ဒေါ့မွန်ဟာ ဆန်ချိုအတွက် ယူနိုက်တက်ရဲ့ နောက်ဆုံး ကမ်းလှမ်းမှုကိုလည်း ပယ်ချခဲ့ပါတယ်။ ဆန်ချို ကို မရောင်းဘူးလို့ ဒေါ့မွန်က ပြောခဲ့သည့် တိုင်အောင် ယူနိုက်တက်က ဒီနွေမှာ ခေါ်ယူနိုင်ဖို့ ယုံကြည်ထားပြီး ပေါင် သန်း၉၀နဲ့ ကမ်းလှမ်းခဲ့ပေမယ့် အင်္ဂလန်သားအတွက် ဒေါ့မွန်က ပေါင် ၁၀၈သန်း အလိုရှိနေတာ ဖြစ်ပါတယ်။
ယူနိုက်တက်ဟာ ဆန်ချိုအတွက် ကမ်းလှမ်းမှုကို ငြင်းပယ်ခံခဲ့ရတဲ့နောက် ဘာစီလိုနာ တိုက်စစ်မှူး ဒမ်ဘီလီကို ပြောင်းလဲချိန်ရွယ်ခဲ့ပါတယ်။ ဒါပေမယ့်ဒ မ်ဘီလီဟာ ဘာစီလိုနာမှာ ဒဏ်ရာပြဿနာတွေနဲ့သာ လုံးပမ်းနေခဲ့ရတာနဲ့အတူ သူ့ကိုခေါ်မယ်ဆိုရင်တော့ ယူနိုက်တက်အတွက် စွန့်စားရာကျမှာပါ။
ယူနိုက်တက် ဟာ ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူး လူကာဂျိုဗစ်ကို အငှားခေါ်ယူနိုင်ဖို့ အခွင့်အရေး ပေးခံခဲ့ရပါတယ်။ ရီးရဲလ်က ဂျိုဗစ်ကို စိတ်ဝင်စားလား လို့ ယူနိုက်တက်ကို မေးခဲ့သလို ယူနိုက်တက်ဟာ ဘယ်နောက်တန်းနဲ့ တောင်ပံနေရာကို ဦးစားပေးလိုနေပေမယ့် တိုက်စစ် အသစ် တစ်ယောက် ခေါ်ဖို့တော့ ဖြစ်နိုင်ခြေရှိနေပါတယ်။
အေစီမီလန်ဟာ ယူနိုက်တက်နောက်ခံလူ ဒါးလော့ကို အငှားခေါ်ယူဖို့ စိတ်အားထက်သန်နေပါတယ်။ အငှားခေါ်ယူမှုမှာ အပြီးသတ်ဝယ်ယူခွင့် ပါဝင်ဖို့ အလားအလာရှိပေမယ့် ယူနိုက်တက်ကတော့ အပြီးသတ် ရောင်းချလိုနေတာဖြစ်ပြီး အပြောင်းအရွှေ့ကာလ ပြီးဆုံးတော့မှာမို့ နှစ်ဖက်လုံးက မြန်မြန်ညှိနှိုင်းဖို့ လိုနေတာပါ။
နောက်ခံလူ အဲလက်စ်တဲလက်စ်အတွက် ယူနိုက်တက်နဲ့ ပေါ်တိုအသင်းရဲ့ တန်ဖိုးသတ်မှတ်မှု ကွာခြားချက်က ပေါင် ၆သန်း ရှိနေတယ်လို့ သိရပါတယ်။ တဲလက်စ်ကို ယူနိုက်တက် ကစားသမားဖြစ်လာဖို့ မျှော်လင့်နေကြပေမယ့် ပေါ်တိုက ပေါင်၁၈သန်းလိုချင်နေတာနဲ့အတူ ပြောင်းရွှေ့ကြေး သဘောတူညီမှု မရနိုင်သေးတာပါ။
ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ကို ရောက်လာပြီးနောက်ပိုင်း လိဂ်တစ်ပွဲမှ ပွဲထွက်ခွင့် မရခဲ့တာကြောင့် ၎င်းရဲ့ အေးဂျင့်ဖြစ်သူက ဒေါသဖြစ်နေခဲ့ပြီး ကလပ်ကို ဝေဖန်ပြောဆိုခဲ့ပါတယ်။ ကွင်းလယ်လူဟာ ပထမ၂ပွဲမှာ လူစားဝင်ကစားခဲ့ရပြီး ပဲလေ့စ်နဲ့ပွဲမှာ မိနစ်၂၀၊ ဘရိုက်တန်နဲ့ပွဲမှာ နောက်ဆုံး မိနစ်လောက်သာ ပါဝင်ခွင့်ရခဲ့တာပါ။
Zawgyi – ေဒါ့မြန္ဟာ ဆန္ခ်ိဳအတြက္ ယူႏိုက္တက္ရဲ႕ ေနာက္ဆုံး ကမ္းလွမ္းမႈကိုလည္း ပယ္ခ်ခဲ့ပါတယ္။ ဆန္ခ်ိဳ ကို မေရာင္းဘူးလို႔ ေဒါ့မြန္က ေျပာခဲ့သည့္ တိုင္ေအာင္ ယူႏိုက္တက္က ဒီေႏြမွာ ေခၚယူႏိုင္ဖို႔ ယုံၾကည္ထားၿပီး ေပါင္ သန္း၉၀နဲ႔ ကမ္းလွမ္းခဲ့ေပမယ့္ အဂၤလန္သားအတြက္ ေဒါ့မြန္က ေပါင္ ၁၀၈သန္း အလိုရွိေနတာ ျဖစ္ပါတယ္။
ယူႏိုက္တက္ဟာ ဆန္ခ်ိဳအတြက္ ကမ္းလွမ္းမႈကို ျငင္းပယ္ခံခဲ့ရတဲ့ေနာက္ ဘာစီလိုနာ တိုက္စစ္မႉး ဒမ္ဘီလီကို ေျပာင္းလဲခ်ိန္႐ြယ္ခဲ့ပါတယ္။ ဒါေပမယ့္ဒ မ္ဘီလီဟာ ဘာစီလိုနာမွာ ဒဏ္ရာျပႆနာေတြနဲ႔သာ လုံးပမ္းေနခဲ့ရတာနဲ႔အတူ သူ႔ကိုေခၚမယ္ဆိုရင္ေတာ့ ယူႏိုက္တက္အတြက္ စြန႔္စားရာက်မွာပါ။
ယူႏိုက္တက္ ဟာ ရီးရဲလ္မက္ဒရစ္ တိုက္စစ္မႉး လူကာဂ်ိဳဗစ္ကို အငွားေခၚယူႏိုင္ဖို႔ အခြင့္အေရး ေပးခံခဲ့ရပါတယ္။ ရီးရဲလ္က ဂ်ိဳဗစ္ကို စိတ္ဝင္စားလား လို႔ ယူႏိုက္တက္ကို ေမးခဲ့သလို ယူႏိုက္တက္ဟာ ဘယ္ေနာက္တန္းနဲ႔ ေတာင္ပံေနရာကို ဦးစားေပးလိုေနေပမယ့္ တိုက္စစ္ အသစ္ တစ္ေယာက္ ေခၚဖို႔ေတာ့ ျဖစ္ႏိုင္ေျခရွိေနပါတယ္။
ေအစီမီလန္ဟာ ယူႏိုက္တက္ေနာက္ခံလူ ဒါးေလာ့ကို အငွားေခၚယူဖို႔ စိတ္အားထက္သန္ေနပါတယ္။ အငွားေခၚယူမႈမွာ အၿပီးသတ္ဝယ္ယူခြင့္ ပါဝင္ဖို႔ အလားအလာရွိေပမယ့္ ယူႏိုက္တက္ကေတာ့ အၿပီးသတ္ ေရာင္းခ်လိုေနတာျဖစ္ၿပီး အေျပာင္းအေ႐ႊ႕ကာလ ၿပီးဆုံးေတာ့မွာမို႔ ႏွစ္ဖက္လုံးက ျမန္ျမန္ညႇိႏႈိင္းဖို႔ လိုေနတာပါ။
ေနာက္ခံလူ အဲလက္စ္တဲလက္စ္အတြက္ ယူႏိုက္တက္နဲ႔ ေပၚတိုအသင္းရဲ႕ တန္ဖိုးသတ္မွတ္မႈ ကြာျခားခ်က္က ေပါင္ ၆သန္း ရွိေနတယ္လို႔ သိရပါတယ္။ တဲလက္စ္ကို ယူႏိုက္တက္ ကစားသမားျဖစ္လာဖို႔ ေမွ်ာ္လင့္ေနၾကေပမယ့္ ေပၚတိုက ေပါင္၁၈သန္းလိုခ်င္ေနတာနဲ႔အတူ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ မရႏိုင္ေသးတာပါ။
ဗန္ဒီဘိခ္ဟာ ယူႏိုက္တက္ကို ေရာက္လာၿပီးေနာက္ပိုင္း လိဂ္တစ္ပြဲမွ ပြဲထြက္ခြင့္ မရခဲ့တာေၾကာင့္ ၄င္းရဲ႕ ေအးဂ်င့္ျဖစ္သူက ေဒါသျဖစ္ေနခဲ့ၿပီး ကလပ္ကို ေဝဖန္ေျပာဆိုခဲ့ပါတယ္။ ကြင္းလယ္လူဟာ ပထမ၂ပြဲမွာ လူစားဝင္ကစားခဲ့ရၿပီး ပဲေလ့စ္နဲ႔ပြဲမွာ မိနစ္၂၀၊ ဘ႐ိုက္တန္နဲ႔ပြဲမွာ ေနာက္ဆုံး မိနစ္ေလာက္သာ ပါဝင္ခြင့္ရခဲ့တာပါ။