါဝင္တဲ့ ကနဦး အငွား ေခၚယူဖို႔ ေဆြးေႏြးေနတာျဖစ္ၿပီး ယူႏိုက္တက္ကလဲ ဒီေရာင္းခ်မႈမွာ ၁၀ရာခိုင္ႏႈန္း အလိုရွိေနပါတယ္။

ယူႏိုက္တက္ဟာ ခ်ယ္ဆီး ကြင္းလယ္လူ ကန္ေတအတြက္ စုံစမ္းမႈ လုပ္လာခဲ့ၿပီး ေအာက္တိုဘာ၅ရက္မတိုင္ခင္ ေခၚယူႏိုင္ဖို႔ အလိုရွိေနပါတယ္။ အိုးလ္ထရက္ဖို႔ဒ္မွာ ကန္ေတကို တစ္ပတ္ လုပ္ခ ေပါင္၃သိန္း ေပးရမွာျဖစ္ေပမယ့္ ခ်ယ္ဆီးက ဒီကလန္႐ိုက္စ္ကို ေခၚဖို႔ ေငြလိုအပ္ေနတာနဲ႔အတူ သူ႔ကို ထြက္ခြာခြင့္ေပးဖို႔ ျဖစ္ႏိုင္ပါတယ္။

သရဲနီေတြဟာ ဆန္ခ်ိဳအတြက္ ကာလရွည္ၾကာ ႀကိဳးစားခဲ့ေပမယ့္ ေဒါ့မြန္နဲ႔ အေျပာင္းအေ႐ႊ႕ သေဘာတူညီမႈ မရႏိုင္ေသးပါဘူး။ ယူႏိုက္တက္ဘက္ကေတာ့ ဒီေႏြမွာ ေသခ်ာေပါက္ ေခၚယူႏိုင္ဖို႔ ယုံၾကည္ေနေပမယ့္ ေဒါ့မြန္ကေတာ့ ေပါင္ ၁၀၉ သန္း ထက္ မေလွ်ာ့ႏိုင္ဘူးလို႔ တင္းခံထားတာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ အဲလက္စ္ တဲလက္စ္နဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈရရွိခဲ့ၿပီး ေပၚတိုနဲ႔ ေျပာင္းေ႐ႊ႕ေၾကးကို ဆက္လက္ ေဆြးေႏြးညႇိႏႈိင္းေနပါတယ္။ သရဲနီေတြဟာ ဘရာဇီး ေနာက္ခံလူအတြက္ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြထဲက ခ်ိတ္ဆက္ေနခဲ့တာျဖစ္ၿပီး သူ႔စာခ်ဳပ္က ေနာက္ေႏြရာသီမွာ ကုန္ေတာ့မွာျဖစ္လို႔ ေပါင္၂၅သန္းေလာက္နဲ႔ ရႏိုင္ပါတယ္။

အေျပာင္းအေ႐ႊ႕ ကာလ ေနာက္ဆုံးအပတ္ကို ေရာက္လာတာနဲ႔အတူ ဆန္ခ်ိဳကို အၿပီးသတ္ေခၚယူႏိုင္ဖို႔ ဆိုးလ္ရွားက ေမွ်ာ္လင့္ေနပါတယ္။ ယူႏိုက္တက္က တရားဝင္ ကမ္းလွမ္းမႈ မလုပ္ရေသးေသမယ့္ အခုခ်ိန္မွာ ေဒါ့မြန္ကို ဖိအားေပးမယ့္ ေနာက္ဆုံးကမ္းလွမ္းမႈလုပ္ဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။