ရိုက်စ်ရဲ့ အပြောင်းအရွှေ့မှာ ရူဒီဂါ သဘောတူညီမှု ပါဝင်စေချင်တဲ့ ဝက်ဟမ်း

ချယ်ဆီးအသင်းဟာ အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာတော့ ကစားသမား ရောင်းထုတ်မှုတွေကို ဦးစားပေးမှာဖြစ်ပေမယ့် ကွင်းလယ်လူ ရိုက်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားသွားမှာပါ။

ချယ်ဆီးရဲ့ ကစားသမား ရှင်းထုတ်မှုမှာ ဂျော်ဂျင်ဟို၊ လော့တပ်ချိစ်လို ကစားသမားတွေ ပါနေပြီး ကွင်းလယ်လူ ကန်တေကိုလည်း ရောင်းထုတ်နိုင်ကြောင်း အံ့အားသင့်ဖွယ် သတင်းတွေ ထွက်ပေါ်ထားတယ်။ မန်နေဂျာလမ်းပတ်ကတော့ ကွင်းလယ်နေရာအတွက် ဝက်ဟမ်းမှ အကယ်ဒမီထွက် ကစားသမားဟောင်း ရိုက်ကို ခေါ်ယူလိုနေတယ်။

ဈေးကွက်ပိတ်ဖို့ကလည်း နီးကပ်လာလို့ ဒီရက်ပိုင်းမှာပဲ ချယ်ဆီးက ဒီကလန် ရိုက်အတွက် ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့ သိထားရတယ်။ လမ်းပတ်က ရိုက်ကို သဘောကျနှစ်သက်သူဖြစ်ပြီး သူ့ကို နောက်တန်းလေးယောက်ရဲ့ အရှေ့မှာ ထားရင် အကောင်းဆုံးဖြစ်လိမ့်မယ်လို့ ထင်မြင်နေတာပဲဖြစ်ပါတယ်။

ဝက်ဟမ်းဘက်ကတော့ နွေမှာ ခေါ်ယူမှုကောင်းတွေ မလုပ်နိုင်တဲ့ အနေအထားကို စိတ်ပျက်နေကာ ချယ်ဆီးမှာ အနာဂတ် မရေမရာဖြစ်လာတဲ့ ရူဒီဂါကို အငှားခေါ်ယူခွင့် ရလိုနေပါတယ်။ ဝက်ဟမ်းရဲ့ တွဲဖက်ဥက္ကဌ ဒေးဗစ်ဆူလီဗန်က “ကျွန်တော်တို့ ဘယ်သူ့ကို ခေါ်မယ်ဆိုပြီး အတိအကျ မပြောနိုင်ပါဘူး၊ ကျွန်တော်တို့မှာ ပိုက်ဆံမရှိဘူးလေ” လို့ ပြောဆိုထားတာဖြစ်တယ်။

သီယာဂိုဆေးဗား ရောက်လာတဲ့နောက် စတန်းဖို့ဒ်ဘရစ်ခ်ျမှာ အန်တိုနီယို ရူဒီဂါရဲ့ အနာဂတ်က မရေမရာဖြစ်လာကာ ဂျာမန်သားဟာ ဒီရာသီ ချယ်ဆီးအတွက် တစ်ပွဲမှ မကစားရသေးသလို စနေနေ့ ဝက်စ်ဘရွန်းနဲ့ပွဲမှာလဲ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး အခုချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးအသင္းဟာ အေျပာင္းအေရႊ႔ ေနာက္ဆံုးအပတ္မွာေတာ့ ကစားသမား ေရာင္းထုတ္မႈေတြကို ဦးစားေပးမွာျဖစ္ေပမယ့္ ကြင္းလယ္လူ ရိုက္ကို ေခၚယူႏုိင္ဖို႔ ၾကိဳးစားသြားမွာပါ။

ခ်ယ္ဆီးရဲ႕ ကစားသမား ရွင္းထုတ္မႈမွာ ေဂ်ာ္ဂ်င္ဟို၊ ေလာ့တပ္ခ်ိစ္လို ကစားသမားေတြ ပါေနျပီး ကြင္းလယ္လူ ကန္ေတကိုလည္း ေရာင္းထုတ္ႏုိင္ေၾကာင္း အံ့အားသင့္ဖြယ္ သတင္းေတြ ထြက္ေပၚထားတယ္။ မန္ေနဂ်ာလမ္းပတ္ကေတာ့ ကြင္းလယ္ေနရာအတြက္ ဝက္ဟမ္းမွ အကယ္ဒမီထြက္ ကစားသမားေဟာင္း ရိုက္ကို ေခၚယူလိုေနတယ္။

ေစ်းကြက္ပိတ္ဖို႔ကလည္း နီးကပ္လာလို႔ ဒီရက္ပိုင္းမွာပဲ ခ်ယ္ဆီးက ဒီကလန္ ႐ိုက္အတြက္ ေပါင္သန္း ၄၀ နဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနတယ္လို႔ သိထားရတယ္။ လမ္းပတ္က ႐ိုက္ကို သေဘာက်ႏွစ္သက္သူျဖစ္ၿပီး သူ႔ကို ေနာက္တန္းေလးေယာက္ရဲ႕ အေရွ႕မွာ ထားရင္ အေကာင္းဆုံးျဖစ္လိမ့္မယ္လို႔ ထင္ျမင္ေနတာပဲျဖစ္ပါတယ္။

ဝက္ဟမ္းဘက္ကေတာ့ ေႏြမွာ ေခၚယူမႈေကာင္းေတြ မလုပ္ႏုိင္တဲ့ အေနအထားကို စိတ္ပ်က္ေနကာ ခ်ယ္ဆီးမွာ အနာဂတ္ မေရမရာျဖစ္လာတဲ့ ႐ူဒီဂါကို အငွားေခၚယူခြင့္ ရလိုေနပါတယ္။ ဝက္ဟမ္းရဲ႕ တြဲဖက္ဥကၠဌ ေဒးဗစ္ဆူလီဗန္က “ကြၽန္ေတာ္တို႔ ဘယ္သူ႔ကို ေခၚမယ္ဆိုၿပီး အတိအက် မေျပာႏိုင္ပါဘူး၊ ကြၽန္ေတာ္တို႔မွာ ပိုက္ဆံမရွိဘူးေလ” လို႔ ေျပာဆိုထားတာျဖစ္တယ္။

သီယာဂိုေဆးဗား ေရာက္လာတဲ့ေနာက္ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ အန္တိုနီယို ႐ူဒီဂါရဲ႕ အနာဂတ္က မေရမရာျဖစ္လာကာ ဂ်ာမန္သားဟာ ဒီရာသီ ခ်ယ္ဆီးအတြက္ တစ္ပြဲမွ မကစားရေသးသလို စေနေန႔ ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာလဲ ခ်န္လွပ္ခံခဲ့ရတာျဖစ္ၿပီး အခုခ်ိန္မွာေတာ့ အသင္းကေန ထြက္ခြာဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။