ကွင်းလယ် တစ်နေရာမှာ ပေါ့ဘာကို ဖယ်ထုတ်ပြီး ဗန်ဒါဘိခ်ကို နေရာပေးသင့်တဲ့ ဆိုးရှား

ဗန်ဒီဘိခ် ရောက်ရှိလာတုန်းကလဲ ဆိုးလ်ရှားက “ သူ့ရဲ့နေရာလွတ် ရှာဖွေနိုင်စွမ်း၊ အတိုးအလှုပ်တွေနဲ့ ပွဲကိုဖတ်နိုင်စွမ်းက ယူနိုက်တက်ကွင်းလယ်ကို ပြီးပြည့်စုံစေလိမ့်မယ် ” လို့ ချီးကျူးပြောဆိုခဲ့တာပါ။

ဒါဆို ဆိုးလ်ရှားက ယူနိုက်တက်တို့ ရုန်းကန်ခဲ့ရတဲ့ ဘရိုက်တန်နဲ့ပွဲမှာ ဘာလို့ သူ့ကိုမိနစ် ၉၀ အထိ အရန်ခုံမှာ ထိုင်ခိုင်းခဲ့တာလဲ?

ဆိုးလ်ရှားရဲ့အသင်းဟာ လေ့ကျင့်ရေးကာလ တိုတောင်းခဲ့တာကြောင့် ထက်မြက်မှုနဲ့ ကြံ့ခိုင်မှု ကင်းမဲ့နေခဲ့တာနဲ့အတူ ရဲရင့်စွာ တိုက်စစ်ဆင်မှုတွေလည်း ရှိမနေခဲ့ဘူး။ ဆိုးလ်ရှားကတော့ ဗန်ဒီဘိခ် မပါတဲ့ကိစ္စကို ဆင်ခြေမပေးခဲ့ပေမယ့် ဗန်ဒီဘိခ်ရဲ့ အမြင်နဲ့ ပါးနပ်တဲ့ လှုပ်ရှားမှုတွေနဲ့သာဆိုရင် ယူနိုက်တက်ရဲ့ တိုက်စစ်အတွက် လိုအပ်တဲ့ ထောက်ပံ့မှုတွေ ပေးနိုင်ခဲ့မှာပါ။

ဒီရာသီ အစမှာတင် ပေါလ်ပေါ့ဘာက ယူနိုက်တက်ရဲ့ နှေးကွေးလေးလံပြီး ပေါ့ပျက်တဲ့ ကစားပုံမှာ အဓိကကျတဲ့သူဖြစ်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် သူ့ရဲ့ ပထမဆုံးလိဂ် ၂ ပွဲလုံးမှာ ပေါ့ဘာဟာ အသင်းဖော်တွေထက် ဘောလုံးပေးပို့မှု ပိုမိုဆိုးဝါးခဲ့ပါတယ်၊။ ပဲလေ့စ်ကို ရှုံးခဲ့တဲ့ပွဲမှာ သူ့ရဲ့ ပေးနှုန်းမှန်ကန်မှုက ၇၃.၅% သာရှိခဲ့ပြီး ဘရိုက်တန်နဲ့ပွဲမှာဆိုရင် ၆၇.၆% သာရှိခဲ့ကာ ဘောလုံးဆုံးရှုံးမှု ၁၅ ကြိမ်နဲ့ အဆိုးဝါးဆုံး ကစားသမားဖြစ်ခဲ့ပါတယ်။

ကွင်းလယ်နဲ့ ခံစစ်ကြား သူချန်ခဲ့တဲ့ နေရာလွတ်တွေကို ဘရိုက်တန်က ကောင်းကောင်း အသုံးချခဲ့တာကြောင့် ဘောလုံးလိုက်လုရင်လဲ သူချည်း ကျန်နေခဲ့ကာ ပြစ်ဒဏ်ဘော ၄ ကြိမ် ပေးခဲ့ရပြီး ယူနိုက်တက်မှာသူသာ အများဆုံး ဖြစ်ခဲ့ပါသေးတယ်။ ကွင်းထဲမှာ လျှောက်ပြေးနေတဲ့ ပေါ့ဘာကို မိနစ် ၆၀ မတိုင်ခင် ဗန်ဒီဘိခ်နဲ့ လူစားလဲတာက ပိုကောင်းတဲ့ ရွေးချယ်မှုဖြစ်ခဲ့မှာပါ။

နယ်သာလန်သားက ပြင်သစ်သားထက် ခံစစ်ပိုင်းမှာ ပိုကောင်းသလားဆိုတာက အငြင်းပွားစရာဖြစ်မှာပါ။ ဒါပေမယ့် သေချာတာကတော့ သူဟာ ကိုဗစ်ကြောင့် တစ်လကျော် နားနေခဲ့ရတဲ့ ပေါ့ဘာထက်ပိုပြီး သွက်သွက်လက်လက် ရှိမှာပါ။

ကွင်းလယ်သုံးယောက်လုံးက နေရာတူနေတာနဲ့အတူ ဗန်ဒီဘိခ်၊ ပေါ့ဘာနဲ့ ဖာနန်ဒက်စ်တို့ကို ဘယ်လို ပွဲထုတ်မလဲဆိုတာက ဆိုးလ်ရှားအတွက် မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပေမယ့် အခုအချိန်မှာတော့ နောက်ပွဲတွေမှာ ယူနိုက်တက်အတွက် အပြောင်းအလဲ လုပ်ဖို့ လိုလာပြီပဲ ဖြစ်ပါတယ်။

ZAWGYI

ဗန္ဒီဘိခ္ ေရာက္ရွိလာတုန္းကလဲ ဆိုးလ္ရွားက “ သူ႔ရဲ႕ေနရာလြတ္ ရွာေဖြႏိုင္စြမ္း၊ အတိုးအလႈပ္ေတြနဲ႔ ပြဲကိုဖတ္ႏိုင္စြမ္းက ယူႏိုက္တက္ကြင္းလယ္ကို ၿပီးျပည့္စုံေစလိမ့္မယ္ ” လို႔ ခ်ီးက်ဴးေျပာဆိုခဲ့တာပါ။

ဒါဆို ဆိုးလ္ရွားက ယူႏိုက္တက္တို႔ ႐ုန္းကန္ခဲ့ရတဲ့ ဘ႐ိုက္တန္နဲ႔ပြဲမွာ ဘာလို႔ သူ႔ကိုမိနစ္ ၉၀ အထိ အရန္ခုံမွာ ထိုင္ခိုင္းခဲ့တာလဲ?

ဆိုးလ္ရွားရဲ႕အသင္းဟာ ေလ့က်င့္ေရးကာလ တိုေတာင္းခဲ့တာေၾကာင့္ ထက္ျမက္မႈနဲ႔ ႀကံ့ခိုင္မႈ ကင္းမဲ့ေနခဲ့တာနဲ႔အတူ ရဲရင့္စြာ တိုက္စစ္ဆင္မႈေတြလည္း ရွိမေနခဲ့ဘူး။ ဆိုးလ္ရွားကေတာ့ ဗန္ဒီဘိခ္ မပါတဲ့ကိစၥကို ဆင္ေျခမေပးခဲ့ေပမယ့္ ဗန္ဒီဘိခ္ရဲ႕ အျမင္နဲ႔ ပါးနပ္တဲ့ လႈပ္ရွားမႈေတြနဲ႔သာဆိုရင္ ယူႏိုက္တက္ရဲ႕ တိုက္စစ္အတြက္ လိုအပ္တဲ့ ေထာက္ပံ့မႈေတြ ေပးႏိုင္ခဲ့မွာပါ။

ဒီရာသီ အစမွာတင္ ေပါလ္ေပါ့ဘာက ယူႏိုက္တက္ရဲ႕ ေႏွးေကြးေလးလံၿပီး ေပါ့ပ်က္တဲ့ ကစားပုံမွာ အဓိကက်တဲ့သူျဖစ္ခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ သူ႔ရဲ႕ ပထမဆုံးလိဂ္ ၂ ပြဲလုံးမွာ ေပါ့ဘာဟာ အသင္းေဖာ္ေတြထက္ ေဘာလုံးေပးပို႔မႈ ပိုမိုဆိုးဝါးခဲ့ပါတယ္၊။ ပဲေလ့စ္ကို ရႈံးခဲ့တဲ့ပြဲမွာ သူ႔ရဲ႕ ေပးႏႈန္းမွန္ကန္မႈက ၇၃.၅% သာရွိခဲ့ၿပီး ဘ႐ိုက္တန္နဲ႔ပြဲမွာဆိုရင္ ၆၇.၆% သာရွိခဲ့ကာ ေဘာလုံးဆုံးရႈံးမႈ ၁၅ ႀကိမ္နဲ႔ အဆိုးဝါးဆုံး ကစားသမားျဖစ္ခဲ့ပါတယ္။

ကြင္းလယ္နဲ႔ ခံစစ္ၾကား သူခ်န္ခဲ့တဲ့ ေနရာလြတ္ေတြကို ဘ႐ိုက္တန္က ေကာင္းေကာင္း အသုံးခ်ခဲ့တာေၾကာင့္ ေဘာလုံးလိုက္လုရင္လဲ သူခ်ည္း က်န္ေနခဲ့ကာ ျပစ္ဒဏ္ေဘာ ၄ ႀကိမ္ ေပးခဲ့ရၿပီး ယူႏိုက္တက္မွာသူသာ အမ်ားဆုံး ျဖစ္ခဲ့ပါေသးတယ္။ ကြင္းထဲမွာ ေလွ်ာက္ေျပးေနတဲ့ ေပါ့ဘာကို မိနစ္ ၆၀ မတိုင္ခင္ ဗန္ဒီဘိခ္နဲ႔ လူစားလဲတာက ပိုေကာင္းတဲ့ ေ႐ြးခ်ယ္မႈျဖစ္ခဲ့မွာပါ။

နယ္သာလန္သားက ျပင္သစ္သားထက္ ခံစစ္ပိုင္းမွာ ပိုေကာင္းသလားဆိုတာက အျငင္းပြားစရာျဖစ္မွာပါ။ ဒါေပမယ့္ ေသခ်ာတာကေတာ့ သူဟာ ကိုဗစ္ေၾကာင့္ တစ္လေက်ာ္ နားေနခဲ့ရတဲ့ ေပါ့ဘာထက္ပိုၿပီး သြက္သြက္လက္လက္ ရွိမွာပါ။

ကြင္းလယ္သုံးေယာက္လုံးက ေနရာတူေနတာနဲ႔အတူ ဗန္ဒီဘိခ္၊ ေပါ့ဘာနဲ႔ ဖာနန္ဒက္စ္တို႔ကို ဘယ္လို ပြဲထုတ္မလဲဆိုတာက ဆိုးလ္ရွားအတြက္ ေမးခြန္းထုတ္စရာ ျဖစ္ခဲ့ေပမယ့္ အခုအခ်ိန္မွာေတာ့ ေနာက္ပြဲေတြမွာ ယူႏိုက္တက္အတြက္ အေျပာင္းအလဲ လုပ္ဖို႔ လိုလာၿပီပဲ ျဖစ္ပါတယ္။