ချယ်ဆီးနဲ့ ပွဲဦးထွက် မျက်နှာပန်း မလှခဲ့တဲ့ အပေါ် တုန့်ပြန်စကား ထုတ်ပြောလာတဲ့ သီယေဂို ဆေးလ်ဗား

ပြီးခဲ့တဲ့ ဝက်စ်ဘရွန်းနဲ့ ပွဲမှာ ချယ်ဆီး အသင်းခေါင်းဆောင် အဖြစ် ပွဲထွက်လာခဲ့ပြီး ဂိုးပေးလိုက်ရတဲ့ အမှားကိုပါ ကျူးလွန်ကာ မျက်နှာပန်း မလှဖြစ်ခဲ့တဲ့ သီယေဂို ဆေးလ်ဗားက ငြိမ်သက်နေမှုကို အဆုံးသတ်လိုက်ပြီး အင်စတာဂရမ်ကနေ တုန့်ပြန် စကား ဆိုလာခဲ့ပါတယ်။

ဆေးလ်ဗားဟာ ဝက်စ်ဘရွန်း ရသွားတဲ့ ဒုတိယဂိုးအတွက် အမှားကျူးလွန်ခဲ့တာ ဖြစ်ပြီး ဘရာဇီးသား ဗဟိုခံစစ်မှူးဟာ ၎င်း အပေါ် မျှော်လင့်ချက်ကြီး ထားခဲ့တဲ့ နည်းပြနဲ့ ပရိသတ်တွေကို စိတ်ပျက်စေခဲ့ပါတယ်။

ဆေးလ်ဗားကတော့ သူ့အမှားအပေါ် ဝန်ခံလိုက်ပြီး အနာဂတ်မှာ သူ့ အကောင်းဆုံး ခြေစွမ်းတွေ ပရိသတ်တွေ မြင်ရအောင် ကြိုးစားသွားမယ်လို့ ကတိပြု စကား ဆိုခဲ့ပါတယ်။

” တခါတလေ ကြိုးစား အားထုတ်သလောက် မျှော်လင့်ထားသလို ဖြစ်မလာတဲ့ ကံမကောင်းတဲ့ အခိုက်အတန့်တွေ ရှိပါတယ်။ ကျနော်လည်း စိပျက်မိတယ်။ ဒါပေမယ့် ကျနော် လုပ်တဲ့ အမှားအတွက် ကျနော် တာဝန်ယူမှာပါ။ ဘယ်လောက် ခက်ခဲသည် ဖြစ်စေ ကျော်ဖြတ်ပြီး ရှေ့ဆက်သွားရမှာ ဖြစ်တယ်။

ကျနော့် အသင်းဖော်တွေနဲ့ နည်းပြ အဖွဲ့ဝင်တွေ အားလုံးကိုတော့ ကျနော် ချယ်ဆီးရောက်တည်းက ကူညီ ပံ့ပိုးပေးခဲ့ကြလို့ ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။ သူတို့ အားပေးမှုတွေ အတွက် တကယ် ကျေးဇူးတင်ရတယ်။ အားလုံးကိုလည်း ကျနော် ကတိပေးပါတယ်။ ပွဲ ကစားရတိုင်း ကွင်းထဲမှာ အစွမ်းရှိသမျှ ခွန်အားရှိသမျှ အကုန် ထုတ်ပြီး ကြိုးစားသွားပါမယ်။ ” လို့ သီယေဂို ဆေးလ်ဗားက အင်စတာဂရမ်မှာ ရေးသား အသိပေးခဲ့ပါတယ်။

ချယ်ဆီး အသင်းဟာ ဝက်စ်ဘရွန်းကို ပထမပိုင်းမှာ ၃ ဂိုးပေးခဲ့ပေမယ့် ဒုတိယပိုင်းမှာ ချေပဂိုးများ ပြန်လည် သွင်းယူနိုင်ခဲ့တာကြောင့် သရေ တစ်မှတ် အရ ယူနိုင်ခဲ့ပါတယ်။

Zawgyi – ျပီးခဲ့တဲ့ ၀က္စ္ဘရြန္းနဲ႕ ပြဲမွာ ခ်ယ္ဆီး အသင္းေခါင္းေဆာင္ အျဖစ္ ပြဲထြက္လာခဲ့ျပီး ဂိုးေပးလိုက္ရတဲ့ အမွားကိုပါ က်ဴးလြန္ကာ မ်က္နွာပန္း မလွျဖစ္ခဲ့တဲ့ သီေယဂို ေဆးလ္ဗားက ျငိမ္သက္ေနမႈကို အဆံုးသတ္လိုက္ျပီး အင္စတာဂရမ္ကေန တုန္႔ျပန္ စကား ဆိုလာခဲ့ပါတယ္။

ေဆးလ္ဗားဟာ ၀က္စ္ဘရြန္း ရသြားတဲ့ ဒုတိယဂိုးအတြက္ အမွားက်ဴးလြန္ခဲ့တာ ျဖစ္ျပီး ဘရာဇီးသား ဗဟိုခံစစ္မွဴးဟာ ၄င္း အေပၚ ေမွ်ာ္လင့္ခ်က္ၾကီး ထားခဲ့တဲ့ နည္းျပနဲ႕ ပရိသတ္ေတြကို စိတ္ပ်က္ေစခဲ့ပါတယ္။

ေဆးလ္ဗားကေတာ့ သူ႔အမွားအေပၚ ၀န္ခံလိုက္ျပီး အနာဂတ္မွာ သူ႔ အေကာင္းဆံုး ေျခစြမ္းေတြ ပရိသတ္ေတြ ျမင္ရေအာင္ ၾကိဳးစားသြားမယ္လို႔ ကတိျပဳ စကား ဆိုခဲ့ပါတယ္။

” တခါတေလ ၾကိဳးစား အားထုတ္သေလာက္ ေမွ်ာ္လင့္ထားသလို ျဖစ္မလာတဲ့ ကံမေကာင္းတဲ့ အခိုက္အတန္႔ေတြ ရွိပါတယ္။ က်ေနာ္လည္း စိပ်က္မိတယ္။ ဒါေပမယ့္ က်ေနာ္ လုပ္တဲ့ အမွားအတြက္ က်ေနာ္ တာ၀န္ယူမွာပါ။ ဘယ္ေလာက္ ခက္ခဲသည္ ျဖစ္ေစ ေက်ာ္ျဖတ္ျပီး ေရွ႕ဆက္သြားရမွာ ျဖစ္တယ္။

က်ေနာ့္ အသင္းေဖာ္ေတြနဲ႕ နည္းျပ အဖြဲ႕၀င္ေတြ အားလံုးကိုေတာ့ က်ေနာ္ ခ်ယ္ဆီးေရာက္တည္းက ကူညီ ပံ့ပိုးေပးခဲ့ၾကလို႔ ေက်းဇူးတင္ေၾကာင္း ေျပာခ်င္ပါတယ္။ သူတို႔ အားေပးမႈေတြ အတြက္ တကယ္ ေက်းဇူးတင္ရတယ္။ အားလံုးကိုလည္း က်ေနာ္ ကတိေပးပါတယ္။ ပြဲ ကစားရတိုင္း ကြင္းထဲမွာ အစြမ္းရွိသမွ် ခြန္အားရွိသမွ် အကုန္ ထုတ္ျပီး ၾကိဳးစားသြားပါမယ္။ ” လို႔ သီေယဂို ေဆးလ္ဗားက အင္စတာဂရမ္မွာ ေရးသား အသိေပးခဲ့ပါတယ္။

ခ်ယ္ဆီး အသင္းဟာ ၀က္စ္ဘရြန္းကို ပထမပိုင္းမွာ ၃ ဂိုးေပးခဲ့ေပမယ့္ ဒုတိယပိုင္းမွာ ေခ်ပဂိုးမ်ား ျပန္လည္ သြင္းယူနိုင္ခဲ့တာေၾကာင့္ သေရ တစ္မွတ္ အရ ယူနိုင္ခဲ့ပါတယ္။