ယနေ့ နံနက်ခင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (29/09/20)

ယူနိုက်တက်ဟာ ဝက်ဖို့ဒ် တောင်ပံကစားသမား အစ္စမေလာ ဆား အတွက် စုံစမ်းမှုလုပ်ခဲ့ပြီး လီဗာပူးက သူ့ကို လက်လွှတ်ခဲ့တဲ့နောက် ယူနိုက်တက် အတွက် ပြိုင်ဘက်မရှိ ခေါ်ယူနိုင်ဖို့ အခြေအနေ ကောင်းနေပါတယ်။ ဆန်ချိုကို မရနိုင်တော့ရင် ဆားက ရွေးချယ်စရာ ဖြစ်လာနိုင်ဖွယ်ရှိပြီး ပေါင် သန်း ၄၀ လောက်သာ ကုန်ကျနိုင်ပါတယ်။

အပြောင်းအရွှေ့ နောက်ဆုံးအပတ်မှာ လူသစ် ခေါ်ယူမှု မရှိရင် ယူနိုက်တက်နည်းပြအနေနဲ့ ဆိုးလ်ရှားရဲ့ အနာဂတ်အပေါ် ထိခိုက်မှုတွေ ရှိလာနိုင်တယ် လို့ ရွိုင်ကိန်းက သတိပေးပြောဆိုခဲ့ပါတယ်။ ဗန်ဒီဘိခ် တစ်ယောက်သာခေါ်နိုင်ခဲ့တဲ့ ယူနိုက်တက်ဟာ လိဂ်အဖွင့်ပွဲမှာ ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာလဲ နောက်ကျပင်နယ်တီနဲ့သာ အနိုင်ရခဲ့တာပါ။

ယူနိုက်တက်ဟာ ပါရဲရားကို ယူရို ၂၇သန်းနဲ့ ခေါ်ယူခွင့် အပါအဝင် ကနဦး တစ်ရာသီ အငှားချဖို့ လာဇီယိုနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ပြီး ဒီတစ်ပတ်အတွင်း ဆေးစစ်မှု လုပ်တော့မှာဖြစ်ပါတယ်။သူ့ရဲ့ လစာကိုတော့ ကလပ်၂ခုက မျှပေးကြရမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ပေါ်တို ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် တရားဝင်ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ယူနိုက်တက်ဟာ ပေါင် ၁၂သန်း ဝန်းကျင် ပေးချင်နေပြီး ပေါ်တိုက ၁၈ သန်း အလိုရှိနေပေမယ့် အောက်တိုဘာ ၅ရက် မတိုင်ခင် ကမ်းလှမ်းမှုအတိုင်း လက်ခံဖို့ ယူနိုက်တက်က မျှော်လင့်နေပါတယ်။

ယူနိုက်တက်မှာ ကစားချိန် မရခဲ့တဲ့နောက် ဒီယိုဂို ဒါးလော့ဟာ အသင်းကနေ ထွက်ခွာဖို့ အလိုရှိနေပြီး အေစီမီလန်က အပြီးသတ် ဝယ်ယူခွင့်နဲ့ အတူ အငှားခေါ်ယူဖို့ စုံစမ်းမှု လုပ်ခဲ့ပါတယ်။ ယူနိုက်တက်ကတော့ အငှားချဖို့ထက် ဒီနွေမှာပဲ သူ့ကို အပြီး ရောင်းချလိုနေပါတယ်။

ဒင်းဟန်ဒါဆန်ဟာ ဒီဂီယာရဲ့ နံပါတ်တစ် ဂိုးသမားနေရာကို ရယူဖို့နီးစပ်နေပြီလို့ ယူနိုက်တက် ကစားသမားတွေက ယုံကြည်နေပါတယ်။ အကယ်ဒမီကြယ်ပွင့် ဟန်ဒါဆန်ဟာ လူတန်တောင်းနဲ့ပွဲမှာ ပွဲဦးထွက်ခဲ့ပြီးနောက် မနက်ဖြန် ဘရိုက်တန်နဲ့ပွဲမှာလဲ အခွင့်အရေးရဖွယ် ရှိပါတယ်။

Zawgyi – ယူႏိုက္တက္ဟာ ဝက္ဖို႔ဒ္ ေတာင္ပံကစားသမား အစၥေမလာ ဆား အတြက္ စုံစမ္းမႈလုပ္ခဲ့ၿပီး လီဗာပူးက သူ႔ကို လက္လႊတ္ခဲ့တဲ့ေနာက္ ယူႏိုက္တက္ အတြက္ ၿပိဳင္ဘက္မရွိ ေခၚယူႏိုင္ဖို႔ အေျခအေန ေကာင္းေနပါတယ္။ ဆန္ခ်ိဳကို မရႏိုင္ေတာ့ရင္ ဆားက ေ႐ြးခ်ယ္စရာ ျဖစ္လာႏိုင္ဖြယ္ရွိၿပီး ေပါင္ သန္း ၄၀ ေလာက္သာ ကုန္က်ႏိုင္ပါတယ္။

အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးအပတ္မွာ လူသစ္ ေခၚယူမႈ မရွိရင္ ယူႏိုက္တက္နည္းျပအေနနဲ႔ ဆိုးလ္ရွားရဲ႕ အနာဂတ္အေပၚ ထိခိုက္မႈေတြ ရွိလာႏိုင္တယ္ လို႔ ႐ြိဳင္ကိန္းက သတိေပးေျပာဆိုခဲ့ပါတယ္။ ဗန္ဒီဘိခ္ တစ္ေယာက္သာေခၚႏိုင္ခဲ့တဲ့ ယူႏိုက္တက္ဟာ လိဂ္အဖြင့္ပြဲမွာ ပဲေလ့စ္ကို ရႈံးနိမ့္ခဲ့ၿပီး ဘ႐ိုက္တန္နဲ႔ပြဲမွာလဲ ေနာက္က်ပင္နယ္တီနဲ႔သာ အႏိုင္ရခဲ့တာပါ။

ယူႏိုက္တက္ဟာ ပါရဲရားကို ယူ႐ို ၂၇သန္းနဲ႔ ေခၚယူခြင့္ အပါအဝင္ ကနဦး တစ္ရာသီ အငွားခ်ဖို႔ လာဇီယိုနဲ႔ သေဘာတူညီမႈ ရရွိခဲ့ၿပီျဖစ္ၿပီး ဒီတစ္ပတ္အတြင္း ေဆးစစ္မႈ လုပ္ေတာ့မွာျဖစ္ပါတယ္။သူ႔ရဲ႕ လစာကိုေတာ့ ကလပ္၂ခုက မွ်ေပးၾကရမွာျဖစ္ပါတယ္။

ယူႏိုက္တက္ဟာ ေပၚတို ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ တရားဝင္ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။ ယူႏိုက္တက္ဟာ ေပါင္ ၁၂သန္း ဝန္းက်င္ ေပးခ်င္ေနၿပီး ေပၚတိုက ၁၈ သန္း အလိုရွိေနေပမယ့္ ေအာက္တိုဘာ ၅ရက္ မတိုင္ခင္ ကမ္းလွမ္းမႈအတိုင္း လက္ခံဖို႔ ယူႏိုက္တက္က ေမွ်ာ္လင့္ေနပါတယ္။

ယူႏိုက္တက္မွာ ကစားခ်ိန္ မရခဲ့တဲ့ေနာက္ ဒီယိုဂို ဒါးေလာ့ဟာ အသင္းကေန ထြက္ခြာဖို႔ အလိုရွိေနၿပီး ေအစီမီလန္က အၿပီးသတ္ ဝယ္ယူခြင့္နဲ႔ အတူ အငွားေခၚယူဖို႔ စုံစမ္းမႈ လုပ္ခဲ့ပါတယ္။ ယူႏိုက္တက္ကေတာ့ အငွားခ်ဖို႔ထက္ ဒီေႏြမွာပဲ သူ႔ကို အၿပီး ေရာင္းခ်လိုေနပါတယ္။

ဒင္းဟန္ဒါဆန္ဟာ ဒီဂီယာရဲ႕ နံပါတ္တစ္ ဂိုးသမားေနရာကို ရယူဖို႔နီးစပ္ေနၿပီလို႔ ယူႏိုက္တက္ ကစားသမားေတြက ယုံၾကည္ေနပါတယ္။ အကယ္ဒမီၾကယ္ပြင့္ ဟန္ဒါဆန္ဟာ လူတန္ေတာင္းနဲ႔ပြဲမွာ ပြဲဦးထြက္ခဲ့ၿပီးေနာက္ မနက္ျဖန္ ဘ႐ိုက္တန္နဲ႔ပြဲမွာလဲ အခြင့္အေရးရဖြယ္ ရွိပါတယ္။