အာဆင်နယ် လီဗာပူးတို့ တောင်ပံတိုက်စစ် ပစ်မှတ်၊ ဇီဒန်းနဲ့ ဂျူဗီ၊ ချယ်ဆီး တိုက်စစ်သမားကို ခေါ်မယ့် ဗီလာနဲ့ ထူးခြား အပြောင်းအရွှေ့ သတင်းများ

ဘရန့်ဖို့ဒ်အသင်းမှ ညာတောင်ပံ တိုက်စစ်သမား Bryan Mbeumo ကို ခေါ်ယူဖို့ လီဗာပူး၊ အာဆင်နယ်နဲ့ နယူးကာဆယ် တို့က အပြိုင် စိတ်ဝင်စားကြောင်း သတင်းထွက်လာပါတယ်။

အေစီမီလန်မှာ အငှားထွက် ကစားနေတဲ့ တိုက်စစ်သမား ဂျာအို ဖိလစ်ကို ချယ်ဆီးက ရှင်းထုတ်ဖို့ ရည်ရွယ်နေပြီး ၎င်းကို ခေါ်ယူဖို့ အက်စတွန်ဗီလာက စိတ်ဝင်စားနေပါတယ်။

လီဗာပူး နည်းပြ အာနယ်ဆလော့ ကိုယ်တိုင် ထရန့် အလက်ဇန်းဒါး အာနိုးကို သက်တမ်းတိုးဖို့ စည်းရုံးနေပေမယ့် ကစားသမားကတော့ သက်တမ်းတိုး စာချုပ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချထားတယ် လို့ သတင်းထွက်နေပြီး ရီးရဲလ်မက်ဒရစ်ထံ အသင်းပြောင်းဖို့ ပိုမို နီးစပ်လာနေပါတယ်။

ဘုန်းမောက် လူငယ် နောက်ခံလူ Dean Huijsen ကို ခေါ်ယူဖို့ လီဗာပူးအသင်းကလည်း ရီးရဲလ်နဲ့ အပြိုင် ဝင်ပါလာပါတယ်။ စပိန်သားရဲ့ ဘုန်းမောက်နဲ့ လက်ရှိ စာချုပ်က ၂၀၃ဝ ထိ ရှိနေသေးပြီး စာချုပ်ဖျက်သိမ်းကြေး ပေါင် သန်း ၅ဝ ကတော့ လာမယ့် ဇူလိုင်လမှာ အသက်ဝင်မှာပါ။

ဂျူဗင်တပ်အသင်းဟာ အနားယူနေတဲ့ နည်းပြ ဇီဒန်းကို ခေါ်ယူဖို့ ချိတ်ဆက်နေပါတယ်။ ဒါပေမယ့် ပြင်သစ်သားကြီး ရောက်လာဖို့ထက် မန်ချီနီ ဒါမှမဟုတ် Igor Tudor တို့သာ နည်းပြသစ် ဖြစ်လာဖို့ များနေပါတယ်။

အက်စတွန်ဗီလာ အသင်းဟာ အငှား ခေါ်ထားတဲ့ ယူနိုက်တက် တိုက်စစ်မှုး မားကပ် ရက်ဖို့ဒ်ကို လာမယ့် နွေမှာ ပေါင် သန်း ၄ဝ နဲ့ ခေါ်ယူဖို့ အခွင့် ရှိနေပါတယ်။ ဒါပေမယ့် အခုထိတော့ ရက်ဖို့ဒ်ကို အပြီး ခေါ်ယူရေး ဗီလာဘက်က ဆုံးဖြတ်ချက် မချရသေးပါဘူး။