ယူနိုက်တက်ရဲ့ တိုက်စစ်ပ-စ်မှတ်၊ ရီးရဲလ်သွားမယ့် ထရန့်၊ အီဒါဆန်ရဲ့ လားရာ၊ အိုဝင်ရဲ့ တိုက်တွန်းမှုနဲ့ ပရီးမီးယားလိဂ် အပြောင်းအရွှေ့ သတင်းထူးများ

လီဗာပူးအသင်းဟာ ဘရိုက်တန် တိုက်စစ်သမား ဂျာအို ပီဒရို ကို ခေါ်ယူရေး ကနဦး ဆွေးနွေးမှုတွေ ပြုလုပ်ထားကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ၎င်းကို အာဆင်နယ်၊ ချယ်ဆီး၊ ပီအက်စ်ဂျီ၊ ဘိုင်ယန်နဲ့ မန်ယူနိုက်တက် တို့ကလည်း စိတ်ဝင်စားနေတာပါ။

ရာသီကုန်မှာ ရက်ဖို့ဒ်နဲ့ ဆန်ချို တို့ နှစ်ယောက်ကို လက်လွှတ်ရဖွယ် ရှိတဲ့နောက် ယူနိုက်တက် နည်းပြ အမ်မိုရင်းဟာ စပို့တင်း တိုက်စစ်ကြယ်ပွင့် ထရင်ကာအို ကို ခေါ်ယူဖို့ ချိန်ရွယ်နေပါတယ်။

မန်စီးတီး ဂိုးသမား အီဒါဆန် ကို မော်ရင်ညို ရဲ့ ဖီနာဘာချီ အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မော်ရင်ညို က နောက်ရာသီမှာ သူ့အသင်းကို ဆုဖလားတွေ ရယူဖို့ စီစဉ်နေပါတယ်။

လီဗာပူး နောက်ခံလူ ထရန့် အလက်ဇန်းဒါး အာနိုး ဟာ လာမယ့် နွေမှာ လာလီဂါ ထိပ်သီး ရီးရဲလ်မက်ဒရစ်ထံ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရသွားခဲ့ပြီ ဖြစ်ပါတယ်။ ထရန့်ရဲ့ အေးဂျင့် ဖြစ်တဲ့ ၎င်းရဲ့ အစ်ကို ဖြစ်သူဟာ ရီးရဲလ် တာဝန် ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဇူလိုင် ၁ မှာ စတင် ပူးပေါင်းမှာ ဖြစ်ကာ ၅ နှစ် စာချုပ် ချုပ်ဆိုမယ် လို့ သိရပါတယ်။

ယူနိုက်တက်မှာရော ချယ်ဆီးမှာပါ မပျော်ပိုက်တဲ့ အင်္ဂလန် တိုက်စစ်သမား ဂျေဒန် ဆန်ချို ကတော့ သူ့အသင်းဟောင်း ဒေါ့မွန်ထံ ထပ်မံ ချဉ်းကပ်ကာ ၎င်းကို ခေါ်ယူဖို့ မေးမြန်းနေပါတယ်။

လီဗာပူးအသင်းဟာ တိုက်စစ်မှုး မိုဆာလာနဲ့ သက်တမ်းတိုး စာချုပ်သစ် ညှိနှိုင်းမှုကလည်း အဆင်မပြေသေးဘဲ ရှိနေတာကြောင့် မိုက်ကယ် အိုဝင်ကတော့ ကလပ် စည်းမျဥ်းတွေကို လျှော့သင့်တာ လျှော့ပြီး ညှိနှိုင်းပေးဖို့၊ သိပ် နောက်ကျ မသွားခင် လုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

အာဆင်နယ် အသင်း အနေနဲ့ ဇာလက်တန် အီဗာရင်ဟင်မိုဗစ် ကို အီဒူးနေရာ အစားထိုးကာ အားကစား ဒါရိုက်တာ သစ် အဖြစ် ခန့်အပ်သင့်ကြောင့် ဂန်းနား ကွင်းလယ်ဟောင်း Anders Limpar က တိုက်တွန်းလိုက်ပါတယ်။

နယူးကာဆယ်ကနေ ပြောင်းလာပြီး ယူနိုက်တက်မှာ ၅ လ သာ ကြာခဲ့တဲ့ အားကစားဒါရိုက်တာဟောင်း ဒန် အက်ရှ်ဝါ့သ် ဟာ အင်္ဂလန် ဘောလုံး အဖွဲ့ချုပ် (အက်ဖ်အေ) မှာ နည်းပြတွေ တိုးတက်မှုပိုင်းနဲ့ ပတ်သတ်တဲ့ ရာထူး တစ်ခုကို ရယူဖွယ် ရှိနေပါတယ်။