ယနေ့ နံနက်ခင်း နောက်ဆုံးရ ချယ်ဆီး သတင်းတိုများ (29/09/20)

ချယ်ဆီး နည်းပြ လမ်းပတ်ဟာ ဝက်စ်ဘရွန်းနဲ့ပွဲအတွင်းနောက်ခံလူ မားကို့စ် အလွန်ဆိုရဲ့ အပြုအမူကို ဒေါသဖြစ်ခဲ့ပါတယ်။ စပိန်သားဟာ ဂိုးပေးလိုက်ရတဲ့ အမှား၂ခု လုပ်ခဲ့တဲ့နောက် လမ်းပတ်က သူ့ကို လူစားလဲခဲ့ကာ သူက အရန်ခုံကို ပြန်မသွားပဲကွင်းထဲကနေ ထွက်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

စပါးဟာ ချယ်ဆီး ရဲ့ အပယ်ခံ ကစားသမား ရူဒီဂါကို ခေါ်ဖို့ စိတ်ဝင်စားနေပါတယ်။ မော်ရင်ညိုဟာ ဗဟိုနောက်ခံလူ တစ်ယောက် ခေါ်ယူချင်နေတာ ဖြစ်ပြီး ရူဒီဂါကလဲ ယူရို၂၀၂၁မှာ ပါဝင်နိုင်ဖို့အတွက် ကလပ်အဆင့်မှာ ကစားချိန်ရဖို့ လိုနေတာကြောင့် အငှားထွက်ကစားဖို့ လက်ခံနိုင်ဖွယ် ရှိနေပါတယ်။

အင်တာ အသင်းပိုင်ရှင်တွေဟာ ချယ်ဆီး ကွင်းလယ်လူ ကန်တေကို ခေါ်ဖို့ မီးစိမ်းပြခဲ့ပါတယ်။ ဥက္ကဌ စတီဗင်ကျန်က ခွင့်ပြုခဲ့တာနဲ့အတူ ကွန်တီက သူ့တပည့်ဟောင်းကို ပြန်ခေါ်ချင်နေတာဖြစ်ပြီး သူ့ကိုခေါ်ယူနိုင်ဖို့အတွက် ကစားသမားအချို့ရောင်းချဖို့တော့ လိုအပ်နေမှာပါ။

ရူဘန်လော့ဖ်တပ်ချိခ်ဟာ ဒီရာသီမှာ ပွဲတွေကစားဖို့လိုတာကြောင့် အငှား ထွက်ကစားနိုင်တယ်လို့ နည်းပြ လမ်းပတ်က ပြောဆိုခဲ့ပါတယ်။ အက်စ်တွန်ဗီလာ နဲ့ ဆောက်သမ်တန်တို့က သူ့ကိုအငှားခေါ်ယူဖို့ စိတ်ဝင်စားနေတာနဲ့အတူ လမ်းပတ်ကတော့ ထွက်ခွာဖို့ တံခါးဖွင့်ပေးထားခဲ့ပြီ ဖြစ်ပါတယ်။

စပါးနဲ့တွေ့ရမယ့် ကာရာဘောင်းပွဲမှာ ဘင်ချီဝဲနဲ့အတူ ချယ်ဆီးအတွက် ဂိုးသမားသစ် မန်ဒီ ပါဝင်ကစားပေးမှာဖြစ်ကြောင်း လမ်းပတ်က အတည်ပြုခဲ့ပါတယ်။ ပူလီဆစ်နဲ့ ဇီယက်ခ်ျတို့က ပါဝင်နိုင်ဦးမှာမဟုတ်ပေမယ့် ဇီယက်ခ်ျကတော့ လေ့ကျင့်ရေးမှာ ပြန်ပါဝင်လာခဲ့ပြီး ကစားနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။

ဝက်စ်ဘရွန်းနဲ့ပွဲမှာ မားကို့စ်အလွန်ဆိုဟာ လူစားလဲခံခဲ့ရတဲ့နောက် ကွင်းထဲကနေ ထွက်ခွာပြီး အသင်းဘတ်စ်ကားပေါ် ထိုင်နေခဲ့တာကြောင့် လမ်းပတ်တစ်ယောက် အဝတ်လဲခန်းထဲမှာ သူနဲ့စကားများခဲ့သလို ဒါဟာ အလွန်ဆိုရဲ့ အနာဂတ်အပေါ် သံသယရှိစရာ ဖြစ်လာစေခဲ့ပါတယ်။

အဲဗာတန်ဟာ အထင်ကြီးစရာ အပြောင်းအရွှေ့ကာလ ဖြစ်ခဲ့ပေမယ့် သူတို့ရဲ့ လှုပ်ရှားမှုက မပြီးဆုံးသေးပဲ ဖီကာယို တိုမိုရီ ကို စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ဗဟိုနောက်ခံလူဟာ ချယ်ဆီးကနေ ထွက်ခွာဖို့ ရှိနေတာဖြစ်ပြီး ခံစစ်အင်အားဖြည့်ချင်တဲ့ အန်ဆယ်လော့တီအတွက် သူက အသင့်တော်ဆုံး ရွေးချယ်စရာ ဖြစ်နိုင်ပါတယ်။

Zawgyi – ခ်ယ္ဆီး နည္းျပ လမ္းပတ္ဟာ ဝက္စ္ဘ႐ြန္းနဲ႔ပြဲအတြင္းေနာက္ခံလူ မားကို႔စ္ အလြန္ဆိုရဲ႕ အျပဳအမူကို ေဒါသျဖစ္ခဲ့ပါတယ္။ စပိန္သားဟာ ဂိုးေပးလိုက္ရတဲ့ အမွား၂ခု လုပ္ခဲ့တဲ့ေနာက္ လမ္းပတ္က သူ႔ကို လူစားလဲခဲ့ကာ သူက အရန္ခုံကို ျပန္မသြားပဲကြင္းထဲကေန ထြက္ခြာသြားခဲ့တာ ျဖစ္ပါတယ္။

စပါးဟာ ခ်ယ္ဆီး ရဲ႕ အပယ္ခံ ကစားသမား ႐ူဒီဂါကို ေခၚဖို႔ စိတ္ဝင္စားေနပါတယ္။ ေမာ္ရင္ညိဳဟာ ဗဟိုေနာက္ခံလူ တစ္ေယာက္ ေခၚယူခ်င္ေနတာ ျဖစ္ၿပီး ႐ူဒီဂါကလဲ ယူ႐ို၂၀၂၁မွာ ပါဝင္ႏိုင္ဖို႔အတြက္ ကလပ္အဆင့္မွာ ကစားခ်ိန္ရဖို႔ လိုေနတာေၾကာင့္ အငွားထြက္ကစားဖို႔ လက္ခံႏိုင္ဖြယ္ ရွိေနပါတယ္။

႐ူဘန္ေလာ့ဖ္တပ္ခ်ိခ္ဟာ ဒီရာသီမွာ ပြဲေတြကစားဖို႔လိုတာေၾကာင့္ အငွား ထြက္ကစားႏိုင္တယ္လို႔ နည္းျပ လမ္းပတ္က ေျပာဆိုခဲ့ပါတယ္။ အက္စ္တြန္ဗီလာ နဲ႔ ေဆာက္သမ္တန္တို႔က သူ႔ကိုအငွားေခၚယူဖို႔ စိတ္ဝင္စားေနတာနဲ႔အတူ လမ္းပတ္ကေတာ့ ထြက္ခြာဖို႔ တံခါးဖြင့္ေပးထားခဲ့ၿပီ ျဖစ္ပါတယ္။

အင္တာ အသင္းပိုင္ရွင္ေတြဟာ ခ်ယ္ဆီး ကြင္းလယ္လူ ကန္ေတကို ေခၚဖို႔ မီးစိမ္းျပခဲ့ပါတယ္။ ဥကၠဌ စတီဗင္က်န္က ခြင့္ျပဳခဲ့တာနဲ႔အတူ ကြန္တီက သူ႔တပည့္ေဟာင္းကို ျပန္ေခၚခ်င္ေနတာျဖစ္ၿပီး သူ႔ကိုေခၚယူႏိုင္ဖို႔အတြက္ ကစားသမားအခ်ိဳ႕ေရာင္းခ်ဖို႔ေတာ့ လိုအပ္ေနမွာပါ။

စပါးနဲ႔ေတြ႕ရမယ့္ ကာရာေဘာင္းပြဲမွာ ဘင္ခ်ီဝဲနဲ႔အတူ ခ်ယ္ဆီးအတြက္ ဂိုးသမားသစ္ မန္ဒီ ပါဝင္ကစားေပးမွာျဖစ္ေၾကာင္း လမ္းပတ္က အတည္ျပဳခဲ့ပါတယ္။ ပူလီဆစ္နဲ႔ ဇီယက္ခ္်တို႔က ပါဝင္ႏိုင္ဦးမွာမဟုတ္ေပမယ့္ ဇီယက္ခ္်ကေတာ့ ေလ့က်င့္ေရးမွာ ျပန္ပါဝင္လာခဲ့ၿပီး ကစားႏိုင္ဖို႔ နီးစပ္ေနၿပီျဖစ္ပါတယ္။

ဝက္စ္ဘ႐ြန္းနဲ႔ပြဲမွာ မားကို႔စ္အလြန္ဆိုဟာ လူစားလဲခံခဲ့ရတဲ့ေနာက္ ကြင္းထဲကေန ထြက္ခြာၿပီး အသင္းဘတ္စ္ကားေပၚ ထိုင္ေနခဲ့တာေၾကာင့္ လမ္းပတ္တစ္ေယာက္ အဝတ္လဲခန္းထဲမွာ သူနဲ႔စကားမ်ားခဲ့သလို ဒါဟာ အလြန္ဆိုရဲ႕ အနာဂတ္အေပၚ သံသယရွိစရာ ျဖစ္လာေစခဲ့ပါတယ္။

အဲဗာတန္ဟာ အထင္ႀကီးစရာ အေျပာင္းအေ႐ႊ႕ကာလ ျဖစ္ခဲ့ေပမယ့္ သူတို႔ရဲ႕ လႈပ္ရွားမႈက မၿပီးဆုံးေသးပဲ ဖီကာယို တိုမိုရီ ကို စိတ္ဝင္စားေနဆဲ ျဖစ္ပါတယ္။ ဗဟိုေနာက္ခံလူဟာ ခ်ယ္ဆီးကေန ထြက္ခြာဖို႔ ရွိေနတာျဖစ္ၿပီး ခံစစ္အင္အားျဖည့္ခ်င္တဲ့ အန္ဆယ္ေလာ့တီအတြက္ သူက အသင့္ေတာ္ဆုံး ေ႐ြးခ်ယ္စရာ ျဖစ္ႏိုင္ပါတယ္။