ယနေ့ ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (28/09/20)

ကွင်းလယ်ကစားသမား ပါရဲရားဟာ လာဇီယို အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် ဆေးစစ်မှု ခံယူတော့မှာ ဖြစ်ပါတယ်။ ပါရဲရားက အငှား တစ်နှစ်နဲ့ အရင် ကစားမှာ ဖြစ်ပြီး ယူရို ၂၇ သန်းနဲ့ အပြီးဝယ်ယူခွင့် ပါရှိပါတယ်။

ပရီးမီးယားလိဂ် နှစ်ပွဲ ကစားပြီးချိန်မှာ ပေါ့ဘာ တစ်ယောက် ခြေစွမ်းကောင်းတွေ မပြသနိုင်ဘဲ ရုန်းကန်နေရတာကြောင့် ကွင်းလယ်က သူ့တစ်နေရာ ကစားခွင့် အတွက် ခြိမ်းခြောက်ခံလာရနိုင်ကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက သုံးသပ်သွားပါတယ်။

ယူနိုက်တက် ပရိသတ်တွေကတော့ ဒီသီတင်းပတ်ထဲမှာ ဆန်ချို ကို ခေါ်ယူဖို့ ကြိုးစားမှု အဆုံးထိ အရှိန်မြှင့်ဖို့ တိုက်တွန်းပြောဆိုနေကြပါတယ်။ အပြောင်းအရွှေ့ဟာ အောက်တိုဘာ ၅ ရက်မှာ ပိတ်သိမ်းတော့မှာ ဖြစ်လို့ ရက်အများကြီး မကျန်တော့ပါဘူး။

ယူနိုက်တက်ဟာ ဖာနန်ဒက်စ် အတွက် ပြောင်းရွှေ့ကြေးမှာ ထပ်ဆောင်း ဆုကြေးတွေ ပေးနေရဆဲ ဖြစ်ပြီး အခုထိ ယူရို ၅၈ သန်းရှိပြီဖြစ်ကာ သန်း ၈၀ လောက်ထိ ရောက်သွားနိုင်ခြေ ရှိနေပါတယ်။

တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်ကတော့ လက်ရှိ အမှန်တရားကို သုံးသပ်ရရင် ယူနိုက်တက်ဟာ အဆင့် ၄ အတွင်း ဝင်ရင်ကို အောင်မြင်မှု အဖြစ် မှတ်ယူနေရချိန်မှာ ပြိုင်ဘက် လီဗာပူးကတော့ ပြည်တွင်းနဲ့ ဥရောပ ဆုဖလားတွေ ယူဖို့ ပစ်မှတ်ထားတဲ့ အသင်း ဖြစ်နေကြောင်း သတိပေးလိုက်ပါတယ်။

ယူနိုက်တက်ဟာ ချယ်ဆီး ကွင်းလယ်သမား ကန်တေကို အမှန်အကန် စောင့်ကြည့်နေတာ ဖြစ်ပြီး ကစားသမားရဲ့ အေးဂျင့် ဖြစ်သူကို ဆက်သွယ် မေးမြန်းထားကြောင်း သိရပါတယ်။

ယူနိုက်တက် ခံစစ်မှူးဟောင်း ရာဖေးကတော့ အသင်းပရိသတ်တွေရဲ့ ကလပ်အသင်းအပေါ် အကောင်းမမြင်နိုင်ဘဲ အပြင်းအထန် ဝေဖန်မှုတွေကို ပြန်လည် ရှုံချ လိုက်ကာ ယုံကြည်မှုပေးဖို့ တိုက်တွန်းလိုက်ပါတယ်။

Zawgyi – ကြင္းလယ္ကစားသမား ပါရဲရားဟာ လာဇီယုိ အသင္းထံ ေျပာင္းေရႊ႕ဖို႔ အတြက္ ေဆးစစ္မႈ ခံယူေတာ့မွာ ျဖစ္ပါတယ္။ ပါရဲရားက အငွား တစ္နွစ္နဲ႕ အရင္ ကစားမွာ ျဖစ္ျပီး ယူရို ၂၇ သန္းနဲ႕ အျပီး၀ယ္ယူခြင့္ ပါရွိပါတယ္။

ပရီးမီးယားလိဂ္ နွစ္ပြဲ ကစားျပီးခ်ိန္မွာ ေပါ့ဘာ တစ္ေယာက္ ေျခစြမ္းေကာင္းေတြ မျပသနုိင္ဘဲ ရုန္းကန္ေနရတာေၾကာင့္ ကြင္းလယ္က သူ႔တစ္ေနရာ ကစားခြင့္ အတြက္ ျခိမ္းေျခာက္ခံလာရနုိင္ေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက သံုးသပ္သြားပါတယ္။

ယူနိုက္တက္ ပရိသတ္ေတြကေတာ့ ဒီသီတင္းပတ္ထဲမွာ ဆန္ခ်ိဳ ကို ေခၚယူဖို႔ ၾကိဳးစားမႈ အဆံုးထိ အရွိန္ျမွင့္ဖို႔ တိုက္တြန္းေျပာဆိုေနၾကပါတယ္။ အေျပာင္းအေရႊ႕ဟာ ေအာက္တိုဘာ ၅ ရက္မွာ ပိတ္သိမ္းေတာ့မွာ ျဖစ္လို႔ ရက္အမ်ားၾကီး မက်န္ေတာ့ပါဘူး။

ယူနိုက္တက္ဟာ ဖာနန္ဒက္စ္ အတြက္ ေျပာင္းေရႊ႕ေၾကးမွာ ထပ္ေဆာင္း ဆုေၾကးေတြ ေပးေနရဆဲ ျဖစ္ျပီး အခုထိ ယူ႐ို ၅၈ သန္းရွိၿပီျဖစ္ကာ သန္း ၈၀ ေလာက္ထိ ေရာက္သြားနုိင္ေျခ ရွိေနပါတယ္။

တိုက္စစ္မွဴးေဟာင္း ဘာဘာေတာ့ဗ္ကေတာ့ လက္ရွိ အမွန္တရားကို သံုးသပ္ရရင္ ယူနိုက္တက္ဟာ အဆင့္ ၄ အတြင္း ၀င္ရင္ကို ေအာင္ျမင္မႈ အျဖစ္ မွတ္ယူေနရခ်ိန္မွာ ျပိဳင္ဘက္ လီဗာပူးကေတာ့ ျပည္တြင္းနဲ႕ ဥေရာပ ဆုဖလားေတြ ယူဖို႔ ပစ္မွတ္ထားတဲ့ အသင္း ျဖစ္ေနေၾကာင္း သတိေပးလိုက္ပါတယ္။

ယူနိုက္တက္ဟာ ခ်ယ္ဆီး ကြင္းလယ္သမား ကန္ေတကို အမွန္အကန္ ေစာင့္ၾကည့္ေနတာ ျဖစ္ျပီး ကစားသမားရဲ႕ ေအးဂ်င့္ ျဖစ္သူကို ဆက္သြယ္ ေမးျမန္းထားေၾကာင္း သိရပါတယ္။

ယူနိုက္တက္ ခံစစ္မွဴးေဟာင္း ရာေဖးကေတာ့ အသင္းပရိသတ္ေတြရဲ႕ ကလပ္အသင္းအေပၚ အေကာင္းမျမင္နုိင္ဘဲ အျပင္းအထန္ ေ၀ဖန္မႈေတြကို ျပန္လည္ ရွံဳခ် လိုက္ကာ ယံုၾကည္မႈေပးဖို႔ တိုက္တြန္းလိုက္ပါတယ္။