ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးက အူဘာမီးယန်း ဖြစ်တယ်

အာဆင်နယ်တိုက်စစ်မှူး အူဘာမီးယန်းက လက်ရှိ ပရီးမီးယားလိဂ်မှာတော့ အကောင်းဆုံးတိုက်စစ်မှူး ဖြစ်တယ်လို့ အသင်းဖော် ဂိုးသမား လီနိုက ထောက်ခံလိုက်ပြီး ဂါဘွန်သားရဲ့ ဂိုးသွင်းစွမ်းရည်အပေါ် ချီးကျူးပြောဆိုသွားခဲ့ပါတယ်။

၂၀၁၈ မှာ အာဆင်နယ် ပြောင်းလာစဉ်တည်းက အူဘာမီးယန်းဟာ အသင်း အဓိက တိုက်စစ်မှူး ဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရာသီကလည်း ပရီးမီးယားလိဂ်မှာ ၂၂ ဂိုးထိ သွင်းကာ လီဗာပူးတိုက်စစ်မှူးတွေနဲ့ ပူးတွဲ ရွှေဖိနပ်ဆု ရရှိသွားပါတယ်။

အာဆင်နယ် ဂိုးသမား လီနိုကတော့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူးက အူဘာမီးယန်းသာ ဖြစ်တယ်လို့ ယုံကြည်နေပြီး ၎င်းနဲ့ အတူ တစ်သင်းတည်း ကစားရတာအတွက် ကျေနပ်နေပါတယ်။

” အူဘာနဲ့ ယှဉ်ပြိုင်ဖို့က အမြဲ ခက်ခဲပါတယ်။ အင်္ဂလန်မှာလိုပဲ ဂျာမနီမှာတည်းကပါ။ အဲဒီမှာလည်း သူက လီဝန်ဒေါစကီးလိုပဲ လိဂ် အကောင်းဆုံး တိုက်စစ်မှူး ဖြစ်တယ်။ သူက ဂိုးတွေ အများကြီး သွင်းခဲ့ပြီး ကျနော့် ဂိုးပေါက်လည်း အပါအဝင်ပါ။

သူနဲ့ ပြိုင်ဘက် ဖြစ်ရတာ တကယ်ကို ခက်ပါတယ်။ ဒါပေမယ့် အခု သူက ကျနော်နဲ့ တစ်သင်းတည်း ဖြစ်သွားလို့ ကျေနပ်ရတယ်။ တခြား ဂိုးသမားတွေကတော့ ကျနော့် နေရာ ပြန်ရောက်သွားတာပေါ့ဗျာ။ သူက ပရီးမီးယားလိဂ်မှာ အကောင်းဆုံးတိုက်စစ်မှူး လို့ ကျနော် ထင်တယ်။ သူက ကျနော်တို့ အသင်းခေါင်းဆောင်ပါ ဖြစ်နေတော့ အတိုင်းထက် အလွန်ပါပဲ။ ” လီနိုက ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။

ဒါ့အပြင် အူဘာက ဂိုးဧရိယာ အပြင်ကနေ အဝေးကန်ချက်နဲ့ ကန်သွင်းရာမှာလည်း ကောင်းမွန်တယ်လို့ လီနိုက ဆိုခဲ့ပါသေးတယ်။ သူက ဂိုးသမား တစ်ယောက် ဖြစ်လို့ တိုက်စစ်မှူး တစ်ဦး ရဲ့ အရည်အချင်းကို ကောင်းကောင်း သိတယ်လို့ လီနိုက ပြောကြားခဲ့ပါတယ်။

Zawgyi – အာဆင္နယ္တိုက္စစ္မွဴး အူဘာမီးယန္းက လက္ရွိ ပရီးမီးယားလိဂ္မွာေတာ့ အေကာင္းဆံုးတိုက္စစ္မွဴး ျဖစ္တယ္လို႔ အသင္းေဖာ္ ဂိုးသမား လီနိုက ေထာက္ခံလိုက္ျပီး ဂါဘြန္သားရဲ႕ ဂိုးသြင္းစြမ္းရည္အေပၚ ခ်ီးက်ဴးေျပာဆိုသြားခဲ့ပါတယ္။

၂၀၁၈ မွာ အာဆင္နယ္ ေျပာင္းလာစဥ္တည္းက အူဘာမီးယန္းဟာ အသင္း အဓိက တိုက္စစ္မွဴး ျဖစ္လာခဲ့ပါတယ္။ ျပီးခဲ့တဲ့ ရာသီကလည္း ပရီးမီးယားလိဂ္မွာ ၂၂ ဂိုးထိ သြင္းကာ လီဗာပူးတိုက္စစ္မွဴးေတြနဲ႕ ပူးတြဲ ေရႊဖိနပ္ဆု ရရွိသြားပါတယ္။

အာဆင္နယ္ ဂိုးသမား လီနိုကေတာ့ ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးတိုက္စစ္မွဴးက အူဘာမီးယန္းသာ ျဖစ္တယ္လို႔ ယံုၾကည္ေနျပီး ၄င္းနဲ႕ အတူ တစ္သင္းတည္း ကစားရတာအတြက္ ေက်နပ္ေနပါတယ္။

” အူဘာနဲ႕ ယွဥ္ျပိဳင္ဖို႔က အျမဲ ခက္ခဲပါတယ္။ အဂၤလန္မွာလိုပဲ ဂ်ာမနီမွာတည္းကပါ။ အဲဒီမွာလည္း သူက လီ၀န္ေဒါစကီးလိုပဲ လိဂ္ အေကာင္းဆံုး တုိက္စစ္မွဴး ျဖစ္တယ္။ သူက ဂိုးေတြ အမ်ားၾကီး သြင္းခဲ့ျပီး က်ေနာ့္ ဂိုးေပါက္လည္း အပါအ၀င္ပါ။

သူနဲ႕ ျပိဳင္ဘက္ ျဖစ္ရတာ တကယ္ကို ခက္ပါတယ္။ ဒါေပမယ့္ အခု သူက က်ေနာ္နဲ႕ တစ္သင္းတည္း ျဖစ္သြားလို႔ ေက်နပ္ရတယ္။ တျခား ဂိုးသမားေတြကေတာ့ က်ေနာ့္ ေနရာ ျပန္ေရာက္သြားတာေပါ့ဗ်ာ။ သူက ပရီးမီးယားလိဂ္မွာ အေကာင္းဆံုးတိုက္စစ္မွဴး လို႔ က်ေနာ္ ထင္တယ္။ သူက က်ေနာ္တို႔ အသင္းေခါင္းေဆာင္ပါ ျဖစ္ေနေတာ့ အတိုင္းထက္ အလြန္ပါပဲ။ ” လီနိုက ခ်ီးက်ဴး ေျပာဆိုသြားခဲ့ပါတယ္။

ဒါ့အျပင္ အူဘာက ဂိုးဧရိယာ အျပင္ကေန အေ၀းကန္ခ်က္နဲ႕ ကန္သြင္းရာမွာလည္း ေကာင္းမြန္တယ္လို႔ လီနိုက ဆိုခဲ့ပါေသးတယ္။ သူက ဂိုးသမား တစ္ေယာက္ ျဖစ္လို႔ တိုက္စစ္မွဴး တစ္ဦး ရဲ႕ အရည္အခ်င္းကို ေကာင္း္ေကာင္း သိတယ္လို႔ လီနိုက ေျပာၾကားခဲ့ပါတယ္။