ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (28/09/20)

အာဆင်နယ်အနေနနဲ့ လိုင်ယွန်ကွင်းလယ်လူ အာဝါကို ခေါ်ယူဖို့ ကြိုးစားသင့်တယ်လို့ အူဘာမီးယန်းက တိုက်တွန်းပြောဆိုခဲ့ပါတယ်။ အာဝါက ကစားသမားကောင်း ဖြစ်တာကြောင့် အတူ တွဲဖက် ကစားချင်တဲ့ အပေါ် ဖုံးကွယ်စရာ မရှိကြောင်း ၎င်းက ဆိုခဲ့ပြီး အခုထိတော့ အာဝါက လိုင်ယွန်အသင်းသားသာ ဖြစ်တယ်လို့ ဝန်ခံ ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ အာဝါ အတွက် ဒုတိယ အကြိမ် ကမ်းလှမ်းမှု အဖြစ် အပိုဆုကြေး ပေါင် ၁၀သန်း နီးပါးနဲ့အတူ ပေါင်၃၆.၅သန်းအထိ တိုးမြှင့်ကမ်းလှမ်းဖို့ ပြင်ဆင်ထားပါတယ်။ လိုင်ယွန်ဘက်ကတော့ ပေါင်၄၅သန်းပေးမှ ရောင်းမယ်လို့ အကြောင်းပြန်ထားပါတယ်။

ရှာကာဟာ ကလပ်ရဲ့ အထင်ကြီးစရာ ကစားသမားသစ်ခေါ်ယူမှုတွေကို ထောက်ခံခဲ့ပြီး အာတီတာရဲ့ အရည်အသွေးကို ချီးကျူးခဲ့သလို နည်းပြရဲ့ အတွေးအခေါ်၊ အယူအဆနဲ့ ကစားပုံတွေက သူ့အနေနဲ့ အသင်းမှာ ရှိနေခဲ့တဲ့အဓိက အကြောင်းပြချက် ဖြစ်တယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ရာဖေလာ လူငယ်ကစားသမား အဲလက်စ်လူနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ကလပ်တွေထဲမှာ ပါဝင်လာခဲ့ပါတယ်။ အသက် ၁၆နှစ် အရွယ် ကစားသမားဟာ အာဆင်နယ်၊ ယူနိုက်တက်၊ စီးတီး အပါအဝင် ကလပ်များစွာရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့် ယူနိုက်တက်က သူ့ကို ခေါ်နိုင်ဖို့ ရေပန်းစားနေတာပါ။

အာဆင်နယ် အသင်းခေါင်းဆောင် အူဘာမီးယန်းဟာ သူ့အနေနဲ့ အမ်းမရိတ်စ်မှာ ကာလရှည်စာချုပ် ချုပ်ဆိုဖို့အတွက် ဘာစီလိုနာထံကနေ ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ သူဟာ ဒီလအစောပိုင်းမှာ ၃နှစ် စာချုပ်ချုပ်ဆိုခဲ့ပြီး ကလပ်ရဲ့ ဒုတိယလုပ်ခအမြင့်ဆုံး ကစားသမားဖြစ်လာခဲ့တာပါ။

အာတီတာက သူ့အနေနဲ့ အမ်းမရိတ်စ်ကွင်းထံ အောင်မြင်မှု ယူဆောင်လာပေးဖို့ဆိုရင် သူ့ရဲ့ ကစားပုံကို ပြောင်းလဲပြီး လက်တွေ့ကျတဲ့ ချဉ်းကပ်မှု လုပ်ဖို့ မတွန့်ဆုတ်ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ လီဗာပူးနဲ့ တွေ့ဆုံရဖို့ ရှိနေပြီး အကောင်းဆုံးပုံစံမှာ ရှိနေတဲ့ လီဗာပူးက သူတို့ကို လက်စားချေဖို့ အသင့်ဖြစ်နေတာပါ။

လီဗာပူးဟာ ဒဏ်ရာပြဿနာတွေနဲ့ အခက်ကြုံနေရပြီး အာဆင်နယ်နဲ့ ပွဲမြှ ဂိုးသမား အယ်လီဆန်နဲ့ အယ်ကန်တာရာတို့ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပြဿနာကို အလန့်တကြား တုံ့ပြန်မှာမဟုတ်ပဲ အာဆင်နယ်နဲ့ပွဲအတွက် ယုံကြည်မှုရှိကြောင်း နည်းပြ ကလော့ပ်က ပြောဆိုခဲ့ပါတယ်။

Zawgyi – အာဆင္နယ္အေနနနဲ႔ လိုင္ယြန္ကြင္းလယ္လူ အာဝါကို ေခၚယူဖို႔ ႀကိဳးစားသင့္တယ္လို႔ အူဘာမီးယန္းက တိုက္တြန္းေျပာဆိုခဲ့ပါတယ္။ အာ၀ါက ကစားသမားေကာင္း ျဖစ္တာေၾကာင့္ အတူ တြဲဖက္ ကစားခ်င္တဲ့ အေပၚ ဖုံးကြယ္စရာ မရွိေၾကာင္း ၄င္းက ဆိုခဲ့ျပီး အခုထိေတာ့ အာ၀ါက လိုင္ယြန္အသင္းသားသာ ျဖစ္တယ္လို႔ ၀န္ခံ ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ အာဝါ အတြက္ ဒုတိယ အၾကိမ္ ကမ္းလွမ္းမႈ အျဖစ္ အပိုဆုေၾကး ေပါင္ ၁၀သန္း နီးပါးနဲ႔အတူ ေပါင္၃၆.၅သန္းအထိ တိုးျမႇင့္ကမ္းလွမ္းဖို႔ ျပင္ဆင္ထားပါတယ္။ လိုင္ယြန္ဘက္ကေတာ့ ေပါင္၄၅သန္းေပးမွ ေရာင္းမယ္လို႔ အေၾကာင္းျပန္ထားပါတယ္။

ရွာကာဟာ ကလပ္ရဲ႕ အထင္ႀကီးစရာ ကစားသမားသစ္ေခၚယူမႈေတြကို ေထာက္ခံခဲ့ၿပီး အာတီတာရဲ႕ အရည္အေသြးကို ခ်ီးက်ဴးခဲ့သလို နည္းျပရဲ႕ အေတြးအေခၚ၊ အယူအဆနဲ႔ ကစားပုံေတြက သူ႔အေနနဲ႔ အသင္းမွာ ရွိေနခဲ့တဲ့အဓိက အေၾကာင္းျပခ်က္ ျဖစ္တယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ရာေဖလာ လူငယ္ကစားသမား အဲလက္စ္လူနာကို ေခၚယူဖို႔ စိတ္ဝင္စားေနတဲ့ ကလပ္ေတြထဲမွာ ပါဝင္လာခဲ့ပါတယ္။ အသက္ ၁၆ႏွစ္ အ႐ြယ္ ကစားသမားဟာ အာဆင္နယ္၊ ယူႏိုက္တက္၊ စီးတီး အပါအဝင္ ကလပ္မ်ားစြာရဲ႕ စိတ္ဝင္စားမႈကို ရရွိခဲ့ေပမယ့္ ယူႏိုက္တက္က သူ႔ကို ေခၚႏိုင္ဖို႔ ေရပန္းစားေနတာပါ။

အာဆင္နယ္ အသင္းေခါင္းေဆာင္ အူဘာမီးယန္းဟာ သူ႔အေနနဲ႔ အမ္းမရိတ္စ္မွာ ကာလရွည္စာခ်ဳပ္ ခ်ဳပ္ဆိုဖို႔အတြက္ ဘာစီလိုနာထံကေန ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ သူဟာ ဒီလအေစာပိုင္းမွာ ၃ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး ကလပ္ရဲ႕ ဒုတိယလုပ္ခအျမင့္ဆုံး ကစားသမားျဖစ္လာခဲ့တာပါ။

အာတီတာက သူ႔အေနနဲ႔ အမ္းမရိတ္စ္ကြင္းထံ ေအာင္ျမင္မႈ ယူေဆာင္လာေပးဖို႔ဆိုရင္ သူ႔ရဲ႕ ကစားပုံကို ေျပာင္းလဲၿပီး လက္ေတြ႕က်တဲ့ ခ်ဥ္းကပ္မႈ လုပ္ဖို႔ မတြန႔္ဆုတ္ပါဘူးလို႔ ေျပာဆိုခဲ့ပါတယ္။ အာဆင္နယ္ဟာ လီဗာပူးနဲ႔ ေတြ႕ဆုံရဖို႔ ရွိေနၿပီး အေကာင္းဆုံးပုံစံမွာ ရွိေနတဲ့ လီဗာပူးက သူတို႔ကို လက္စားေခ်ဖို႔ အသင့္ျဖစ္ေနတာပါ။

လီဗာပူးဟာ ဒဏ္ရာျပႆနာေတြနဲ႔ အခက္ႀကဳံေနရၿပီး အာဆင္နယ္နဲ႕ ပြဲမွၾ ဂိုးသမား အယ္လီဆန္နဲ႔ အယ္ကန္တာရာတို႔ ပါဝင္ႏိုင္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ ဒီျပႆနာကို အလန္႔တၾကား တုံ႔ျပန္မွာမဟုတ္ပဲ အာဆင္နယ္နဲ႔ပြဲအတြက္ ယုံၾကည္မႈရွိေၾကာင္း နည္းျပ ကေလာ့ပ္က ေျပာဆိုခဲ့ပါတယ္။