ဆင်ဆာပါတဲ့ စကားလုံးကြမ်းတွေ တလေကြီးနဲ့ သရဲနီတွေကို တိုက်ရိုက် သတိပေးတဲ့ ရာဖေး

ယူနိုက်တက် ခံစစ်မှူးဟောင်း ရာဖေးက အသင်းဟောင်းနဲ့ ပက်သက်ပြီး သူ့ရဲ့ မကျေနပ်ချက်တွေကို ခပ်ကြမ်းကြမ်းသော စကားတွေနဲ့ ပေါက်ကွဲလိုက်ပါတယ်။

ရာဖေး အဓိက ပေါက်ကွဲတာကတော့ ယူနိုက်တက်ပရိသတ်တွေရဲ့ အသင်းအပေါ် ချစ်စိတ် နည်းပါးလာပြီး ရိုင်းစိုင်းတဲ့ ဝေဖန်မှုတွေနဲ့ အသင်းကို အပုပ်ချနေမှုနဲ့ ပက်သက်ပြီးဖြစ်တယ်။ သူက ယူနိုက်တက်ဟာ မှားယွင်းတဲ့ ကိစ္စတွေကို လုပ်ဆောင်နေပေမယ့် အသင်းသားတွေကို အားပေးလိုစိတ် နည်းခြင်းဟာ သရဲနီစိတ်ဓါတ် မဟုတ်ဘူးလို့ ပွင့်ပွင့်လင်းလင်းပဲ ပြောဆိုသွားပါတယ်။

ရာဖေးက ဆာအဲလက်စ် လက်ထက်တုန်းကလည်း ဈေးကွက်ထဲ ကြီးကြီးမားမား မလှုပ်ရှားတဲ့ ကာလတွေ ရှိခဲ့ပေမယ့် အားလုံးက စိတ်ဓါတ်နဲ့ အားပေးခဲ့ပြီး အသင်း မအောင်မြင်တဲ့ အခြေအနေမှာ အဆိုပါ စိတ်ဓါတ်ကောင်းတွေ ပျောက်ဆုံးကုန်ခြင်းကို အားမရနိုင် ဖြစ်နေခဲ့တယ်။

ရာဖေးက ” ဟိုးတုန်းက (ဆာအဲလက်စ်လက်ထက်) အသင်းက နိုင်နေတော့ ကိုင်တွယ်ရ ပိုလွယ်ကူခဲ့တယ်။ ကျနော် အဲ့အပိုင်းကို ပြောလိုတယ်။ အသင်းမှာ ရေပန်းမစားပေမယ့် အကောင်းဆုံး ကစားသူတွေ ရှိခဲ့ပါတယ်။ ဘရောင်း၊ အိုရှေး၊ ဖလက်ချာတို့တွေပေါ့။ အသင်းရဲ့ အောင်မြင်တဲ့ သမိုင်းကြောင်းမှာ ရေပန်းမစားပေမယ့် အသင်းအတွက် ကောင်းမွန်သူတွေ ရှိခဲ့တယ်။

ဒီနေ့ခေတ် ယူနိုက်တက် ပရိသတ်တွေကတော့ ‘ဒီေ-ာက်ရေးမပါတဲ့ကောင်က အသင်းအတွက် ဘာလို့ ကစားနေတာလဲ’ လို့ လွယ်လွယ်ကူကူပဲ ပြောလိုက်ကြတယ်။ ေ-ာက်ငရဲပါပဲ သရဲနီတို့။ ဒီကစားသမားတွေ အသင်းမှာရှိတာကလည်း အကြောင်းရင်းတွေနဲ့ပါ။ သူတို့ကို ယုံကြည်မှုတွေပေးလို့ မရဘူးလား။

အသင်းမှာ ကိစ္စအားလုံး မှန်နေတယ် ကျနော် မပြောဘူး။ မှားနေတာတွေရှိတယ်။ ဒါပေမယ့် အားလုံးက အရေးမပါတာတော့ မဟုတ်ပါဘူး။ ဂရင်းဝုဒ်၊ ရက်ဖိုဒ့်၊ ဘရူနို၊ ဆစ်တာကာ နောက် ဖရက်။ ဖရက်ကိုကျ ဂျင်းတဲ့။ ဖရက်က ဂျင်းမဟုတ်ဘူး။ သူက ကစားသမားကောင်းပေမယ့် အမြဲတမ်းတောင် မကစားရဘူး။

ယူနိုက်တက်က နောက်ထပ် ကွင်းလယ်လိုတယ်တဲ့။ ေ-ာက်ငရဲပါပဲကွာ။ ဖရက်က မကစားရတဲ့ ပွဲတွေ ရှိတယ်။ သူက အခြေအနေ ဆိုးတဲ့ ကစားသမား မဟုတ်ပါဘူး။ အခု ကျနော်တို့က ဘယ်စွန် တစ်ယောက်လိုတာပါ။ ကောင်းကောင်းလေး တစ်ယောက်သာ ခေါ်လိုက်စမ်းပါ။ အဲလက်စ် တဲလက်စ် ဆို တော်တော် ကောင်းတဲ့ ကစားသမားပဲ။ ကျနော် သူ့ကို သိတယ်။

ဒီကနေ့ လူမှုကွန်ယက်မှာက အကုန်လုံးက ‘အသင်းကို ဖျက်သိမ်းလိုက်ပါတော့’ တို့ ‘ေ-ာက်သုံးမကျတဲ့ မန်နေဂျာ၊ ေ-ာက်သုံးမကျတဲ့ ကစားသမား’ တို့တွေကို ခပ်လွယ်လွယ်ပဲ ပြောနေကတယ်။ ကစားသမားတွေ ကောင်းမကောင်း ခင်ဗျားတို့ လူမှုကွန်ယက်ကနေ မြင်နေရတာ မဟုတ်ဘူး။ အဲဒီမှာက မကောင်းတာတွေပဲ များလိမ့်မယ်။ စိတ်အေးအေးထားပြီး နည်းနည်း ယုံကြည်မှု ပေးလိုက်ကြစမ်းပါ။ ” လို့ ပြောဆိုခဲ့ပါတယ်။

ZAWGYI

ယူနိုက္တက္ ခံစစ္မွဴးေဟာင္း ရာေဖးက အသင္းေဟာင္းနဲ႔ ပက္သက္ျပီး သူ႔ရဲ႕ မေက်နပ္ခ်က္ေတြကို ခပ္ၾကမ္းၾကမ္းေသာ စကားေတြနဲ႔ ေပါက္ကြဲလိုက္ပါတယ္။

ရာေဖး အဓိက ေပါက္ကြဲတာကေတာ့ ယူႏုိက္တက္ပရိသတ္ေတြရဲ႕ အသင္းအေပၚ ခ်စ္စိတ္ နည္းပါးလာျပီး ရိုင္းစိုင္းတဲ့ ေဝဖန္မႈေတြနဲ႔ အသင္းကို အပုပ္ခ်ေနမႈနဲ႔ ပက္သက္ျပီးျဖစ္တယ္။ သူက ယူႏုိက္တက္ဟာ မွားယြင္းတဲ့ ကိစၥေတြကို လုပ္ေဆာင္ေနေပမယ့္ အသင္းသားေတြကို အားေပးလိုစိတ္ နည္းျခင္းဟာ သရဲနီစိတ္ဓါတ္ မဟုတ္ဘူးလို႔ ပြင့္ပြင့္လင္းလင္းပဲ ေျပာဆိုသြားပါတယ္။

ရာေဖးက ဆာအဲလက္စ္ လက္ထက္တုန္းကလည္း ေစ်းကြက္ထဲ ၾကီးၾကီးမားမား မလႈပ္ရွားတဲ့ ကာလေတြ ရွိခဲ့ေပမယ့္ အားလံုးက စိတ္ဓါတ္နဲ႔ အားေပးခဲ့ျပီး အသင္း မေအာင္ျမင္တဲ့ အေျခအေနမွာ အဆိုပါ စိတ္ဓါတ္ေကာင္းေတြ ေပ်ာက္ဆံုးကုန္ျခင္းကို အားမရႏုိင္ ျဖစ္ေနခဲ့တယ္။

ရာေဖးက ” ဟိုးတုန္းက (ဆာအဲလက္စ္လက္ထက္) အသင္းက နုိင္ေနေတာ့ ကိုင္တြယ္ရ ပိုလြယ္ကူခဲ့တယ္။ က်ေနာ္ အဲ့အပိုင္းကို ေျပာလိုတယ္။ အသင္းမွာ ေရပန္းမစားေပမယ့္ အေကာင္းဆံုး ကစားသူေတြ ရွိခဲ့ပါတယ္။ ဘေရာင္း၊ အိုေရွး၊ ဖလက္ခ်ာတို႔ေတြေပါ့။ အသင္းရဲ႕ ေအာင္ျမင္တဲ့ သမိုင္းေၾကာင္းမွာ ေရပန္းမစားေပမယ့္ အသင္းအတြက္ ေကာင္းမြန္သူေတြ ရွိခဲ့တယ္။

ဒီေန႔ေခတ္ ယူႏုိက္တက္ ပရိသတ္ေတြကေတာ့ ‘ဒီေ-ာက္ေရးမပါတဲ့ေကာင္က အသင္းအတြက္ ဘာလို႔ ကစားေနတာလဲ’ လို႔ လြယ္လြယ္ကူကူပဲ ေျပာလိုက္ၾကတယ္။ ေ-ာက္ငရဲပါပဲ သရဲနီတို႔။ ဒီကစားသမားေတြ အသင္းမွာရွိတာကလည္း အေၾကာင္းရင္းေတြနဲ႔ပါ။ သူတို႔ကုိ ယံုၾကည္မႈေတြေပးလို႔ မရဘူးလား။

အသင္းမွာ ကိစၥအားလံုး မွန္ေနတယ္ က်ေနာ္ မေျပာဘူး။ မွားေနတာေတြရွိတယ္။ ဒါေပမယ့္ အားလံုးက အေရးမပါတာေတာ့ မဟုတ္ပါဘူး။ ဂရင္းဝုဒ္၊ ရက္ဖိုဒ့္၊ ဘရူႏို၊ ဆစ္တာကာ ေနာက္ ဖရက္။ ဖရက္ကိုက် ဂ်င္းတဲ့။ ဖရက္က ဂ်င္းမဟုတ္ဘူး။ သူက ကစားသမားေကာင္းေပမယ့္ အျမဲတမ္းေတာင္ မကစားရဘူး။

ယူႏုိက္တက္က ေနာက္ထပ္ ကြင္းလယ္လိုတယ္တဲ့။ ေ-ာက္ငရဲပါပဲကြာ။ ဖရက္က မကစားရတဲ့ ပြဲေတြ ရွိတယ္။ သူက အေျခအေန ဆိုးတဲ့ ကစားသမား မဟုတ္ပါဘူး။ အခု က်ေနာ္တို႔က ဘယ္စြန္ တစ္ေယာက္လိုတာပါ။ ေကာင္းေကာင္းေလး တစ္ေယာက္သာ ေခၚလုိက္စမ္းပါ။ အဲလက္စ္ တဲလက္စ္ ဆို ေတာ္ေတာ္ ေကာင္းတဲ့ ကစားသမားပဲ။ က်ေနာ္ သူ႔ကို သိတယ္။

ဒီကေန႔ လူမႈကြန္ယက္မွာက အကုန္လံုးက ‘အသင္းကို ဖ်က္သိမ္းလိုက္ပါေတာ့’ တို႔ ‘ေ-ာက္သံုးမက်တဲ့ မန္ေနဂ်ာ၊ ေ-ာက္သံုးမက်တဲ့ ကစားသမား’ တို႔ေတြကို ခပ္လြယ္လြယ္ပဲ ေျပာေနကတယ္။ ကစားသမားေတြ ေကာင္းမေကာင္း ခင္ဗ်ားတို႔ လူမႈကြန္ယက္ကေန ျမင္ေနရတာ မဟုတ္ဘူး။ အဲဒီမွာက မေကာင္းတာေတြပဲ မ်ားလိမ့္မယ္။ စိတ္ေအးေအးထားျပီး နည္းနည္း ယံုၾကည္မႈ ေပးလိုက္ၾကစမ္းပါ။ ” လို႔ ေျပာဆိုခဲ့ပါတယ္။