ယနေ့ညပိုင်း နောက်ဆုံးရ မန်ချက်စတာ ယူနိုက်တက် သတင်းတိုများ (30/09/20)

ဗန်ဒီဘိခ်က လွဲလို့ နောက်ထပ် ခေါ်ယူနိုင်မှု မရှိသေးတဲ့ ယူနိုက်တက်ဟာ အပြောင်းအရွှေ့ မပိတ်ခင်မှာ အနည်းဆုံး ဗဟိုခံစစ်၊ ဘယ်စွန်ခံစစ်နဲ့ တိုက်စစ်သမား တစ်ဦးစီ အရ ခေါ်ယူဖို့ လိုကြောင်း နဗီးလ်က တိုက်တွန်းလိုက်ပါတယ်။

ဒီဂီယာဟာ ဥရောပ ထိပ်သီး ဂိုးသမားတွေထဲက တစ်ဦး ဖြစ်ပြီး သူ့ရဲ့ အကောင်းဆုံး လက်စွမ်း ပုံစံ ပြန်ရလာမှာ ဖြစ်ကြောင်း အီတလီ ဂိုးသမားဟောင်းကြီး မက်ဆီမို တိုင်ဘီက ထောက်ခံ ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် မစ်လန်းနိုင်းစ်ကလည်း ယူနိုက်တက်နဲ့ အပြောင်းအရွှေ့ သတင်းတွေထဲ ပါဝင်လာပေမယ့် ယူနိုက်တက်၊ အာဆင်နယ် နှစ်သင်းလုံးရဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းတွေကတော့ ထိုသတင်းက မှားယွင်းကြောင်း ငြင်းချက်ထုတ်ထားကြပါတယ်။

အင်္ဂလန်အသင်းမှာ ဟယ်ရီ မက်ဂွဲရား ပြန်ပါလာဖို့ ရှိနေသလို ဖီးဖိုဒန်နဲ့ မေဆန်ဂရင်းဝုဒ်တို့ကတော့ ဆောက်ဂိတ်ရဲ့ လူစာရင်းကနေ ချန်လှပ် ခံခဲ့ရနိုင်ပါတယ်။ အင်္ဂလန်ဟာ ကမ္ဘာ့နံပါတ်တစ် ဘယ်လ်ဂျီယမ်နဲ့ တွေ့ဆုံရဖို့ရှိနေတာကြောင့် ဆောက်ဂိတ်က ပိုပြီးအတွေ့အကြုံရှိတဲ့ အသင်းကို အလိုရှိနေတာပါ။

ဘာစီလိုနာ နည်းပြသစ် ရော်နယ်ကိုးမန်းဟာ ယူနိုက်တက်နဲ့ သတင်းကြီးလာတဲ့ ဒမ်ဘီလီကို အသင်းကနေ ထွက်ခွာစေချင်နေပါတယ်။ နူးကမ့်မှာ မအောင်မြင်ခဲ့တဲ့နောက် ပြင်သစ်သားကိုယ်တိုင်ကလည်း ဒီနွေမှာ ဘာစီလိုနာ အသင်းကနေ ထွက်ခွာဖွယ် ရှိပါတယ်။

ယူနိုက်တက် ကွင်းလယ်မှာ နွမ်းနယ်နေပုံရတဲ့ ပေါ့ဘာထက် ဗန်ဒီဘိခ် ကို ပွဲထုတ်တာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ကြောင်း Goal သတင်းဌာနက သုံးသပ်သွားခဲ့ပါတယ်။

Zawgyi – ဗန္ဒီဘိခ္က လြဲလို႔ ေနာက္ထပ္ ေခၚယူနိုင္မႈ မရွိေသးတဲ့ ယူနိုက္တက္ဟာ အေျပာင္းအေရႊ႕ မပိတ္ခင္မွာ အနည္းဆံုး ဗဟိုခံစစ္၊ ဘယ္စြန္ခံစစ္နဲ႕ တိုက္စစ္သမား တစ္ဦးစီ အရ ေခၚယူဖို႔ လိုေၾကာင္း နဗီးလ္က တိုက္တြန္းလိုက္ပါတယ္။

ဒီဂီယာဟာ ဥေရာပ ထိပ္သီး ဂိုးသမားေတြထဲက တစ္ဦး ျဖစ္ျပီး သူ႔ရဲ႕ အေကာင္းဆံုး လက္စြမ္း ပံုစံ ျပန္ရလာမွာ ျဖစ္ေၾကာင္း အီတလီ ဂိုးသမားေဟာင္းၾကီး မက္ဆီမို တိုင္ဘီက ေထာက္ခံ ေျပာဆိုလိုက္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကြင္းလယ္ၾကယ္ပြင့္ မစ္လန္းနိုင္းစ္ကလည္း ယူနိုက္တက္နဲ႕ အေျပာင္းအေရႊ႕ သတင္းေတြထဲ ပါ၀င္လာေပမယ့္ ယူနိုက္တက္၊ အာဆင္နယ္ နွစ္သင္းလံုးရဲ႕ နီးစပ္တဲ့ အသိုင္းအ၀ိုင္းေတြကေတာ့ ထိုသတင္းက မွားယြင္းေၾကာင္း ျငင္းခ်က္ထုတ္ထားၾကပါတယ္။

အဂၤလန္အသင္းမွာ ဟယ္ရီ မက္ဂြဲရား ျပန္ပါလာဖို႔ ရွိေနသလို ဖီးဖိုဒန္နဲ႔ ေမဆန္ဂရင္းဝုဒ္တို႔ကေတာ့ ေဆာက္ဂိတ္ရဲ႕ လူစာရင္းကေန ခ်န္လွပ္ ခံခဲ့ရႏိုင္ပါတယ္။ အဂၤလန္ဟာ ကမာၻ႔နံပါတ္တစ္ ဘယ္လ္ဂ်ီယမ္နဲ႔ ေတြ႕ဆုံရဖို႔ရွိေနတာေၾကာင့္ ေဆာက္ဂိတ္က ပိုၿပီးအေတြ႕အႀကဳံရွိတဲ့ အသင္းကို အလိုရွိေနတာပါ။

ဘာစီလိုနာ နည္းျပသစ္ ေရာ္နယ္ကိုးမန္းဟာ ယူနိုက္တက္နဲ႕ သတင္းၾကီးလာတဲ့ ဒမ္ဘီလီကို အသင္းကေန ထြက္ခြာေစခ်င္ေနပါတယ္။ ႏူးကမ့္မွာ မေအာင္ျမင္ခဲ့တဲ့ေနာက္ ျပင္သစ္သားကိုယ္တိုင္ကလည္း ဒီေႏြမွာ ဘာစီလိုနာ အသင္းကေန ထြက္ခြာဖြယ္ ရွိပါတယ္။

ယူနိုက္တက္ ကြင္းလယ္မွာ ႏြမ္းနယ္ေနပံုရတဲ့ ေပါ့ဘာထက္ ဗန္ဒီဘိခ္ ကို ပြဲထုတ္တာက ပိုေကာင္းတဲ့ ေရြးခ်ယ္မႈ ျဖစ္ေၾကာင္း Goal သတင္းဌာနက သံုးသပ္သြားခဲ့ပါတယ္။