ယနေ့ နောက်ဆုံးရ အာဆင်နယ် အပြောင်းအရွှေ့ သတင်းတိုများ (30/09/20)

အာဆင်နယ်အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ဟန်အသစ်ကို တည်ဆောက်ဖို့ အချိန်ယူရမှာဖြစ်ပေမယ့် အခက်အခဲတွေကြောင့်နဲ့တော့ ကစားသမားတွေ ဟာ နည်းပြ အာတီတာ ကစားချင်တဲ့ ပုံစံကနေ လမ်းကြောင်းလွဲသွားမှာမဟုတ်ဘူးလို့ ဟက်တာ ဘယ်လာရင်က ပြောဆိုခဲ့ပါတယ်။

လက်စတာဟာ စိန့်အက်တီရန် နောက်ခံလူ ဖိုဖာနာကို ခေါ်ယူမယ့်ကိစ္စက အာဆင်နယ်နဲ့ အာဝါရဲ့ အပြောင်းအရွှေ့ အပေါ် သက်ရောက်မှု ရှိနေပါတယ်။ လိုင်ယွန်ဥက္ကဌက အာဝါ အတွက် တန်ကြေးကို ဖိုဖာနာထက် ပိုပေးမှရောင်းချမှာဖြစ်သလို လက်စတာကတော့ ပေါင်သန်း၃၀နဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့တာပါ။

ချယ်ဆီးကနေ ထွက်ခွာဖို့ ရှိနေတဲ့ ဂျော်ဂျင်ဟိုကို အာဆင်နယ်က စိတ်ဝင်တစား ချိတ်ဆက်နေပေမယ့် အေးဂျင့်ဖြစ်သူကတော့ အပြောင်းအရွှေ့ ကောလာဟလတွေကို ငြင်းပယ်ခဲ့ပြီး ဂျော်ဂျင်ဟိုအနေနဲ့ စတန်းဖို့ဒ်ဘရစ်ခ်ျမှာ ပျော်ရွှင်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

လီဗာပူးကို ရှုံးခဲ့တာက အာဆင်နယ်အတွက် အာဝါကို ခေါ်ယူဖို့ သိပ်အရေးကြီးနေပြီဆိုတာ ပြသခဲ့တာပါလို့ အီယန်ရိုက်က ဆိုပါတယ်။ လီဗာပူး အနေနဲ့ လွယ်လွယ်ကူကူပဲ ဘောလုံးကို ထိန်းချုပ်နိုင်ခဲ့ပြီး အာဆင်နယ်ကို ချောင်ပိတ်ထားနိုင်ခဲ့တာက ရိုက်အတွက် စိုးရိမ်စရာ ဖြစ်စေခဲ့ပါတယ်။

အာဆင်နယ်ဟာ ရိုးမာကြယ်ပွင့် ဒီအာဝါရာကို ခေါ်ယူဖို့လည်း စဉ်းစားနေပါတယ်။ ဂန်းနားတွေနဲ့အတူ စပါးကလဲ စိတ်ဝင်စားနေပေမယ့် အာဆင်နယ် ကတော့ ကွင်းလယ်ခံစစ် ကစားသမာအတွက် တော်ရဲရားကို အလိုက်ပေးပြီး ကမ်းလှမ်းနိုင်ခြေရှိပါတယ်။

အာဆင်နယ်နဲ့ လိဒ်ယူနိုက်တက်ဟာ ရီးရဲလ်မက်ဒရစ် လူငယ်ကစားသမား ဆီဆာ ဂီလာဘက်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် ကလပ်ကရော ကစားသမားကပါ ငြင်းပယ်ခဲ့ပါတယ်။ ဂီလာဘတ်ဟာ အရည်အချင်းရှိတဲ့လူငယ်ကစားသမားဖြစ်ပေမယ့် အသင်းကြီးမှာ နေရာရဖို့ မရှိတာကြောင့် အသင်းကနေ ထွက်ခွာနိုင်တယ် ဆိုတဲ့ ကောလာဟလတွေ ထွက်ပေါ်ခဲ့တာပါ။

အာဆင်နယ်ဟာ တော်ရဲရားနဲ့ ကိုလာဆီနက် တို့ကို အသင်းကနေ ရောင်းထုတ်ဖို့ ကြိုးစားနေပါတယ်။ အသင်းရဲ့ အင်အား နည်းပါးမှုကြောင့် လူသစ်ခေါ်ယူဖို့ လိုအပ်နေတာနဲ့ အတူ သူတို့နှစ်ယောက်က ရောင်းထုတ်ခံရနိုင်ဖွယ် ရှိနေပြီး အက်သလက်တီကိုနဲ့ လေဗာကူဆင်တို့က သူတို့ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။

တော်ရဲရားကို အက်သလက်တီကို မက်ဒရစ်က စိတ်ဝင်စားနေပြီး ကမ်းလှမ်းမှု ပြင်ဆင်နေတာကြောင့် အာဆင်နယ်ကလည်း ပါတေးကို အလိုရှိတာကို အသုံးချရန် ကြံရွယ်နေပါတယ်။

လေဗာကူဆင်ဟာ ဘယ်နောက်ခံလူ ကိုလာဆီနက်အတွက် အာဆင်နယ်ထံ ပေါင်၉သန်းနဲ့ ကမ်းလှမ်းမှု လုပ်ခဲ့ပါတယ်။ ကိုလာဆီနက်ဟာ အမ်းမရိတ်စ်မှာ တီရာနေး၊ မိတ်လန်နိုင်းစ်နဲ့ ဘူကာယို ဆာကာတို့လောက် နေရာမရခဲ့တာနဲ့အတူ အာဆင်နယ်ကလဲ အသုံးစရိတ် မြှင့်တင်ဖို့ အတွက် ငွေရပေါက်ကို ရှာဖွေနေတာ ဖြစ်ပါတယ်။

Zawgyi – အာဆင္နယ္အေနနဲ႔ သူတို႔ရဲ႕ ကိုယ္ပိုင္ဟန္အသစ္ကို တည္ေဆာက္ဖို႔ အခ်ိန္ယူရမွာျဖစ္ေပမယ့္ အခက္အခဲေတြေၾကာင့္နဲ႔ေတာ့ ကစားသမားေတြ ဟာ နည္းျပ အာတီတာ ကစားခ်င္တဲ့ ပုံစံကေန လမ္းေၾကာင္းလြဲသြားမွာမဟုတ္ဘူးလို႔ ဟက္တာ ဘယ္လာရင္က ေျပာဆိုခဲ့ပါတယ္။

လက္စတာဟာ စိန္႕အက္တီရန္ ေနာက္ခံလူ ဖိုဖာနာကို ေခၚယူမယ့္ကိစၥက အာဆင္နယ္နဲ႔ အာဝါရဲ႕ အေျပာင္းအေ႐ႊ႕ အေပၚ သက္ေရာက္မႈ ရွိေနပါတယ္။ လိုင္ယြန္ဥကၠဌက အာဝါ အတြက္ တန္ေၾကးကို ဖိုဖာနာထက္ ပိုေပးမွေရာင္းခ်မွာျဖစ္သလို လက္စတာကေတာ့ ေပါင္သန္း၃၀နဲ႔ ေခၚယူဖို႔ သေဘာတူညီမႈ ရခဲ့တာပါ။

ခ်ယ္ဆီးကေန ထြက္ခြာဖို႔ ရွိေနတဲ့ ေဂ်ာ္ဂ်င္ဟိုကို အာဆင္နယ္က စိတ္ဝင္တစား ခ်ိတ္ဆက္ေနေပမယ့္ ေအးဂ်င့္ျဖစ္သူကေတာ့ အေျပာင္းအေ႐ႊ႕ ေကာလာဟလေတြကို ျငင္းပယ္ခဲ့ၿပီး ေဂ်ာ္ဂ်င္ဟိုအေနနဲ႔ စတန္းဖို႔ဒ္ဘရစ္ခ္်မွာ ေပ်ာ္႐ႊင္ေနတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

လီဗာပူးကို ရႈံးခဲ့တာက အာဆင္နယ္အတြက္ အာဝါကို ေခၚယူဖို႔ သိပ္အေရးႀကီးေနၿပီဆိုတာ ျပသခဲ့တာပါလို႔ အီယန္႐ိုက္က ဆိုပါတယ္။ လီဗာပူး အေနနဲ႔ လြယ္လြယ္ကူကူပဲ ေဘာလုံးကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး အာဆင္နယ္ကို ေခ်ာင္ပိတ္ထားႏိုင္ခဲ့တာက ႐ိုက္အတြက္ စိုးရိမ္စရာ ျဖစ္ေစခဲ့ပါတယ္။

အာဆင္နယ္ဟာ ႐ိုးမာၾကယ္ပြင့္ ဒီအာဝါရာကို ေခၚယူဖို႔လည္း စဥ္းစားေနပါတယ္။ ဂန္းနားေတြနဲ႔အတူ စပါးကလဲ စိတ္ဝင္စားေနေပမယ့္ အာဆင္နယ္ ကေတာ့ ကြင္းလယ္ခံစစ္ ကစားသမာအတြက္ ေတာ္ရဲရားကို အလိုက္ေပးၿပီး ကမ္းလွမ္းႏိုင္ေျခရွိပါတယ္။

အာဆင္နယ္နဲ႔ လိဒ္ယူႏိုက္တက္ဟာ ရီးရဲလ္မက္ဒရစ္ လူငယ္ကစားသမား ဆီဆာ ဂီလာဘက္ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ ကလပ္ကေရာ ကစားသမားကပါ ျငင္းပယ္ခဲ့ပါတယ္။ ဂီလာဘတ္ဟာ အရည္အခ်င္းရွိတဲ့လူငယ္ကစားသမားျဖစ္ေပမယ့္ အသင္းႀကီးမွာ ေနရာရဖို႔ မရွိတာေၾကာင့္ အသင္းကေန ထြက္ခြာႏိုင္တယ္ ဆိုတဲ့ ေကာလာဟလေတြ ထြက္ေပၚခဲ့တာပါ။

အာဆင္နယ္ဟာ ေတာ္ရဲရားနဲ႔ ကိုလာဆီနက္ တို႔ကို အသင္းကေန ေရာင္းထုတ္ဖို႔ ႀကိဳးစားေနပါတယ္။ အသင္းရဲ႕ အင္အား နည္းပါးမႈေၾကာင့္ လူသစ္ေခၚယူဖို႔ လိုအပ္ေနတာနဲ႔ အတူ သူတို႔ႏွစ္ေယာက္က ေရာင္းထုတ္ခံရႏိုင္ဖြယ္ ရွိေနၿပီး အက္သလက္တီကိုနဲ႔ ေလဗာကူဆင္တို႔က သူတို႔ကို စိတ္ဝင္စားေနတာ ျဖစ္ပါတယ္။

ေတာ္ရဲရားကို အက္သလက္တီကို မက္ဒရစ္က စိတ္၀င္စားေနျပီး ကမ္းလွမ္းမႈ ျပင္ဆင္ေနတာေၾကာင့္ အာဆင္နယ္ကလည္း ပါေတးကို အလိုရွိတာကို အသံုးခ်ရန္ ၾကံရြယ္ေနပါတယ္။

ေလဗာကူဆင္ဟာ ဘယ္ေနာက္ခံလူ ကိုလာဆီနက္အတြက္ အာဆင္နယ္ထံ ေပါင္ ၉သန္းနဲ႔ ကမ္းလွမ္းမႈ လုပ္ခဲ့ပါတယ္။ ကိုလာဆီနက္ဟာ အမ္းမရိတ္စ္မွာ တီရာေနး၊ မိတ္လန္ႏိုင္းစ္နဲ႔ ဘူကာယို ဆာကာတို႔ေလာက္ ေနရာမရခဲ့တာနဲ႔အတူ အာဆင္နယ္ကလဲ အသုံးစရိတ္ ျမႇင့္တင္ဖို႔ အတြက္ ေငြရေပါက္ကို ရွာေဖြေနတာ ျဖစ္ပါတယ္။