ဘိုင်ယန်မြူးနစ် ကြယ်ပွင့် ဟယ်ရီ ကိန်းဟာ ဒီရာသီ ကုန်ရင် ပရီးမီးယားလိဂ်သို့ ပြန်သွားဖို့ အလေးအနက် စဥၤးစားနေပါတယ်။ အင်္ဂလန်သားကို ခေါ်ယူရေးမှာ လီဗာပူးက ရေပန်းစားလာနိုင်ပါတယ်။
မေဂျာလိဂ် ကလပ် ဆန်ဒီယို အက်ဖ်စီ က မန်စီးတီး ကွင်းလယ် ကစားသမား ကီဗင် ဒီဘရိုင်းကို ခေါ်ယူရေး ဆွေးနွေးထားပါတယ်။ ဒီဘရိုင်းက ရာသီကုန်ရင် စီးတီးကနေ အလွတ်နဲ့ ထွက်ခွာမှာ ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ အမှားများလွန်းတဲ့ ဂိုးသမား အိုနာနာ အား ဆော်ဒီဘက်သို့ ရောင်းချဖို့ စီစဉ်နေပါတယ်။
နွေမှာ အသင်းပြောင်းဖွယ် သတင်းထွက်နေတဲ့ ချီယေဆာ နဲ့ ပတ်သတ်ပြီး ၎င်း ဖခင်ကတော့ ကစားသမားဟာ လီဗာပူးမှာ ပျော်ရွှင်နေပြီး ဂျူဗင်တပ်ကနေ ထွက်ခဲ့တာ အတွက် နောင်တလည်း မရှိဘူးလို့ ဆိုပါတယ်။
ချီယေဆာ က လီဗာပူးအတွက် ပရီးမီးယားလိဂ်မှာ မိနစ် ၂ဝ ကျော်မျှသာ ကစားထားပြီး ဒဏ်ရာတွေနဲ့သာ အနားယူနေရပါတယ်။
မာဆေးကလပ်ကနေ ရောင်းထုတ်ဖွယ် ရှိနေတဲ့ ဂရင်းဝုဒ်ရဲ့ နောက်ထပ် အပြောင်းအရွှေ့ကနေ ယူနိုက်တက်က ၅ဝ% ရရှိဦးမှာ ဖြစ်ပါတယ်။ ကစားသမားရဲ့ လက်ရှိ တန်ကြေးက ပေါင် သန်း ၃ဝ ဝန်းကျင် ရှိတာကြောင့် မန်ချက်စတာ ကလပ်က ၁၅ သန်းလောက် ရဖို့ ရှိနေပါတယ်။
အေစီမီလန် အသင်းဟာ ချယ်ဆီး တောင်ပံ တိုက်စစ်သမား မာဒူကီ ကို ခေါ်ယူဖို့ အလေးအနက် စိတ်ဝင်စားနေပြီး ပြောင်းရွှေ့ကြေး ယူရို သန်း ၄ဝ ပေးဖို့လည်း ဆန္ဒ ရှိနေပါတယ်။
ချယ်ဆီးကလည်း ကစားသမား သစ် ခေါ်ယူမှုတွေ လုပ်ချင်တာကြောင့် မာဒူကီ ကို ရောင်းထုတ်ဖွယ် ရှိပါတယ်။