ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (29/09/20)

ယူနိုက်တက်ဟာ ပေါင် ၄၅ သန်းတန် ဝက်ဖို့ တိုက်စစ်သမား ဆား အတွက် လှုပ်ရှားမှုတွေ စတင်နေပြီး ဆန်ချို နေရာ အစားထိုး ပစ်မှတ် အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။ အချို့ သတင်းတွေမှာတော့ ဆားကို ဒီရက်ပိုင်းအတွင်း တရားဝင် ခေါ်ယူနိုင်မယ်လို့ ဆိုနေပါတယ်။

လက်ရှိ ရာသီဟာ ဆိုးရှားနဲ့ ယူနိုက်တက်ရဲ့ တတိယမြောက် ဘောလုံးရာသီ ဖြစ်တာကြောင့် ပျားရည်ဆမ်း ကာလတွေ ပြီးဆုံးပြီ ဖြစ်ကာ ဒီရာသီမှာတော့ ဆုဖလား ရယူပြဖို့ လိုအပ်နေပြီ ဖြစ်ကြောင်း ရွိုင်ကိန်းက သတိပေးစကား ဆိုခဲ့ပါတယ်။

အစွန်ခံစစ်သမား ဒါလော့ကို အေစီမီလန်က အလိုရှိနေပြီး ယူနိုက်တက်ကလည်း ထွက်ခွာခွင့် ပေးမယ့် အပေါ် ယူနိုက်တက် ပရိသတ်တွေက စိုးရိမ်နေကြကြောင်း မန်ချက်စတာ အခြေစိုက် သတင်းဌာနက ဖော်ထုတ်ခဲ့ပါတယ်။ ဒါလော့ဟာ အိုးထရက်ဖို့ဒ်က ထွက်သွားပြီးမှ ထူးချွန်စွာ အစွမ်းပြကာ နောင်တရနေရမှာကို ပရိသတ်တွေက မလိုလားဘဲ ရှိပါတယ်။

ယူနိုက်တက်ဟာ နောက်အပတ်မှာ ဆန်ချိုကိုခေါ်နိုင်ခဲ့ရင် ဒန်နီရယ်ဂျိမ်းစ်ကို ထွက်ခွာခွင့်ပေးမှာဖြစ်ပါတယ်။ ဂျိမ်းစ်ဟာ လိဒ်ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေတဲ့ကြား ဘရိုက်တန်ကို ၃-၂နဲ့နိုင်ခဲ့တဲ့ပွဲမှာ အသင်းလူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပြီး ဆိုးလ်ရှားကတော့ ကစားသမားသစ် မရမချင်း သူ့ကို ထွက်ခွာခွင့် ပေးမှာမဟုတ်ပါဘူး။

ယူနိုက်တက်ရဲ့စိတ်ဝင်စားမှုကို ရရှိနေပေမယ့်လဲ ဆန်ချိုကို အသင်းမှာ ဆက်ထိန်းထားဖို့စီစဉ်ထားတယ်လို့ ဒေါ့မွန် အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ပြောဆိုခဲ့ပါတယ်။

ဒီည ကာရာဘောင်းဖလားပွဲမှာ ယူနိုက်တက်က ဘရိုက်တန်နဲ့ ထပ်မံ တွေ့ဆုံ ကစားရမှာ ဖြစ်ပြီး ယူနိုက်တက် ခံစစ်မှူး လုခ်ရှောကတော့ ပရီးမီးယားလိဂ်မှာ ရင်ဆိုင်ရစဉ်က ခက်ခဲသည့်တိုင် အဆုံးမှာ ဘရိုက်တန်ထံက အနိုင်သုံးမှတ် ရခဲ့သလို အားသွန်ခွန်စိုက် ကစားသွားကြဖို့ အသင်းဖော်တွေ အား တိုက်တွန်းလိုက်ပါတယ်။

Zawgyi – ယူနိုက္တက္ဟာ ေပါင္ ၄၅ သန္းတန္ ၀က္ဖို႔ တုိက္စစ္သမား ဆား အတြက္ လႈပ္ရွားမႈေတြ စတင္ေနျပီး ဆန္ခ်ိဳ ေနရာ အစားထိုး ပစ္မွတ္ အျဖစ္ သတ္မွတ္ထားေၾကာင္း သိရပါတယ္။ အခ်ိဳ႕ သတင္းေတြမွာေတာ့ ဆားကို ဒီရက္ပိုင္းအတြင္း တရား၀င္ ေခၚယူနိုင္မယ္လို႔ ဆိုေနပါတယ္။

လက္ရွိ ရာသီဟာ ဆိုးရွားနဲ႕ ယူနုိက္တက္ရဲ႕ တတိယေျမာက္ ေဘာလံုးရာသီ ျဖစ္တာေၾကာင့္ ပ်ားရည္ဆမ္း ကာလေတြ ျပီးဆံုးျပီ ျဖစ္ကာ ဒီရာသီမွာေတာ့ ဆုဖလား ရယူျပဖို႔ လိုအပ္ေနျပီ ျဖစ္ေၾကာင္း ရြိဳင္ကိန္းက သတိေပးစကား ဆိုခဲ့ပါတယ္။

အစြန္ခံစစ္သမား ဒါေလာ့ကို ေအစီမီလန္က အလိုရွိေနျပီး ယူနိုက္တက္ကလည္း ထြက္ခြာခြင့္ ေပးမယ့္ အေပၚ ယူနိုက္တက္ ပရိသတ္ေတြက စိုးရိမ္ေနၾကေၾကာင္း မန္ခ်က္စတာ အေျခစိုက္ သတင္းဌာနက ေဖာ္ထုတ္ခဲ့ပါတယ္။ ဒါေလာ့ဟာ အိုးထရက္ဖုိ႔ဒ္က ထြက္သြားျပီးမွ ထူးခၽြန္စြာ အစြမ္းျပကာ ေနာင္တရေနရမွာကို ပရိသတ္ေတြက မလိုလားဘဲ ရွိပါတယ္။

ယူႏိုက္တက္ဟာ ေနာက္အပတ္မွာ ဆန္ခ်ိဳကိုေခၚႏိုင္ခဲ့ရင္ ဒန္နီရယ္ဂ်ိမ္းစ္ကို ထြက္ခြာခြင့္ေပးမွာျဖစ္ပါတယ္။ ဂ်ိမ္းစ္ဟာ လိဒ္ယူႏိုက္တက္နဲ႔ သတင္းေတြ ထြက္ေနတဲ့ၾကား ဘ႐ိုက္တန္ကို ၃-၂နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ အသင္းလူစာရင္းကေန ခ်န္လွပ္ခံခဲ့ရတာျဖစ္ၿပီး ဆိုးလ္ရွားကေတာ့ ကစားသမားသစ္ မရမခ်င္း သူ႔ကို ထြက္ခြာခြင့္ ေပးမွာမဟုတ္ပါဘူး။

ယူႏိုက္တက္ရဲ႕စိတ္ဝင္စားမႈကို ရရွိေနေပမယ့္လဲ ဆန္ခ်ိဳကို အသင္းမွာ ဆက္ထိန္းထားဖို႔စီစဥ္ထားတယ္လို႔ ေဒါ့မြန္ အားကစားဒါ႐ိုက္တာ မိုက္ကယ္ေဇာ့က ေျပာဆိုခဲ့ပါတယ္။

ဒီည ကာရာေဘာင္းဖလားပြဲမွာ ယူနိုက္တက္က ဘရိုက္တန္နဲ႕ ထပ္မံ ေတြ႔ဆံု ကစားရမွာ ျဖစ္ျပီး ယူနိုက္တက္ ခံစစ္မွဴး လုခ္ေရွာကေတာ့ ပရီးမီးယားလိဂ္မွာ ရင္ဆိုင္ရစဥ္က ခက္ခဲသည့္တိုင္ အဆံုးမွာ ဘရိုက္တန္ထံက အနုိင္သံုးမွတ္ ရခဲ့သလို အားသြန္ခြန္စိုက္ ကစားသြားၾကဖို႔ အသင္းေဖာ္ေတြ အား တိုက္တြန္းလိုက္ပါတယ္။