နေရာဟောင်းဆီ ပြန်ချင်ပြီ ထုတ်ပြောလာတဲ့ အာဆင်နယ် ကွင်းလယ် တော်ရဲရား
အာဆင်နယ် ကွင်းလယ်ကစားသမား လူးကပ် တော်ရဲရား က အီတလီသို့ ပြန်သွားချင်နေပြီ ဖြစ်ကြောင်း ကစားသမား အေးဂျင့် ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။
ဥရုဂွေး လက်ရွေးစင် ကစားသမားဟာ လွန်ခဲ့တဲ့ နှစ်ရာသီကမှ ဆမ်ဒိုးရီးယား အသင်းကနေ အာဆင်နယ်ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လန်ဒန်မှာ အခြေမကျနိုင်ဘဲ အသင်းဟောင်း ရှိရာ အီတလီသို့ ပြန်သွားဖို့ စိတ်အားထက်သန်နေခဲ့တာပါ။
” လူးကပ် (တော်ရဲရား) က နည်းစနစ်ပိုင်း ကွာခြားမှုတွေ အပေါ် စိတ် သိပ် မပျော်ရွှင် ဖြစ်ခဲ့ရတယ်။ အဲဒါလည်း အဆင်ပြေသွားရော ဒဏ်ရာ တွေ သူ့ဆီ ရောက်လာတယ်။ ကံကောင်းတာက ထင်ထားသလောက် ဒဏ်ရာ မဆိုးဝါးခဲ့လို့။ ဒီနေ့တော့ သူက လုံး၀ အပြည့်အ၀ ပြန်ကောင်းနေပါပြီ။ သူ က အပြောင်းအရွှေ့ ဈေးကွက်ထဲ ပြန်ဝင်ချင်ပြီလို့ ကျနော် ထင်တယ်။
ကျနော် အာဆင်နယ်နဲ့ စကားပြောရပါမယ်။ ကစားသမားက အီတလီကို ပြန်သွားချင်နေတယ်။ ဒါပေမယ့် အာဆင်နယ်က သူ့ကို ကောင်းကောင်း မွန်မွန် ထားတယ် ဆက်ဆံတယ် ဆိုတာလည်း အသိအမှတ် ပြုရမယ်။ ” လို့ အေးဂျင့် Pablo Bentancur က ပြောဆို သွားခဲ့ပါတယ်။
တော်ရဲရားရဲ့ ဒဏ်ရာက သီတင်းပတ် ၈ ပတ်ကနေ ၁၀ ပတ်ထိ ကြာမြင့်နိုင်လို့ ဒီရာသီ ပြန် မကစားနိုင်ဘူး ယူဆခဲ့ကြတာပါ။ ဒါပေမယ့် ကိုရိုနာကြောင့် ဘောလုံးရာသီ အပြီးသတ်ဖို့ နောက်ဆုတ်သွားခဲ့ကာ ကွင်းလယ်ကစားသမား တော်ရဲရားကို ကွင်းထဲမှာ ပြန်မြင်ကြဖို့ ရှိနေပါပြီ။
အပြောင်းအရွှေ့ကတော့ ကစားသမား ကိုယ်တိုင် ဆန္ဒ ရှိနေတဲ့နောက် အေးဂျင့်က အာဆင်နယ် တာဝန်ရှိသူတွေနဲ့ ညှိနှိုှုင်းတော့မှာ ဖြစ်ပါတယ်။
Zawgyi – အာဆင်နယ် ကွင်းလယ်ကစားသမား လူးကပ် တော်ရဲရား က အီတလီသို့ ပြန်သွားချင်နေပြီ ဖြစ်ကြောင်း ကစားသမား အေးဂျင့် ကိုယ်တိုင်က ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။