ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (28/09/20)

ချယ်ဆီးအသင်းဟာ ဝက်စ်ဟမ်းကြယ်ပွင့် ဒီကလန်ရိုက်စ်ကို ပေါင်သန်း၄၀လောက်နဲ့ ခေါ်ယူနိုင်ဖို့ ယုံကြည်နေပါတယ်။ လမ်းပတ်က စတန်းဖို့ဒ်ဘရစ်ခ်ျမှာ သူ တည်ဆောက်နေတဲ့ စီမံကိန်းကို အဆုံးသတ်ဖို့ ရိုက်စ်က ကူညီပေးလိမ့်မယ်လို့ ထင်နေတာဖြစ်ပြီး ငွေလိုအပ်နေတဲ့ ဝက်စ်ဟမ်းကို ဖိအားပေးဖို့ အဆင်သင့်ဖြစ်နေပါတယ်။

အင်တာမီလန်ဟာ ချယ်ဆီး ကွင်းလယ် ကြယ်ပွင့် ကန်တေကို စိတ်မဝင်စားဘူးလို့ အင်တာ အားကစားဒါရိုက်တာ ပီယာရို အူစီလီရိုက ဆိုပါတယ်။ ဒီနွေမှာ ပေါင်သန်း၂၀၀ကျော် သုံးခဲ့တဲ့ ချယ်ဆီးဟာ ဝင်ငွေပြန်လိုချင်တာကြောင့် ကန်တေ အပါအဝင် ကစားသမားအချို့ကို ပြန်ရောင်းထုတ်ဖို့ စဉ်းစားနေတာပါ။

ချယ်ဆီးဟာ ဝက်စ်ဘရွန်းနဲ့ပွဲမှာ မေဆန်မောင့်၊ အိုဒွိုင်း၊ တန်မီအေဗရာဟမ်တို့ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေကြောင့် အနိုင်ရရှိခဲ့ပေမယ့် အိုဒွိုင်းက တကယ့် အဆုံးအဖြတ်ဖြစ်ခဲ့ပြီး အထင်ကြီးစရာ ခြေစွမ်းပြခဲ့တာဖြစ်တယ်လို့ ဒါရန်းဘန့်က ချီးကျူးပြောဆိုခဲ့ပါတယ်။

အက်စ်တွန်ဗီလာဟာ ရူဘန်လော့ဖ်တပ်ချိခ်နဲ့ ရော့စ်ဘာကလေကို ခေါ်ယူဖို့ စိတ်အားထက်သန်နေပေမယ့် လော့ဖ်တပ်ချိခ်က ဒီနွေမှာ ချယ်ဆီးကနေ ထွက်ခွာဖို့ ပိုဖြစ်နိုင်နေပါတယ်။ ဗီလာနည်းပြ ဒင်းစမစ်ကတော့ ပရီးမီးယားလိဂ်စည်းမျဉ်းအရ အင်္ဂလန်ကလပ်ဆီကနေ အငှား ကစားသမား တစ်ယောက်သာ ခေါ်ယူနိုင်မှာပ

ရူဒီဂါဟာ အေစီမီလန်ရဲ့ ချဉ်းကပ်မှုကို ခံခဲ့ရပြီး နွေအပြောင်းအရွှေ့ကာလ မပိတ်ခင် ချယ်ဆီးကို စွန့်ခွာဖို့ရှိနေပါတယ်။ မီလန်ဟာ ခံစစ်ပိုင်းမှာ အားဖြည့်ဖို့ လိုအပ်နေတာဖြစ်ပြီး ရူဒီဂါကို ကနဦးအငှား ခေါ်ယူချင်ပေမယ့် ချယ်ဆီးက အပြီးသတ် ရောင်းချချင်နေတာဖြစ်ပါတယ်။

ချယ်ဆီးအတွက် ကစားပေးတာ ပွဲ ၁၀၀ ပြည့်ခဲ့တဲ့နောက် ပြီးခဲ့တဲ့၂ပွဲမှာ မပါဝင်ခဲ့တဲ့ ဂျော်ဂျင်ဟိုဟာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေထွက်နေပြီး ဂျူဗင်တပ်၊ အာဆင်နယ်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ပီအက်စ်ဂျီက ဘာကာယိုကိုနဲ့ သူ့ကို အငှားခေါ်ယူဖို့ မျှော်လင့်နေပါတယ်။

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက ချယ်ဆီး ကွင်းလယ်လူ ကန်တေဟာ ပေါ့ဘာ၊ ဖာနန်ဒက်စ်တို့နဲ့အတူ၎င်းရဲ့ ကွင်းလယ်အတွက် လိုအပ်တဲ့ အင်အား တောင့်တင်းမှုကိုပေးနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ပေါင် သန်း ၂၂၀သုံးခဲ့တဲ့ ချယ်ဆီးကတော့ ကန်တေအတွက် ကမ်းလှမ်းမှုတွေ ကို လက်ခံ စဉ်းစားဖို့ ဆန္ဒရှိနေပါတယ်။

သီယာဂိုဆေးဗားအနေနဲ့ အင်္ဂလိပ်စကား မပြောနိုင်တာက အသင်းနဲ့ ဆက်သွယ်ရေးမှာ အခက်အခဲဖြစ်စေမလားဆိုတဲ့ မေးခွန်းထုတ်မှုတွေအပေါ် လမ်းပတ်က ကာကွယ်ပေးခဲ့ပြီး သူ့ အနေနဲ့ ဒါကို မြန်မြန် သင်ယူနိုင်မှာဖြစ်သလို ပြင်သစ်စကားတတ်တဲ့ အသင်းဖော်တွေလဲ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဝက္စ္ဟမ္းၾကယ္ပြင့္ ဒီကလန္႐ိုက္စ္ကို ေပါင္သန္း၄၀ေလာက္နဲ႔ ေခၚယူႏိုင္ဖို႔ ယုံၾကည္ေနပါတယ္။ လမ္းပတ္က စတန္းဖို႔ဒ္ဘရစ္ခ္်မွာ သူ တည္ေဆာက္ေနတဲ့ စီမံကိန္းကို အဆုံးသတ္ဖို႔ ႐ိုက္စ္က ကူညီေပးလိမ့္မယ္လို႔ ထင္ေနတာျဖစ္ၿပီး ေငြလိုအပ္ေနတဲ့ ဝက္စ္ဟမ္းကို ဖိအားေပးဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

အင္တာမီလန္ဟာ ခ်ယ္ဆီး ကြင္းလယ္ ၾကယ္ပြင့္ ကန္ေတကို စိတ္မဝင္စားဘူးလို႔ အင္တာ အားကစားဒါ႐ိုက္တာ ပီယာ႐ို အူစီလီ႐ိုက ဆိုပါတယ္။ ဒီေႏြမွာ ေပါင္သန္း၂၀၀ေက်ာ္ သုံးခဲ့တဲ့ ခ်ယ္ဆီးဟာ ဝင္ေငြျပန္လိုခ်င္တာေၾကာင့္ ကန္ေတ အပါအဝင္ ကစားသမားအခ်ိဳ႕ကို ျပန္ေရာင္းထုတ္ဖို႔ စဥ္းစားေနတာပါ။

ခ်ယ္ဆီးဟာ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ ေမဆန္ေမာင့္၊ အိုဒြိဳင္း၊ တန္မီေအဗရာဟမ္တို႔ရဲ႕ ဒုတိယပိုင္းသြင္းဂိုးေတြေၾကာင့္ အႏိုင္ရရွိခဲ့ေပမယ့္ အိုဒြိဳင္းက တကယ့္ အဆုံးအျဖတ္ျဖစ္ခဲ့ၿပီး အထင္ႀကီးစရာ ေျခစြမ္းျပခဲ့တာျဖစ္တယ္လို႔ ဒါရန္းဘန္႔က ခ်ီးက်ဴးေျပာဆိုခဲ့ပါတယ္။

အက္စ္တြန္ဗီလာဟာ ႐ူဘန္ေလာ့ဖ္တပ္ခ်ိခ္နဲ႔ ေရာ့စ္ဘာကေလကို ေခၚယူဖို႔ စိတ္အားထက္သန္ေနေပမယ့္ ေလာ့ဖ္တပ္ခ်ိခ္က ဒီေႏြမွာ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ ပိုျဖစ္ႏိုင္ေနပါတယ္။ ဗီလာနည္းျပ ဒင္းစမစ္ကေတာ့ ပရီးမီးယားလိဂ္စည္းမ်ဥ္းအရ အဂၤလန္ကလပ္ဆီကေန အငွား ကစားသမား တစ္ေယာက္သာ ေခၚယူႏိုင္မွာပ

႐ူဒီဂါဟာ ေအစီမီလန္ရဲ႕ ခ်ဥ္းကပ္မႈကို ခံခဲ့ရၿပီး ေႏြအေျပာင္းအေ႐ႊ႕ကာလ မပိတ္ခင္ ခ်ယ္ဆီးကို စြန္႕ခြာဖို ႔ရွိေနပါတယ္။ မီလန္ဟာ ခံစစ္ပိုင္းမွာ အားျဖည့္ဖို႔ လိုအပ္ေနတာျဖစ္ၿပီး ႐ူဒီဂါကို ကနဦးအငွား ေခၚယူခ်င္ေပမယ့္ ခ်ယ္ဆီးက အၿပီးသတ္ ေရာင္းခ်ခ်င္ေနတာျဖစ္ပါတယ္။

ခ်ယ္ဆီးအတြက္ ကစားေပးတာ ပြဲ ၁၀၀ ျပည့္ခဲ့တဲ့ေနာက္ ၿပီးခဲ့တဲ့၂ပြဲမွာ မပါဝင္ခဲ့တဲ့ ေဂ်ာ္ဂ်င္ဟိုဟာ အသင္းကေန ထြက္ခြာဖို႔ သတင္းေတြထြက္ေနၿပီး ဂ်ဴဗင္တပ္၊ အာဆင္နယ္တို႔ရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့ေပမယ့္ ပီအက္စ္ဂ်ီက ဘာကာယိုကိုနဲ႔ သူ႔ကို အငွားေခၚယူဖို႔ ေမွ်ာ္လင့္ေနပါတယ္။

ယူႏိုက္တက္နည္းျပ ဆိုးလ္ရွားက ခ်ယ္ဆီး ကြင္းလယ္လူ ကန္ေတဟာ ေပါ့ဘာ၊ ဖာနန္ဒက္စ္တို႔နဲ႔အတူ၎ရဲ႕ ကြင္းလယ္အတြက္ လိုအပ္တဲ့ အင္အား ေတာင့္တင္းမႈကိုေပးႏိုင္လိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။ ေပါင္ သန္း ၂၂၀သုံးခဲ့တဲ့ ခ်ယ္ဆီးကေတာ့ ကန္ေတအတြက္ ကမ္းလွမ္းမႈေတြ ကို လက္ခံ စဥ္းစားဖို႔ ဆႏၵရွိေနပါတယ္။

သီယာဂိုေဆးဗားအေနနဲ႔ အဂၤလိပ္စကား မေျပာႏိုင္တာက အသင္းနဲ႔ ဆက္သြယ္ေရးမွာ အခက္အခဲျဖစ္ေစမလားဆိုတဲ့ ေမးခြန္းထုတ္မႈေတြအေပၚ လမ္းပတ္က ကာကြယ္ေပးခဲ့ၿပီး သူ႔ အေနနဲ႔ ဒါကို ျမန္ျမန္ သင္ယူႏိုင္မွာျဖစ္သလို ျပင္သစ္စကားတတ္တဲ့ အသင္းေဖာ္ေတြလဲ ရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။