ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (29/09/20)

အန်ဖီးမှာ လီဗာပူးကို ၃-၁နဲ့ ရှုံးခဲ့တဲ့နောက် နည်းပြအာတီတာက မိမိတို့ အသင်းဟာ လီဗာပူးနဲ့ မတူညီတဲ့ လမ်းခရီးမှာရှိနေပြီး သူတို့ကို မှီဖို့ အလှမ်း ကွာနေသေးတယ်လို့ ဝန်ခံပြောဆိုခဲ့ပါတယ်။ အာဆင်နယ်ဟာ ကြာသပတေးနေ့ လိဂ်ဖလားမှာ လီဗာပူးနဲ့ ထပ်မံတွေ့ဆုံရဦးမှာပါ။

လီဗာပူးနဲ့ပွဲမှာ လာကာဇက်က ဦးဆောင်ဂိုးရခဲ့ပေမယ့် အာဆင်နယ်က ၃-၁နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်သလို အာတီတာက အသင်းကို အင်အား မြှင့်တင်ဖို့ အလိုရှိကြောင်း ဝန်ခံခဲ့ပြီး တစ်ပတ်အတွင်း ကစားသမား အဝင်အထွက်တွေ ရှိလာဖို့ ကြိုးစားနေတယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်စစ်မှူး လာကာဇက်ဟာ ဂိုးရှေ့မှာ အယ်လီဆန်နဲ့တစ်ယောက်ချင်းတွေ့ပြီး ပွဲကို၂-၂ ဖြစ်စေမယ့် အခွင့်အရေးရခဲ့ပေမယ့် အံ့အားသင့်စရာ ကောင်းအောင် လွဲချော်ခဲ့တဲ့ အပေါ် မဖြစ်သင့်ကြောင်း နည်းပြ အာတီတာက ဆိုခဲ့ပေမယ့် ထို လွဲချော်မှုကို အပြစ်မတင်ဖို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်ဟာ ဗဟိုခံစစ်မှာ အင်အား အလုံအလောက် ရှိနေတာကြောင့် အပိုဖြစ်နေတဲ့ မူစတာဖီဟာ ဒီရာသီမှာ လုံးဝ မကစားခဲ့ရသလို အသင်းကနေ ထွက်ခွာဖို့ ပိုမို နီးစပ်လာခဲ့ပြီး လာဇီယိုနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိခဲ့ပေမယ့် အပိုဆုကြေးအတွက်တော့ ညှိနှိုင်းမှု အဆင်မပြေသေးဘဲ ရှိနေပါတယ်။

အာဆင်နယ်ဟာ လူသစ်တွေ ဝယ်ဖို့ ကစားသမားတွေကို ရောင်းထုတ်ဖို့ ကြိုးစားနေပေမယ့် လာကာဇက်ရဲ့ အပြောင်းအရွှေ့က မစခင်မှာပဲ ပျက်ပြယ်သွားဖို့ ရှိနေပါတယ်။ ရိုးမားက သူ့ကိုစိတ်ဝင်စားခဲ့ပေမယ့် အာဆင်နယ်က အလိုရှိတဲ့ ပေါင် ၄၇သန်းကို မပေးချင်တာကြောင့် နောက်ဆုတ်သွားခဲ့ပါတယ်။

အာဆင်နယ်ကွင်းလယ်လူ တော်ရဲရားဟာ အသင်းကနေ ထွက်ခွာဖို့ ချိတ်ဆက်နေခဲ့ပေမယ့် တိုရီနိုကိုတော့ ရောက်ဖို့မရှိတော့ပါဘူး။ သူ့အတွက် ပေါင် သန်း ၂၀ က များလွန်းတယ်လို့ တိုရီနိုက ငြင်းပယ်ခဲ့တာကြောင့် အက်သလက်တီကိုထံ ရောက် မရောက်ကိုပဲ စောင့်ကြည့်ရတော့မှာပါ။

လိုင်ယွန်ဟာ ကွင်းလယ်လူ အာဝါရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ သောကြာနေ့ကို နောက်ဆုံး သတ်မှတ်ပေးခဲ့ပါတယ်။ အာဆင်နယ်က အာဝါကို အရ ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး အပိုဆုကြေး ပေါင်၉သန်းနဲ့အတူ ပေါင်၃၆.၅သန်းနဲ့ ထပ်မံ ကမ်းလှမ်းရန် ပြင်နေပါတယ်။

တီရာနေး၊ ဒေးဗစ်လုဇ်နဲ့ ရော့ဘ်ဟိုးဒင်းတို့ဟာ ဂန်းနားတွေအတွက် လုံလောက်အောင် မကောင်းတာကြောင့် သူတို့က အာတီတာအတွက် ပြဿနာကြီး ဖြစ်နေတယ်လို့ ရွိုင်ကိန်းက ယုံကြည်နေပါတယ်။

Zawgyi – အန္ဖီးမွာ လီဗာပူးကို ၃-၁နဲ႔ ရႈံးခဲ့တဲ့ေနာက္ နည္းျပအာတီတာက မိမိတို႔ အသင္းဟာ လီဗာပူးနဲ႔ မတူညီတဲ့ လမ္းခရီးမွာရွိေနၿပီး သူတို႔ကို မီွဖို႔ အလွမ္း ကြာေနေသးတယ္လို႔ ဝန္ခံေျပာဆိုခဲ့ပါတယ္။ အာဆင္နယ္ဟာ ၾကာသပေတးေန႔ လိဂ္ဖလားမွာ လီဗာပူးနဲ႔ ထပ္မံေတြ႕ဆုံရဦးမွာပါ။

လီဗာပူးနဲ႔ပြဲမွာ လာကာဇက္က ဦးေဆာင္ဂိုးရခဲ့ေပမယ့္ အာဆင္နယ္က ၃-၁နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္သလို အာတီတာက အသင္းကို အင္အား ျမႇင့္တင္ဖို႔ အလိုရွိေၾကာင္း ဝန္ခံခဲ့ၿပီး တစ္ပတ္အတြင္း ကစားသမား အဝင္အထြက္ေတြ ရွိလာဖို႔ ႀကိဳးစားေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

တိုက္စစ္မွဴး လာကာဇက္ဟာ ဂိုးေရွ႕မွာ အယ္လီဆန္နဲ႔တစ္ေယာက္ခ်င္းေတြ႕ၿပီး ပြဲကို၂-၂ ျဖစ္ေစမယ့္ အခြင့္အေရးရခဲ့ေပမယ့္ အံ့အားသင့္စရာ ေကာင္းေအာင္ လြဲေခ်ာ္ခဲ့တဲ့ အေပၚ မျဖစ္သင့္ေၾကာင္း နည္းျပ အာတီတာက ဆိုခဲ့ေပမယ့္ ထို လြဲေခ်ာ္မႈကို အျပစ္မတင္ဖို႔ ကာကြယ္ေျပာဆိုခဲ့ပါတယ္။

အာဆင္နယ္ဟာ ဗဟိုခံစစ္မွာ အင္အား အလုံအေလာက္ ရွိေနတာေၾကာင့္ အပိုျဖစ္ေနတဲ့ မူစတာဖီဟာ ဒီရာသီမွာ လုံးဝ မကစားခဲ့ရသလို အသင္းကေန ထြက္ခြာဖို႔ ပိုမို နီးစပ္လာခဲ့ၿပီး လာဇီယိုနဲ႔ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရရွိခဲ့ေပမယ့္ အပိုဆုေၾကးအတြက္ေတာ့ ညႇိႏႈိင္းမႈ အဆင္မေျပေသးဘဲ ရွိေနပါတယ္။

အာဆင္နယ္ဟာ လူသစ္ေတြ ဝယ္ဖို႔ ကစားသမားေတြကို ေရာင္းထုတ္ဖို႔ ႀကိဳးစားေနေပမယ့္ လာကာဇက္ရဲ႕ အေျပာင္းအေ႐ႊ႕က မစခင္မွာပဲ ပ်က္ျပယ္သြားဖို႔ ရွိေနပါတယ္။ ႐ိုးမားက သူ႔ကိုစိတ္ဝင္စားခဲ့ေပမယ့္ အာဆင္နယ္က အလိုရွိတဲ့ ေပါင္ ၄၇သန္းကို မေပးခ်င္တာေၾကာင့္ ေနာက္ဆုတ္သြားခဲ့ပါတယ္။

အာဆင္နယ္ကြင္းလယ္လူ ေတာ္ရဲရားဟာ အသင္းကေန ထြက္ခြာဖို႔ ခ်ိတ္ဆက္ေနခဲ့ေပမယ့္ တိုရီႏိုကိုေတာ့ ေရာက္ဖို႔မရွိေတာ့ပါဘူး။ သူ႔အတြက္ ေပါင္ သန္း ၂၀ က မ်ားလြန္းတယ္လို႔ တိုရီႏိုက ျငင္းပယ္ခဲ့တာေၾကာင့္ အက္သလက္တီကိုထံ ေရာက္ မေရာက္ကိုပဲ ေစာင့္ၾကည့္ရေတာ့မွာပါ။

လိုင္ယြန္ဟာ ကြင္းလယ္လူ အာဝါရဲ႕ အေျပာင္းအေ႐ႊ႕ကို အၿပီးသတ္ဖို႔ ေသာၾကာေန႔ကို ေနာက္ဆုံး သတ္မွတ္ေပးခဲ့ပါတယ္။ အာဆင္နယ္က အာ၀ါကို အရ ေခၚယူဖို႔ ဆုံးျဖတ္ထားၿပီး အပိုဆုေၾကး ေပါင္၉သန္းနဲ႔အတူ ေပါင္၃၆.၅သန္းနဲ႔ ထပ္မံ ကမ္းလွမ္းရန္ ျပင္ေနပါတယ္။

တီရာေနး၊ ေဒးဗစ္လုဇ္နဲ႔ ေရာ့ဘ္ဟိုးဒင္းတို႔ဟာ ဂန္းနားေတြအတြက္ လုံေလာက္ေအာင္ မေကာင္းတာေၾကာင့္ သူတို႔က အာတီတာအတြက္ ျပႆနာႀကီး ျဖစ္ေနတယ္လို႔ ႐ြိဳင္ကိန္းက ယုံၾကည္ေနပါတယ္။